May i be free from mental suffering!!!

Thursday, September 30, 2010

DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ


ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။

DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

dvb_bu“ဗမာပြည်ထဲမှာ အရိုက်နှက်ခံ၊ ထောင်ကျခံပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အန္တရာယ်ကြားထဲက သတင်းပို့နေတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြု ခံရတာပါ။ ဆု ရတာ၊ မရတာက တပိုင်းပါ။ ဒါပေမယ့် အခုလိုမျိုး အသိအမှတ်ပြု ခံရတယ်ဆိုတော့ ဝမ်းလည်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။

နိုဗဲလ်ဆုအတွက် နောက်ထပ် အမည်စာရင်းတင်သွင်းခံရသော အဖွဲ့အစည်း တခုဖြစ်သည့် Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဟာ့ပ်ဗီကင်က DVB သတင်းဌာနသည် သတင်းလွတ်လပ်ခွင့်မရှိသော မြန်မာနိုင်ငံမှ သတင်းများကို လွတ်လပ်စွာ ထုတ်လွှင့်ပေးနေသည့် သတင်းဌာနတခု ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

Tuesday, September 28, 2010

မေရှင့်သီချင်းများ(VCD)

ပျို့မှာတမ်း ( ဆို...မေရှင် )




မယ်ခုမျှော် (ဆို...မေရှင် )