May i be free from mental suffering!!!
Showing posts with label မြန်မာပြည်မှ အာဇာနည်များ. Show all posts
Showing posts with label မြန်မာပြည်မှ အာဇာနည်များ. Show all posts

Friday, August 5, 2011

ဗိုလ်ချုပ်အောင်ဆန်း



၁၉၁၅ ၊ ဖေဖော်ဝါရီ (၁၃) - ၁၉၄၇ ၊ ဇူလိုင် (၁၉)

အသက် ၃၂ နှစ်တွင် လုပ်ကြံခံခဲ့ရသည်


မွေးသက္ကရာဇ် ၁၉၁၅-ခုနှစ်၊ဖေဖော်ဝါရီ(၁၃)ရက်

မိဘများ ဦးဖာ + ဒေါ်စု

ငယ်အမည် ထိန်လင်း

မွေးဖွားရာဒေသ - နတ်မောက်မြို့၊ မကွေးတိုင်း

ကွယ်လွန်ရာဒေသ - ဝန်ကြီးများရုံး၊ ရန်ကုန်၊ ရန်ကုန်တိုင်း

ရာထူးအလုပ်အကိုင် - ဗိုလ်ချုပ်


လူသိများခြင်းမှာ မြန်မာပြည် ဗြိတိသျှ အုပ်ချုပ်မှု လက်အောက် နှင့် ဂျပန်များ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သော အာဇာနည် တစ်ယောက်ဖြစ်သည်။

ကိုးကွယ်သည့် ဘာသာ - ဗုဒ္ဓဘာသာ

တည်ထောင်ခဲ့သည့် အဖွဲ့အစည်း - ဗမာ့လွတ်လပ်ရေးတပ်မတော်၊

ဗမာ့ကာကွယ်ရေး တပ်မတော်

ဖ.ဆ.ပ.လ

တိုက်ခိုက်ခဲ့သည့် စစ်ပွဲများ အဖွဲ့အစည်း - ဒုတိယကမ္ဘာစစ်၊ မြန်မာပြည်လွတ်မြောက်ရေး

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇-ခုနှစ် ဇူလိုင်‌ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

 အမည်

ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် ဇယားဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။

ဗိုလ်ချုပ်၏ မွေးချင်းများမှာ-

မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊

မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊

မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊