May i be free from mental suffering!!!
Showing posts with label သောင်းပြောင်းထွေလာ. Show all posts
Showing posts with label သောင်းပြောင်းထွေလာ. Show all posts

Sunday, August 7, 2011

ဦးနှောက်အားကောင်းမကောင်းစမ်ြး​ကည့်ရအောင်

ကျွန်တော်ဒီနည်းလေးကိုကြိုက်လို့
သူငယ်ချင်းများအတွက်တင်ပြလိုက်​ပါတယ်နော်။ အချိန်လေးပေးပြီး စမ်းကြည့်ရအောင်လား လေ့ကျင့်ပေးနေတာနော်။ မျက်စိလျင်မလျင်ပေါ့။


1- Find the C below.. အောက်က O တွေထဲမှာ C ကိုတွေ့အောင်ရှာကြည့်ပါ...
ကာဆာကိုအသုံးမပြုပါနဲ့....
Please do not use any cursor help.

OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOCOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
**
*2- If you already found the C, now find the 6 below.*
C ကိုရှာတွေ့တယ်ဆိုရင် နောက်တစ်ခု တက်မယ်.... 6 ကိုရှာကြည့်ပါဦး....

999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
699999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999

*3 - Now find the N below. It's a little more difficult.*
ဒါဆိုရင် N ကိုထပ်ရှာကြည့်ပါဦး..နည်းနည်းေ​တာ့ခက်လာပြီနော်...

MMMMMMMMMMMMMMMMMMMMMMMMMMMMNM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M

This is NOT a joke. If you were able to pass these 3 tests, you can cancel
your annual visit to your neurologist. Your brain is great and you're far
from having a close relationship with Alzheimer.
*Congratulations!*


ဟာသမဟုတ်ဘူးနော်...တကယ်လို့သင်ဟာစမ်းသပ်မှု၃ခုလုံးကိုအောင်မြင်ခဲ့တယ်ဆိုရင်
ဦးနှောက်နဲ့အာရုံကြောအထူးကုသမားတော်နဲ့ ပြစရာမလိုတော့ပါဘူး...သင်ဟာ ဦးနှောက်
ကောင်းမွန်တဲ့သူဖြစ်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်ဖို့လဲ အဝေးကြီးပါတဲ့....
 
 

Friday, December 24, 2010

မြင်ချင်စမ်းပါဘိတော့တယ်.......

 
ညနေဆည်းဆာအချိန်၊ သုဝဏ္ဏဘောလုံးကွင်းတွင် လူတွေက ပျားပန်းခပ်တမျှ အလွန်ပင်ရှုပ်ထွေးနေသည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ အရွယ်အလတ်၊ အတန်းအစားမရွေး သုဝဏ္ဏကွင်းရှေ့တွင် စုရုံးသွားလာ နေကြသည်။ အရောင်အသွေးတွေက စုံလင်စွာနဲ့ အမွှေးနံ့သာများက တစ်ကွင်းလုံး ဖုံးလွှမ်းထားသည်။ ဆောင်းတွင်းညနေခင်းမို့ လေနုအေးလေးတွေ တိုက်ခတ်လာ သည့်တိုင် အောင် ထီမထင်ဘဲ ဟိုနေရာ၊ ဒီနေရာ ရပ်တန့်စောင့်စားနေကြသူများ၊ ကွင်းအတွင်း ဝင်ရောက်နေကြသူများကား များပြားလှ၏။ တချို့သူများ၏ မျက်နှာမှာမူ ချွေးသီးလေးများကိုပင် တွေ့နေရသည်။

မကြာမီမှာပင် ရောင်စုံမီးများ လင်းလက်လာသည်။ VIP များသာဟုရေးထားသောနေရာတွင် ကားတစ်စီး ဝင်ရောက်လာတိုင်း “ ဟေး....လာပြီ၊လာပြီ ” ဆိုသောအသံတွေ ထွက်ထွက်လာသည်။ အပြင်ဖက်တွင် 
“စောင့်နေတာကြာလှပြီ”“ကြာလိုက်တာကွာ...မလာသေးဘူး”“ဝင်နှင့်ကြရင်ကောင်းမယ်”ဆိုသောအသံ များ နည်းလာသည်နှင့်အမျှ ကွင်းအတွင်းတွင်မှာမူ လူပင်လယ်ကြီးအလား ထင်ရပါသည်။ ထူးခြားသည်မှာ လူတွေအားလုံးပင် အပြုံးများ ကိုယ်စီဆင်မြန်းထားကြပြီး မျှော်လင့်တကြီး စောင့်စားနေကြ သည်။

အဘယ့်ကြောင့်မူ ယနေ့ညတွင် သုဝဏ္ဏဘောလုံးကွင်း၌ ဂီတပဒေသာပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်သော ကြောင့်ပင်တည်း။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၂၅)နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခြင်း ဖြစ် သည်။ ယနေ့ အသက်(၂၅)နှစ်ဝန်းကျင်ရှိသောသူများမှာ ကြုံဖူးကြမည်ဟု မထင်မိပင်။ ယခင်ကဆိုလျှင် တီးဝိုင်းတစ်ဝိုင်းတွင် အဆိုတော်ကြီး၊ငယ်ပေါင်းမြောက်မြားစွာ ည(၉)နာရီလောက်မှစတင်သီဆိုကာ မနက် (၅)နာရီလောက်မှပင်ပြီး၏။ ယခုကဲ့သို့ သူ့ဝိုင်း၊ငါ့ဝိုင်း မခွဲခြား။ သီဆိုရန်လာခေါ်လျှင် ဝင်ဆိုပေးသည့်အတွက် ကြည့်ရသောသူမှာ တန်ပါသည်။ လက်မှတ်ခမှာလည်း အစိတ်၊ သုံးဆယ်မျှသာ ပေးရသည်။ သို့သော် သူခေတ်နှင့်သူတော့ တန်ဖိုးရှိသည်။ လက်မှတ်တစ်စောင်ဝယ်နိုင်လျှင် အဆိုတော်အများကြီးကို မိုးလင်း ပေါက်ကြည့်နိုင်၊ နားဆင်နိုင်သည်။

Tuesday, April 20, 2010

နှစ်သစ်ကူးမှာ.....

ကျွန်တော်တို့ရဲ့ နှစ်သစ်ကူးပွဲတော်အတွင်းမှာ ကြားရတဲ့သတင်းတွေက သိပ်မကောင်းပါဘူး။ မြန်မာပြည် မှာ  သင်္ကြန်အတွင်း ဗုံးတွေပေါက်ကွဲလို့ ( ရန်ကုန်နဲ့မြစ်ဆုံ )  အပြစ်မဲ့တဲ့ပြည်သူတွေ ဒါဏ်ရာရ၊ သေကြေ ပျက်ဆီးကြတာ အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ ဘယ်သူတွေကပဲလုပ်လုပ် ပြင်းထန်စွာရှုတ်ချပါတယ်။ လူစိတ်မရှိတဲ့သူတွေပဲ။ 

သင်္ကြန်တွင်းမှာ လူတွေအတော်များများ ရေပက်ကစားကြ၊ ရေပက်ခံထွက်ကြတာဆိုတော့ အပြင်မှာ ရောက်နေကြတဲ့သူတွေအားလုံးက ရွာကမိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်းတွေအတွက် စိုးရိမ်ပူပင် နေကြပါတယ်။ အားလုံးအလုပ်ရှုပ်ကုန်ကြတာပေါ့။ ဖုန်းတွေ တဂွမ်ဂွမ်နဲ့ ဆက်ကြရတာပေါ့။

 ဒီနှစ်ဆန်းအတွင်းမှာပဲ ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက် အလုပ်ပြုတ်သွားခဲ့ပြန်ပါတယ်။ သူကတော့ ဒီလိုအတွေ့အကြုံမျိုးကြုံရတာ ဒါနဲ့ပါဆို (၃)ကြိမ်ရှိသွားပါပြီ။ အားပေးစကားပြောရုံကလွဲပြီး ကျွန်တော်လဲ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ တခြားသူငယ်ချင်းတစ်ယောက်ကတော့ Stress တွေများပြီး အလုပ်ကထွက်တော့ မယ်လို့ ပြောနေလေရဲ့။

Saturday, February 13, 2010

“အိုကေ”သွားတဲ့ ကိုလေပြေ

အခုတလော အလုပ်တွေရှုပ်နေတာနဲ့ Blog ဖက်ကို ခြေဦးမလှည့်နိုင်ခဲ့တာ ကြာပါပြီ။ ညဆိုရင် (၁၀)နာရီ လောက်မှ အိမ်ပြန်ရောက်တယ်။ အချို့ညတွေဆိုရင် (၁၂)နာရီထိုးမှ ပြန်ရောက်ဖြစ်ပါတယ်။ ပင်ပန်းလွန်းတာ နဲ့ ပြန်ရောက်ရောက်ခြင်း တန်းအိပ်ဖြစ်တယ်။ မနက်မိုးလင်းရင် အလုပ်လုပ်၊ ညဖက်ပြန်ရောက်တာနဲ့ တန်းပြီးအိပ်၊ ဒီလိုနဲ့ပဲ တရုတ်နှစ်ကူးကို ကျော်ဖြတ်ခဲ့ရပါတယ်။ Sunday တွေလဲ မနားရပါဘူး။ ကျွန်တော့်အလုပ်ရဲ့ အခြေအနေကိုက တရုတ်နှစ်ကူးဆိုရင် အရမ်းအလုပ်များပါတယ်။ သာမန်အချိန်တွေက တော့ ပုံမှန်အတိုင်းပါပဲ။ မနက်(၉)နာရီကနေ ညနေ(၆)နာရီအထိပေါ့။

Tuesday, February 2, 2010

ရွာလည်နေတဲ့ လေပြေသွေး


ရွာလည်နေတယ်ဆိုလို့ လျှောက်လည်နေတယ်မထင်ပါနဲ့။ နေ့ခင်းဖက်အလုပ်တွေ ရှုပ်နေသလို ညဖက် ကြတော့လည်း Blog နဲ့ ဦးနှောက်စားနေရလို့ ပြောတာပါ။ ကိုယ့်ဘလောဂ့်လေးကို ရွာကအမျိုးတွေကို ဖတ်စေချင်လို့ Blogspot ကနေ အလကားရတယ်လို့ပြောကြတဲ့ co.cc ကိုပြောင်းလိုက်ကာမှ နောက်ထပ် ဒုက္ခတစ်ခု ထပ်တိုးလာပါတယ်။ ပထမတစ်ခု Read more... ကတော့ Ok သွားပါတယ်။ အခု co.cc ပြောင်းလိုက်တော့ ရွာကတော့ နှစ်ရက်လောက် ဝင်ဖတ်လို့ရသွား ပါရဲ့။ ဒါပေမဲ့ စာတွေပဲ ဖတ်လို့ရတယ်။ ဓါတ်ပုံတွေ ကြည့်လို့ မရပြန်ဘူး။ 

အခုဆို “စ”လုံးက သူငယ်ချင်းတွေလဲ ဝင်လို့မရတော့ဘူး။ ကိုယ်ကိုယ်တိုင်လည်း ဝင်လို့မရတော့ဘူး။ ခဏပဲ တက်လာပြီး ပြန်ပျောက်သွားပါတယ်။ Powered by co.cc လို့ပဲ ပေါ်နေတယ်။

Monday, November 9, 2009

Modern Toilet Restaurant

ထိုင်ဝမ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုပါ။ ဆိုင်အမည်က " ModernToilet " လို့ ကြံကြံဖန်ဖန်ပေးထားသလို ဆိုင်ကိုလဲ ဆိုင်အမည်နဲ့ လိုက်လျောညီထွေမှုရှိအောင် အိမ်သာသုံးပစ္စည်းတွေသုံးပြီး တန်ဆာဆင်ထားပါတယ်။ လူအယောက်(၁၀၀)ထိုင်လို့ရတဲ့ အိမ်သာအိုးတွေကို ထိုင်ခုံတွေအဖြစ်ပြောင်းလဲထားပြီး သက်တောင့်သက်သာ ထိုင်စားနိုင်အောင် ပြုလုပ်ထားပါတယ်။ စားသုံးသူတွေ မှာယူစားသောက်ကြမဲ့ အစားအသောက်တွေကိုလည်း ပိုပြီး စားချင်လာအောင် အိမ်သာခွက်အငယ်စားလေးတွေ၊ ရှုရှုးပေါက်တဲ့ခွက် အငယ်စားလေးတွေနဲ့ ထည့်ပေး ထားပါတယ်။

ဆိုင်ကို ဒီလိုပြင်ထားတယ်.....



အစားအသောက်တွေကိုလည်း ဒီလိုခွက်ကလေးတွေနဲ့သုံးထားပြီး.....




ဒီလို...ဒီလို လာရောက် အာပေးကြပါတယ်။






စားကြမယ်ဟေ့...ကောင်းကောင်း။






စားသုံးသူတွေကို အထူးဝန်ဆောင်မှုပေးတဲ့အနေနဲ့ အိုက်စ်ခရင်ကိုတောင် ဒီလိုပုံစံမျိုး ပြုလုပ်ပေးထားပြီး အိမ်သာခွက်ကလေးတွေနဲ့ပဲ ထည့်ထားပေးပါတယ်။ (ဟီ..ဟိ ကြည့်ရင်းနဲ့စားချင်လာပြီ။)







ကဲ....ကျွန်တော့်မိတ်ဆွေများ..ထိုင်ဝမ်ကို အလည်တစ်ခေါက်ရောက်ခဲ့ရင် အဲဒီ့ဆိုင်လေးမှာ သွားရောက် အားပေး စားသောက်နိုင်ပါတယ်။ ဆိုင်ကြော်ငြာတာ မဟုတ်ပါခင်ဗျား။



Friday, October 16, 2009

တစ်နာရီကို ငွေနှစ်ထောင်


အဖေလုပ်သူဟာ အလုပ်ကနေ အိမ်ပြန်လာပြီဆို အမြဲ နောက်ကျပြီး၊ပင်ပန်းနွမ်းချိနေတော့ သားတစ် ယောက်ရဲ့တည်ရှိမှုကိုတောင် ဂရုမစိုက်နိုင်အားတော့ဘူး။ တစ်နေ့ သူ့ရဲ့ ငါးနှစ်အရွယ်ရှိတဲ့ သူ့ရဲ့သားက ဧည့်ခန်းမှာ ထိုင်ပြီး အဖေကိုတွေ့ဖို့ စောင့်နေလေရဲ့။ သူ့အဖေကိုမြင်တယ်ဆိုရင်ပဲ.......

သား ။ ။ ဖေဖေ၊ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။

ဖေ ။ ။ ပြောပါသားရယ်၊ မေးလို့ရတာပေါ့။

သား ။ ။ ဖေဖေ အခုလို အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်။

ဖေ ။ ။ ကလေးက ကလေးနေရာ မနေဘူး။ ဒါ မင်းနဲ့ဘာဆိုင်လို့လဲ။ ဘာလို့ဒီမေးခွန်းမေးရတာလဲ။ စိတ်တိုတိုနဲ့ပဲ ဆူငေါက်လိုက်တယ်။

သား ။ ။ သား သိချင်လို့ပါ။ ပြောပြပါနော် ဖေဖေ။ တစ်နာရီ ဘယ်လောက်ရလဲ။

ဖေ ။ ။ အလုပ်က ပင်ပန်းရတဲ့အထဲကွာ။ မင်း သိချင်သပါ့ဆို ပြောပြမယ်။ တစ်နာရီနှစ်ထောင်ရတယ်။

"အိုး" လို့ နှုတ်ကရေရွတ်လိုက်ပြီး ကလေးခမျာ ခေါင်းလေး ငိုက်စိုက်ကျသွားတယ်။ ခဏကြာတော့ ခေါင်းလေး မော့လာပြီး သူ့အဖေကို"သားကို ပိုက်ဆံ တစ်ထောင်လောက် ချေးပါလား"အဖေလုပ်သူက မျက်နှာ ထားတင်းသွားပြီး "ဒီ ပိုက်ဆံတစ်ထောင် ချေးပြီး ဘာမဟုတ်တဲ့ အရုပ်တွေ လျှောက်ဝယ်မလို့ မလား။ သွား... မင်းအိပ်ခန်းကို အခုသွား။ အိပ်တော့။ မင်း ဘာလို့ အဲလောက် အတ္တဆန်ရသလဲ ဆိုတာသေချာပြန် စဉ်းစား စမ်း။ ငါ့မှာ တစ်နေ့တစ်နေ့ ဒီလို ကလေးကလား အပြုအမူတွေ အတွက် အလုပ် လုပ်နေရသလိုပဲ။" ကလေး ခမျာ ဘာမှ ပြန်မပြောတော့ဘဲ တိတ်တိတ်ကလေး အခန်း ပြန်သွားတော့တယ်။

အဖေလုပ်သူက ထိုင်ခုံမှာ ထိုင်ပြီးတွေးလေ ဒေါသထွက်လေ ဖြစ်နေတော့တယ်။ပိုက်ဆံလေးချေးဖို့ ကိစ္စများ ငါ့ကို ကြီးကြီးကျယ်ကျယ် ဘယ်လောက်ရသလဲလေးဘာလေးနဲ့။ မေးရက်လိုက်တာ လို့ တွေးနေမိတယ်။ တစ်နာရီလောက်ကြာတော့အဖေဖြစ်တဲ့ သူကတည်ငြိမ်စ ပြုလာပြီး ကလေးရဲ့ မေးခွန်းနဲ့ တောင်းဆိုချက်ကို သေချာပြန်စဉ်းစားမိတယ်။ သူ ငွေတစ်ထောင်ချေးတာဟာ တကယ်ပဲ တစ်ခုခုဝယ်ဖို့လိုအပ်နေလို့ ဖြစ်နိုင် တယ်။ ဒီကလေး အဲဒီလို အရင်ကချေးလေ့မရှိပါဘူးလို့ တွေးလိုက်မိတော့ ကောင်လေးရဲ့အခန်းထဲကိုဝင်သွားပြီး ကောင်လေးနဲ့စကားသွားပြောတယ်။

"အိပ်ပြီလား၊ သား"

"သား မအိပ်သေးပါဘူး ဖေဖေ"

"ဖေဖေ ပြန်စဉ်းစားနေမိတယ်သား။ အဖေ ဆုံးဖြတ်ချက်ချတာ လောသွားတယ်။ တနေကုန်လုံး ပင်ပန်းထား တော့ သားအပေါ် ဒေါသတွေ စုပုံချမိသွားတယ်။ ရော့သား၊ သားလိုချင်တဲ့ ငွေတစ်ထောင်။"

ကလေးက မတ်တပ်ထရပ်ပြီး ပြုံးရွှင်စွာနဲ့ပဲ ပြန်ပြောလိုက်တယ်။ "ကျေးဇူးပါဖေဖေရယ်"

ကလေးက သူ့ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံ အနွမ်းလေးတွေကို ထုတ်ရေလိုက်တယ်။ အဖေ လုပ် သူက ဒီကောင် သူ့မှာလည်း ပိုက်ဆံ ရှိလျက်နဲ့ ငါ့ဆီက ထပ်တောင်းသေးတယ် ဆိုတဲ့ အတွေးနဲ့ ဒေါသက တစ်ချောင်းချောင်း ထပ်ထွက်နေပြီ။ ကလေးကသူ့ ပိုက်ဆံတွေကို အသေအချာရေကြည့်ပြီး သူ့အဖေကို မော့ ကြည့်လိုက်တယ်။

အဖေလုပ်သူကလည်း ဒေါသတကြီးနဲ့ "မင်းဆီမှာ ပိုက်ဆံတွေ ရှိနေရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာတုန်း" လို့အော်ဟောက်လိုက်တယ်။

သားလုပ်သူ မျက်နှာငယ်လေးနဲ့ ပြန်ဖြေလိုက်တာက.......
"အဲဒီတုန်းက မပြည့်သေးလို့ပါ ဖေဖေ။ အခုတော့ ပြည့်သွားပြီ။"

"ဖေဖေ၊ သားမှာ အခု ငွေနှစ်ထောင် ရှိသွားပြီ။ ဖေဖေဆီက အချိန် တစ်နာရီစာ သားကိုရောင်းပေးပါလားဟင်။ မနက်ဖြန် ညနေ အိမ်ကို စောစော ပြန်ခဲ့လေ။ သားတို့ ညစာအတူတူ စားရအောင်လား။"

Wednesday, September 30, 2009

Powerful earthquake rocks western Indonesia

ဒီကနေ့ ညနေ (၆)နာရီဝန်းကျင်လောက် Eastcoast နားက Condominium တစ်ခုမှာ ကျွန်တော် အလုပ်လုပ် နေတုန်း ငလျင်လှုပ် သွားတာ (၂)မိနစ်လောက်ကြာအောင် ခံစားရလိုက်ပါတယ်။ ကျွန်တော် ရောက်နေတဲ့အထပ်က (၁၆)ထပ်ဆိုတော့ တိုက်ကြီး လှုပ်နေတာကို သေသေခြာခြာကြီး သိလိုက်ရပါတယ်။ Customer အမျိုးသမီးကလည်း သူ့ယောက်ျားနဲ့ ကျွန်တော်တို့ကို မျက်နှာကျက်က မီးဆိုင်းကြီး ခါရမ်းနေတာ ခေါ်ပြပါတယ်။ တခြားအခန်းတွေကလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။ တခြားသူတွေတော့ မပြော တတ်ဘူး။ ကျွန်တော်ကတော့ ရင်ထဲမှာ ကတုန်ကယင်နဲ့ မူးနောက်နောက်ဖြစ်သွားပါတယ်။ အလုပ်ပြီးတဲ့အချိန် အခန်းထဲပြန်ရောက်တော့ Computer ဖွင့်လိုက်ရင်ပဲ Internet ထဲမှာ အောက်က သတင်းကိုတွေ့ရပါတယ်။
ရွာမှာရော အခြေအနေကောင်းကြရဲ့လား မသိဘူး။ ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါ စေလို့ ဆုတောင်းလိုက်ရပါတယ်။



Powerful earthquake rocks western Indonesia : "JAKARTA, Indonesia – A powerful underwater earthquake rocked western Indonesia Wednesday, triggering a tsunami alert for countries along the Indian Ocean and sending panicked residents out of their houses.
The U.S. Geological Survey said the quake had a preliminary magnitude of 7.9. An Indonesian television network reported that buildings had collapsed in the coastal city of Padang, in Southern Sumatra province.
Indonesia's meteorological agency said the quake had a preliminary magnitude at 7.6 and hit 30 miles (50 kilometers) off the coast of Padang, along the same fault line the spawned the massive 2004 Asian tsunami that killed more than 230,000 in a dozen countries.
The Pacific Tsunami Warning Center issued a tsunami alert for Indonesia, Malaysia, India and Thailand.
'There is a possibility of a destructive regional tsunami in the Indian Ocean,' it said in an e-mailed statement.
There were no immediate reports of a high waves.
It comes a day after a quake with a magnitude of between 8.0 and 8.3 in the South Pacific hurled a massive tsunami at the shores of Samoa and American Samoa, flattening villages and leaving at least 99 dead and dozens missing.
The epicenter of Wednesday's temblor off Indonesia lies several thousand miles (kilometers) to the west, on the other side of Australia.
Witnesses said residents of Padang, and other town and cities, ran out of homes and buildings in fear when the quake hit in the early evening.
'People are panicking. They are running out of the buildings... There are many collapsed buildings,' an unidentified witness in Padang told MetroTV.
The shaking could be felt in high buildings in the capital, Jakarta, several hundred miles (kilometers) away. It was also felt in neighboring Singapore and Malaysia."

Sunday, September 13, 2009

The Reason why I never visit a 5* Hotel

Question ; " What would you like to have...Fruit juice, Soda, Tea, Chocolate, Milo or Coffee? "

Answer ; " Tea please "

Question ; " Ceylon tea, Herbal tea, Bush tea, Honey bush tea, Ice tea, Ice lemon tea or Green tea ?"

Answer ; " Ceylon tea "

Question ; " What would you like it ?...black or white ? "

Answer ; " White "

Question ; " Milk, Whitener, or Condensed milk ? "

Answer ; " With milk "

Question ; " Goat milk, Camel milk or cow milk "

Answer ; " With cow milk please "

Question ; " Milk from Freeze land cow or Afrikaner cow ? "

Answer ; " Um, I'll take it black "

Question ; " Would you like it with sweetener, sugar or honey ? "

Answer ; " With sugar "

Question ; " Beet sugar or cane sugar ? "

Answer ; " Cane sugar "

Question ; " White , brown or yellow sugar ? "

Answer ; " Forget about tea just give me a glass of water instead "

Question ; " Mineral water or still water ? "

Answer ; " Mineral water "

Question ; " Flavored or non-flavored ? "

Answer ; " I'll rather die of thirst.....


Sunday, September 6, 2009

မဆုတ်သာ မတိုးသာ အခြေအနေ

အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ “ငါ့တို့ နိုင်ငံ့ခြားကို အစည်းအဝေးတစ်ခု တစ်ပတ်ကြာ သွားတက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။”

အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ “ကျွန်မ သူဌေးနဲ့ ကျွန်မ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော်”

ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။ “ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။”

တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့် ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ “ဆရာမ တစ်ပတ်လောက် အလုပ်လုပ်စရာ ရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး”

ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ “ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။”

အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးမဆီသို့ ဖုန်းဆက်သည်။ “ ဒီတစ်ပါတ် ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ့ အစည်းအဝေးကို မတက်နိုင်တော့ဘူး။”

အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ “ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖျက်လိုက်တယ်။”

ယောင်္ကျားက သု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ “ ငါတို့ ဒီတစ်ပတ် အတူတူ အချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။”

တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ “ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။”

ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ “ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော် မလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။”

အဘိုး (အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးမထံ ဖုန်းဆက်သည်။ “ဘာမှ မစိုးရိမ်နဲ့။ အဲဒီ့ အစည်း

အဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။”

အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။

Monday, August 31, 2009

လိုက်ဆိုကြည့်ပါ...

မောင်ဘုန်းဘလောဂ့်ထဲမှာ တွေ့ရတော့ အရမ်းကြိုက်သွားလို့ ကျွန်တော့်ထဲမှာ ပြန်တင်ထားလိုက်တာပါ။ နားထောင်ကြည့်ပါ။ လိုက်လဲဆိုကြည့်ပါ။ စာသားတွေလဲပါပါတယ်။ တကယ်ကြိုက်သွားပါလိမ့်မယ်။

Sunday, August 30, 2009

Yoga ကျင့်ကြရအောင်....

တခါတလေကြတော့လည်း လောကကြီးဟာ ထူးဆန်းလှပါတယ်။ ကျွန်တော်တို့ ရံဖန်ရံခါ သောက်ကြစားကြပြီး မူးကွဲနေကြတဲ့အချိန်မှာ yoga ကျင့်စင်တွေနဲ့တူလှပါတယ်။ ဒါကြောင့် သောက်တတ်စားတတ်တဲ့သူတွေဟာYoga ကို အထူးတလည် ကျင့်နေစရာမလိုပါဘူး။ ဒီလိုပြောလိုက်လို့လည်း အားတက်ပြီး သိပ်သောက်မနေကြ နဲ့အုံး။



















Monday, August 24, 2009

Before and after marriage

လက်မထပ်ခင်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာ ယောက်ျားလေးတွေရဲ့အကြောင်းကို ကျွန်တော်ရဲ့မိန်းကလေးသူငယ်ချင်းတွေကို တိတ်တိတ်လေးပြောပြထားချင်ပါတယ်။ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။ ဘယ်ယောက်ျားလေးကိုမှ သွားမပြောပြပါနဲ့။ ဘယ်သူက ဖွင့်ပြောပြတာလဲလို့လဲ သွားမပြောလိုက်ပါနဲ့။

လက်မထပ်ခင်.....

သူ။ ။ အင်း..
နောက်ဆုံးတော့...........
စောင့်နေရတဲ့အချိန်တွေက သိပ်ကြာတာပဲ။

သူမ။ ။ မောင့်အနားက ထွက်သွားစေချင်သလား.....မောင်။

သူ။ ။ အိုး.....ဒါမျိုး ဘယ်တော့မှ မတွေးပါနဲ့။

သူမ။ ။ တကယ်ချစ်လား...ဟင်။

သူ။ ။ အင်းပေါ့။

သူမ။ ။ ကျွန်မကို လိမ်ပြောမှာလားဟင်။

သူ။ ။ ဟင့်အင်း...ဘာဖြစ်လို့ အမြဲတမ်းမေးနေတာလဲကွာ။

သူမ။ ။ အိမ်အလုပ်တွေကိုလဲ ကူလုပ်ပေးမယ် မဟုတ်လား။

သူ။ ။ အင်းလေ။

သူမ။ ။ စိတ်ဆိုးရင်ကော ရိုက်မှာလား။

သူ။ ။ မထင်ပါနဲ့ကွာ....မောင်က ဒီလိုလူစားမျိုး မဟုတ်ပါဘူး။

သူမ။ ။ မောင့်ကို တစ်သက်လုံး ယုံထားမယ်နော်။

သူ။ ။ အင်း


****** လက်ထပ်ပြီးတဲ့အချိန်ကို သိချင်ရင်တော့ အောက်ဆုံးကနေပြန်ဖတ်ပါ။