စင်္ကာပူနိုင်ငံမှာ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲကို (၂၀.၁၂.၂၀၀၉)နေ့မှာNo.1, NTUC Center, Marina Boulevard ၌ ကျင်းပပြီးစီးခဲ့ပါတယ်။ စာပေဝါသနာရှင်တွေအတွက်ကတော့ လက်မလွှတ်နိုင်တဲ့ ပွဲ တစ်ပွဲပါပဲ။ ပြန်တွေးကြည့်တော့ စာပေဟောပြောပွဲတွေ နားမထောင်ရတာ ဆယ့်ငါးနှစ်ကျော်ကြာသွားပါပြီ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ အင်းစိန်ရပ်ကွက်အတော်များများမှာ ဒီဇင်ဘာ၊ဇန်နဝါရီလတွေဆိုရင် စာပေ ဟောပြောပွဲတွေ ခြိမ့်ခြမ့်သဲ၊သူ့ထက်ငါကျင်းပခဲ့ကြတာပေါ့။ အေးချမ်းလှတဲ့ဆောင်းညတွေမှာ စာပေဟောပြော ပွဲသွားနားထောင်ရတာ ဘယ်လိုအရသာရှိမှန်း မသိဘူး။
ကိုယ့်ဒေသမို့ ပိုပြောတာတော့ မဟုတ်ပါဘူး။ အင်းစိန်မြို့ဟာ အနုပညာရပ်ဝန်းတစ်ခုပါ။ စာပေ၊ဂီတ အနုပညာရှင်တော်တော်များများ ထွက်ပါတယ်။ ဆရာမောင်ထင်၊ ဆရာသော်တာဆွေ၊ ဆရာတင်မိုး၊ ဆရာမောင်လင်းယုန်(ရှမ်းပြည်)၊ ဆရာ မောင်ခိုင်မာ၊ ဆရာငြိမ်းကျော်၊ စောဘွဲ့မှူး၊ စောခူဆဲ၊ ဗဒင်၊ ထွန်းထွန်း ...........အများကြီးပါပဲ။ ဒါ...ကျွန်တော် လက်တန်းရေးချသွားတာပါ။ အများကြီးကို ကျန်ပါသေးတယ်။ မယုံရင် နီးစပ်ရာ အစအစတွေ(အင်းစိန်အုပ်စု)ကို မေးကြည့်ကြပါ။
စင်္ကာပူနိုင်ငံ၊ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲကို ဆရာချစ်ဦးညို၊ ဆရာနေဝင်းမြင့်(ဆရာလည်း အရင် တုန်းက နှစ်အတော်များများ အင်းစိန်မှာနေသွားဖူးပါတယ်။)၊ ဆရာမဂျူး တို့ လာရောက်ဟောပြော သွားပါ တယ်။ စာပေဟောပြောပွဲတွေ နားမထောင်ရတာ ကြာလို့ထင်ပါရဲ့။ ခန်းမတစ်ခုလုံးအပြည့်ပါပဲ။ အသက် နှစ်ဆယ်ကျော် လူငယ်အတော်များများ လာနားထောင်ကြတာကို တွေ့ရပါတယ်။

ဆရာနေဝင်းမြင့်က တစ်ခါသုံး လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ ဦးနှောက်တံခါးကိုသာ ဖွင့်မထားကြပဲ နှလုံးသားတံခါးကိုလည်း ဖွင့်ထားကြဖို့ ဟောပြောသွားပြီး..........
ဆရာမဂျူးက စာရေးဆရာတစ်ယောက်၏မှတ်စုများခေါင်းစဉ်ဖြင့် စာရေးသားပြုစုဖို့ တွန်းအားပေးလာပုံကို ငယ်ဘဝမှစ၍ ယနေ့အချိန်အထိ စာမျက်နှာငါးခုခွဲပြီး ဟောပြောကာ............

ဆရာချစ်ဦးညိုကတော့ ရသစာပေဖန်တီးမှုနှင့် ရသစာပေခံစားမှု ခေါင်းစဉ်အောက်မှာ သီချင်းလေးတညည်း ညည်းနဲ့ ရသမြောက်စွာ ဟောပြောသွားပါတယ်။
ကိုယ့်ဒေသမို့ ပိုပြောတာတော့ မဟုတ်ပါဘူး။ အင်းစိန်မြို့ဟာ အနုပညာရပ်ဝန်းတစ်ခုပါ။ စာပေ၊ဂီတ အနုပညာရှင်တော်တော်များများ ထွက်ပါတယ်။ ဆရာမောင်ထင်၊ ဆရာသော်တာဆွေ၊ ဆရာတင်မိုး၊ ဆရာမောင်လင်းယုန်(ရှမ်းပြည်)၊ ဆရာ မောင်ခိုင်မာ၊ ဆရာငြိမ်းကျော်၊ စောဘွဲ့မှူး၊ စောခူဆဲ၊ ဗဒင်၊ ထွန်းထွန်း ...........အများကြီးပါပဲ။ ဒါ...ကျွန်တော် လက်တန်းရေးချသွားတာပါ။ အများကြီးကို ကျန်ပါသေးတယ်။ မယုံရင် နီးစပ်ရာ အစအစတွေ(အင်းစိန်အုပ်စု)ကို မေးကြည့်ကြပါ။
စင်္ကာပူနိုင်ငံ၊ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲကို ဆရာချစ်ဦးညို၊ ဆရာနေဝင်းမြင့်(ဆရာလည်း အရင် တုန်းက နှစ်အတော်များများ အင်းစိန်မှာနေသွားဖူးပါတယ်။)၊ ဆရာမဂျူး တို့ လာရောက်ဟောပြော သွားပါ တယ်။ စာပေဟောပြောပွဲတွေ နားမထောင်ရတာ ကြာလို့ထင်ပါရဲ့။ ခန်းမတစ်ခုလုံးအပြည့်ပါပဲ။ အသက် နှစ်ဆယ်ကျော် လူငယ်အတော်များများ လာနားထောင်ကြတာကို တွေ့ရပါတယ်။
ဆရာချစ်ဦးညိုကတော့ ရသစာပေဖန်တီးမှုနှင့် ရသစာပေခံစားမှု ခေါင်းစဉ်အောက်မှာ သီချင်းလေးတညည်း ညည်းနဲ့ ရသမြောက်စွာ ဟောပြောသွားပါတယ်။
No comments:
Post a Comment