May i be free from mental suffering!!!

Sunday, August 7, 2011

ဦးနှောက်အားကောင်းမကောင်းစမ်ြး​ကည့်ရအောင်

ကျွန်တော်ဒီနည်းလေးကိုကြိုက်လို့
သူငယ်ချင်းများအတွက်တင်ပြလိုက်​ပါတယ်နော်။ အချိန်လေးပေးပြီး စမ်းကြည့်ရအောင်လား လေ့ကျင့်ပေးနေတာနော်။ မျက်စိလျင်မလျင်ပေါ့။


1- Find the C below.. အောက်က O တွေထဲမှာ C ကိုတွေ့အောင်ရှာကြည့်ပါ...
ကာဆာကိုအသုံးမပြုပါနဲ့....
Please do not use any cursor help.

OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOCOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
**
*2- If you already found the C, now find the 6 below.*
C ကိုရှာတွေ့တယ်ဆိုရင် နောက်တစ်ခု တက်မယ်.... 6 ကိုရှာကြည့်ပါဦး....

999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
699999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999

*3 - Now find the N below. It's a little more difficult.*
ဒါဆိုရင် N ကိုထပ်ရှာကြည့်ပါဦး..နည်းနည်းေ​တာ့ခက်လာပြီနော်...

MMMMMMMMMMMMMMMMMMMMMMMMMMMMNM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M

This is NOT a joke. If you were able to pass these 3 tests, you can cancel
your annual visit to your neurologist. Your brain is great and you're far
from having a close relationship with Alzheimer.
*Congratulations!*


ဟာသမဟုတ်ဘူးနော်...တကယ်လို့သင်ဟာစမ်းသပ်မှု၃ခုလုံးကိုအောင်မြင်ခဲ့တယ်ဆိုရင်
ဦးနှောက်နဲ့အာရုံကြောအထူးကုသမားတော်နဲ့ ပြစရာမလိုတော့ပါဘူး...သင်ဟာ ဦးနှောက်
ကောင်းမွန်တဲ့သူဖြစ်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်ဖို့လဲ အဝေးကြီးပါတဲ့....
 
 

Saturday, August 6, 2011

ဧရာဝတီကို ကာကွယ်ကြစို့


(၁) ကွယ်လွန်သွားသော မြစ်ကြီးများ

မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။


တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။


တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။


Friday, August 5, 2011

၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်


ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို မေလ၁၅ရက် က ကျင်းပပြီး ဒေါ်ရှု ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။

ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ရက် ၂၀၁၁ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ဒေါ်ရှုအား ဂုဏ်ပြုဆု နှင့်အတူ ငွေသား အမေရိကန်ဒေါ်လာ တစ်သောင်း ချီးမြှင့် ဂုဏ်ပြုမှာ ဖြစ်ပြီး ကျန် နောက်ဆုံး ဆန်ကာတင် အဆင့်ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမေရိကန်ဒေါ်လာ တထောင်စီ ချီးမြှင့် ဂုဏ်ပြုသွားမည် ဖြစ်သည်။ လာမည့် ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ကျင်းပမည် ဖြစ်ပါသည်။

မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
    ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
    ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
    တတိယ မဲအများဆုံး - ၁၅.၃၆ %
    စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
    ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -

    ၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏  ၄၁.၁၀ %
    ၂။ စင်ကာပူ - ၂၁.၈၆ %
    ၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
    ၄။ ဂျပန် - ၃.၁၆%
    ၅။ ၾသစေၾတးလ် - ၃.၀၈ %
    ၆။ မြန်မာနိုင်ငံ - ၁.၁၃ % 

   ( ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ )

ဗိုလ်ချုပ်အောင်ဆန်း



၁၉၁၅ ၊ ဖေဖော်ဝါရီ (၁၃) - ၁၉၄၇ ၊ ဇူလိုင် (၁၉)

အသက် ၃၂ နှစ်တွင် လုပ်ကြံခံခဲ့ရသည်


မွေးသက္ကရာဇ် ၁၉၁၅-ခုနှစ်၊ဖေဖော်ဝါရီ(၁၃)ရက်

မိဘများ ဦးဖာ + ဒေါ်စု

ငယ်အမည် ထိန်လင်း

မွေးဖွားရာဒေသ - နတ်မောက်မြို့၊ မကွေးတိုင်း

ကွယ်လွန်ရာဒေသ - ဝန်ကြီးများရုံး၊ ရန်ကုန်၊ ရန်ကုန်တိုင်း

ရာထူးအလုပ်အကိုင် - ဗိုလ်ချုပ်


လူသိများခြင်းမှာ မြန်မာပြည် ဗြိတိသျှ အုပ်ချုပ်မှု လက်အောက် နှင့် ဂျပန်များ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သော အာဇာနည် တစ်ယောက်ဖြစ်သည်။

ကိုးကွယ်သည့် ဘာသာ - ဗုဒ္ဓဘာသာ

တည်ထောင်ခဲ့သည့် အဖွဲ့အစည်း - ဗမာ့လွတ်လပ်ရေးတပ်မတော်၊

ဗမာ့ကာကွယ်ရေး တပ်မတော်

ဖ.ဆ.ပ.လ

တိုက်ခိုက်ခဲ့သည့် စစ်ပွဲများ အဖွဲ့အစည်း - ဒုတိယကမ္ဘာစစ်၊ မြန်မာပြည်လွတ်မြောက်ရေး

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇-ခုနှစ် ဇူလိုင်‌ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

 အမည်

ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် ဇယားဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။

ဗိုလ်ချုပ်၏ မွေးချင်းများမှာ-

မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊

မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊

မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊

Tuesday, August 2, 2011

ဗိုလ်ချုပ်ပြောတဲ့ ဆိတ်လစေ့

(၂၂.၂.၁၉၄၇ရက်နေ့ထုတ်ဖ.ဆ.ပ.လသတင်းစဉ်အတွဲ(၁)၊အမှတ်(၁၂)မှရာကျော် ရေးသားသော ဆိတ်လစေ့ဋီကာနှင့် ဗိုလ်ချုပ်၏အာဘော်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်းသာဖြစ်ပါသည်။)

"ဆိတ်လစေ့သဘော"
ကျွန်တော်ငယ်ငယ်က လူတစ်ယောက်ကိုတွေ့ဖူးပါသည်။ ထိုလူကိုအရပ်က ဆိတ်လစေ့(ဆိတ်ဂွေး)ဟု 
ပြောင်လှောင်ခေါ်ဝေါ်ကြပါသည်။ ထိုလူ၏ကိုယ်အမူအရာ၊နှုတ်အမူအရာ၊ နုလုံးသားအမူအရာတို့ကို သေ ချာစွာ လေ့လာသောအခါ ဤသို့တွေ့ရပါသည်။

ထိုလူသည် သူ့အကျိုးစီးပွားအတွက် အရပ်ထဲရှိ  သြဇာတိက္ကမရှိသူတစ်ဦးထံသွား၍ လက်အုပ်ချီခြင်း ၊ ချီး မွမ်းထောပနာခြင်းတို့ကို ပြုပါသည်။ ထိုအခါ ထိုသူ့ထံမှ သူ စားရသောက်ရရှိပါသည်။ ထိုလူသည် မကြာမီ အတွင်းပင် သြဇာလက်လွတ်ဖြစ်၍ ထိုလူနှင့်ဆန့်ကျင်ဖက်ဖြစ်သူ လူသစ်တစ်ဦး သြဇာတိက္ကမနှင့်ပြည့်စုံ လာလေသည်။

ဆိတ်လစေ့လည်း လူသစ်ထံသွား၍ အထက်ပါအတိုင်းပြုပါသည်။ ထိုအခါ စားရ၊သောက်ရရှိပြန်ပါသည်။ တစ်ဖန်မကြာမီအတွင်းပင် ပထမလူသည် သြဇာတိက္ကမပြန်ရလာ၍ ဒုတိယလူမှာသြဇာတိက္ကမ လက် လွတ်ဖြစ်ပြန်ပါသည်။ ဆိတ်လစေ့လည်း ပထမလူဆီသွားပြန်၍ ဒုတိယလူကို ပုတ်ခတ်ပြောဆိုကာ စားပြန် ပါသည်။

တစ်ဖန်ဒုတိယလူသည် သြဇာတိက္ကမရလာပြန်၍ ပထမလူသည်သြဇာတိက္ကမလက်လွတ်ပြန်ပါသည်။ ဆိတ်လစေ့လည်း ဒုတိယလူထံသွား၍ ပထမလူကိုပုတ်ခတ်ပြောဆိုကာ စားပြန်ပါသည်။ ဆိတ်လစေ့ အခေါ်ခံရသူသည် ဤနည်းနှင်နှင် ဟိုကပ်၊သည်ကပ်ပြုကာ စားလေ့သောက်လေ့ရှိပါသည်။ ဆိတ်လစေ့ ဟူသော မြန်မာတို့ဝေါဟာရ၏အနက်ကို ဆိတ်လစေ့အခေါ်ခံရသူ အထက်ပါလူ၏အမူအရာတို့နှင့်ဟပ်၍ ဆင်ခြင်ကြည့်ပါက ဤလိုတွေ့နိုင်ပါသည်။

ထိုလူမျိုးသည် သာရာစား၊ သာပေါင်းညာစား ၊မြေနိမ့်ရာလှံစိုက်တတ်သူဟုဆိုရပါမည်။ ထိုလူသည် သူ့အကျိုး သက်သက်ကိုသာကြည့်သူဖြစ်ပါသည်။ အများ၏အကျိုးကို ကြည့်သူမဟုတ်ပါ။ ထိုသူသည်အစား အစာမြင်    သာလမ်းကိုသာ လိုက်သူဖြစ်ပါသည်။ ထိုလူမှာ ကိုယ့်ဖို့ကိုယ်သာကြည့်သော ညာဉ်ရှိပါသည်။ ထိုလူသည် သတ္တိနည်းသောသူဖြစ်ပါသည်။

"ဗိုလ်ချုပ်၏အာဘော်"

ဗိုလ်ချုပ်အောင်ဆန်းသည် အချို့အချို့သောသတင်းစာတို့ကို ဆိတ်လစေ့သတင်းစာဟု သမုတ်လိုက်သည် မှာ ယခုဖော်ပြခဲ့သောလူ၏အမူအရာနှင့်တူသောကြောင့် သမုတ်လိုက်သည်ဟု ကျွန်တော်ယူဆပါသည်။ ဗိုလ်ချုပ်သည် အဖြူသမားသက်သက်ကိုလည်း အပြစ်မပြောလိုပါ။ အမဲသမားသက်သက်ကိုလည်း အပြစ် မပြောလိုပါ။ အဖြူဝါဒသမားရှိလျှင် အမဲဝါဒသမားရှိမြဲဟူသော ဓမ္မတာကို ဗိုလ်ချုပ်နားလည်လက်ခံ သည်ဟု ယူဆပါသည်။

ဗိုလ်ချုပ်သည် အဖြူဝါဒသမားသက်သက်ကို ရိုသေသလောက် အမဲဝါဒသမားသက်သက်ကိုလည်း ရိုသေ တတ်သူဟုလည်း ယူဆမိပါသည်။ အဖြူယောင်ယောင်၊အမဲယောင်ယောင်၊တောင်လိုလို၊မြောက်လိုလိုလုပ်၍ ကိုယ့်အကျိုးခံစားမှုကိုရှေ့ရှုရှာကြံနေသူကိုသာ၎င်း၊ အခုစာကလေးကြော်၊ အခုထမင်းကြော်လုပ်တတ်သူကို ၄င်း၊ ဗိုလ်ချုပ်က ဆိတ်လစေ့ဟုသမုတ်လိုက်ခြင်းဖြစ်ဟန်တူပါသည်။

ဟိုပါတီဘက်သားလိုလို၊ ဒီပါတီဘက်သားလိုလုပ်၍ သာရာဘက်နှင့်ပေါင်းပြီး စားသောက်ဟင်းမျိုလိုသူမျိုး ကိုသာ ဗိုလ်ချုပ်ကဆိတ်လစေ့ ဟု သမုတ်လိုက်ခြင်းလည်းဖြစ်ဟန်တူပါသည်။

"ဆိတ်လစေ့တစ်မျိုးစီ"

မောင်သုမန၏ ဆိတ်လစေ့မျိုးသည် အထက်ပါဆိတ်လစေ့မျိုးနှင့်လားလားမျှ မတူပါ။ မောင်သုမန၏ ဆိတ် လစေ့မှာ တကယ့်ဆိတ်လစေ့၊ အအောင့်အနာခံကာ ပုတ်ခတ်ပေးတတ်သော ဆိတ်လစေ့၊ မဂိုတန်းက ဆိတ်လစေ့သာဖြစ်ပါသည် ။မောင်သုမန၏ဆိတ်လစေ့ဋီကာမှာ ဟဒယရွှင်ပြုံးဖွယ်ဖြစ်ပါ၏။ ရွှင်ပြုံးကြပါ။ ရွှင်ပြုံးအောင် ရေးတတ်သူကိုလည်း ချီးမွှမ်းထိုက်ပါသည်။

မောင်သုမနမှာ စာရေးကောင်းသူတစ်ယောက်ဖြစ်လေသည်။ သို့ရာတွင် စာရေးကောင်းတိုင်းလည်း အကြောင်းဟုတ်ချင်မှ ဟုတ်လေသည်။ ကျွန်တော်အဘို့ကား ရွှင်ပြုံးရပါ၏။ ကျွန်တော်လည်း ပုထုဇဉ်ဖြစ် သဖြင့် ရွှင်ပြုံးစရာရှိလျှင် မရွှင်ပြုံးပဲမနေနိုင်ပါ။

သို့ရာတွင် ရွှင်ပြုံးရုံမျှနှင့်မကြေနပ်နိုင်ပဲ အကြောင်းဟုတ်သည်၊မဟုတ်သည်ကို စဉ်းစားဆင်ခြင်လေ့ရှိသဖြင့် ဗိုလ်ချုပ်သမုတ်လိုက်သောစကားသည် နိုင်ငံ၏အကျိုးထက် မိမိ၏အကျိုးစီးပွားတိုးတက်မှုကို ပို၍ကြည့်သော ၊ အချို့အချို့သောသတင်းစာတို့ကို၎င်း၊ အဖြူကိုလက်ကမ်း၍ အမဲကိုလှမ်းနေသော အချို့အချို့သော သတင်းစာတို့ကို၎င်း ထိုက်တန်လှပေသည်ဟု ယူဆပါကြောင်း......။        ။