May i be free from mental suffering!!!
Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Friday, December 24, 2010

မြင်ချင်စမ်းပါဘိတော့တယ်.......

 
ညနေဆည်းဆာအချိန်၊ သုဝဏ္ဏဘောလုံးကွင်းတွင် လူတွေက ပျားပန်းခပ်တမျှ အလွန်ပင်ရှုပ်ထွေးနေသည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ အရွယ်အလတ်၊ အတန်းအစားမရွေး သုဝဏ္ဏကွင်းရှေ့တွင် စုရုံးသွားလာ နေကြသည်။ အရောင်အသွေးတွေက စုံလင်စွာနဲ့ အမွှေးနံ့သာများက တစ်ကွင်းလုံး ဖုံးလွှမ်းထားသည်။ ဆောင်းတွင်းညနေခင်းမို့ လေနုအေးလေးတွေ တိုက်ခတ်လာ သည့်တိုင် အောင် ထီမထင်ဘဲ ဟိုနေရာ၊ ဒီနေရာ ရပ်တန့်စောင့်စားနေကြသူများ၊ ကွင်းအတွင်း ဝင်ရောက်နေကြသူများကား များပြားလှ၏။ တချို့သူများ၏ မျက်နှာမှာမူ ချွေးသီးလေးများကိုပင် တွေ့နေရသည်။

မကြာမီမှာပင် ရောင်စုံမီးများ လင်းလက်လာသည်။ VIP များသာဟုရေးထားသောနေရာတွင် ကားတစ်စီး ဝင်ရောက်လာတိုင်း “ ဟေး....လာပြီ၊လာပြီ ” ဆိုသောအသံတွေ ထွက်ထွက်လာသည်။ အပြင်ဖက်တွင် 
“စောင့်နေတာကြာလှပြီ”“ကြာလိုက်တာကွာ...မလာသေးဘူး”“ဝင်နှင့်ကြရင်ကောင်းမယ်”ဆိုသောအသံ များ နည်းလာသည်နှင့်အမျှ ကွင်းအတွင်းတွင်မှာမူ လူပင်လယ်ကြီးအလား ထင်ရပါသည်။ ထူးခြားသည်မှာ လူတွေအားလုံးပင် အပြုံးများ ကိုယ်စီဆင်မြန်းထားကြပြီး မျှော်လင့်တကြီး စောင့်စားနေကြ သည်။

အဘယ့်ကြောင့်မူ ယနေ့ညတွင် သုဝဏ္ဏဘောလုံးကွင်း၌ ဂီတပဒေသာပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်သော ကြောင့်ပင်တည်း။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၂၅)နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခြင်း ဖြစ် သည်။ ယနေ့ အသက်(၂၅)နှစ်ဝန်းကျင်ရှိသောသူများမှာ ကြုံဖူးကြမည်ဟု မထင်မိပင်။ ယခင်ကဆိုလျှင် တီးဝိုင်းတစ်ဝိုင်းတွင် အဆိုတော်ကြီး၊ငယ်ပေါင်းမြောက်မြားစွာ ည(၉)နာရီလောက်မှစတင်သီဆိုကာ မနက် (၅)နာရီလောက်မှပင်ပြီး၏။ ယခုကဲ့သို့ သူ့ဝိုင်း၊ငါ့ဝိုင်း မခွဲခြား။ သီဆိုရန်လာခေါ်လျှင် ဝင်ဆိုပေးသည့်အတွက် ကြည့်ရသောသူမှာ တန်ပါသည်။ လက်မှတ်ခမှာလည်း အစိတ်၊ သုံးဆယ်မျှသာ ပေးရသည်။ သို့သော် သူခေတ်နှင့်သူတော့ တန်ဖိုးရှိသည်။ လက်မှတ်တစ်စောင်ဝယ်နိုင်လျှင် အဆိုတော်အများကြီးကို မိုးလင်း ပေါက်ကြည့်နိုင်၊ နားဆင်နိုင်သည်။

Friday, September 11, 2009

What is the Generation Y ??

Generation Y ဆိုတာ ဘာလဲ???

Generation Y ဆိုတာကို ကျွန်တော်လုံးဝ မသိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သိသွားပါပြီ။

- ၁၉၄၆ ခုနှစ်မတိုင်ခင် မွေးခဲ့တဲ့သူများကို The Silent Generation လို့ခေါ်ပါတယ်။

- ၁၉၄၆ ခုနှစ်နဲ့၁၉၅၉ ခုနှစ်ကြားမှာ မွေးခဲ့တဲ့သူများကိုတော့ The Baby Boomers လို့ခေါ်ကြပါတယ်။

- ၁၉၆၀ ခုနှစ်နဲ့၁၉၇၉ ခုနှစ်ကြားမှာ မွေးခဲ့တဲ့သူများကတော့ Generation X ပါ။

- ၁၉၈၀ ခုနှစ်နဲ့၂၀၀၉ ခုနှစ်ကြားမှာ မွေးခဲ့တဲ့သူများကိုတော့ Generation Y လို့ခေါ်ကြပါတော့တယ်။

ဘာဖြစ်လို့ ဒီနောက်ဆုံးအုပ်စုကို Generation Y လို့ ခေါ်ကြသလဲဆိုတာကို စောစောပိုင်းက လုံးဝ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကာတွန်းဆရာ တစ်ယောက်ကြောင့် အခုတော့သိသွားပါပြီ။ သူရေးဆွဲထားတဲ့ Generation Y ပုံလေးကို တင်ပေးလိုက်ပါတယ်။




Thursday, August 27, 2009

တကျွန်းစံ

တကျွန်းစံ


ရှေးတုံးက တကျွန်းကို အပို့ခံရတယ်ဆိုတာ အင်မတန်ထက်မြက်တဲ့၊ ကြောက်စရာကောင်းတဲ့၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ သူတွေရဲ့နေရာကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ လူသတ်၊ဒါးပြတိုက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့၊ နှစ်ကြီးပြစ်ဒါဏ် ကျခံရတဲ့ ထောင်ကျလူဆိုးကြီးတွေကိုသာ ဝေးလံခေါင်ဖျားတဲ့ တကျွန်းကို အပို့ခံရတာပါ......။
တကျွန်းမှာ ရေမရှိ၊ နေစရာမရှိ၊ စားစရာဆိုတာလဲ အင်မတန်ရှားပါး၊ အဝတ်အထည်ဆိုတာလဲ ရှား၊ သွားလာရေးဆိုတာကလည်း တော်တော်ပိုက်ဆံကုန်မှ ထောင်ဝင်စာသွားတွေ့နိုင်တာပါ။ ဒါကြောင့် တချို့နှစ်ကြီးသမားတွေရဲ့မိန်းမတွေဟာ တကျွန်းကိုလိုက်နေ၊ ကြုံရာအလုပ်လုပ်၊ မိသားစုအတူတကွ နေထိုင်နိုင်ရေးကို ဦးစားပေးကြသတဲ့။ တကျွန်းပြန်ဟေ့...ဆိုရင် ရွာမှာ အတော်ကြောက်ကြသတဲ့။ ငိုနေတဲ့ ကလေးတောင် ချက်ချင်းတိတ်သတဲ့........။
ဒီခေတ်ကြီးထဲမှာ တကျွန်းစံဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်။ တကျွန်းမှာ ရေမရှိပါ။ သုံးရေ၊သောက်ရေ ဝယ်သောက်ရပါတယ်။ တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ။ ပိုက်ဆံဈေးကြီးပေးပြီးမှ ရပါတယ်။ အပေါ့အပါးသွားရင်တောင် ဆယ်ပြားပေးရပါတယ်။ ဆေးလိပ်တစ်ဗူးတန်ဖိုးဟာ ထမင်းသုံးနပ်စာ ပေးဝယ်ရပါတယ်။ အဝတ်အထည်ဈေးဆိုတာ မေးမနေနဲ့၊ သွားတာကြည့်။ ကြည့်ယုံကြည့် လို့ပြောတာနော်။ ယောင်ပြီး ဝယ်ချင်လို့ကတော့ ကုန်ပြီဆရာပဲ......။
တကျွန်းမှာ မိသားစုလိုက်နေချင်တယ်...ဟုတ်လား။ နှစ်ကြီး ကျတာလား၊ နှစ်နည်းနည်း ကျတာလား? ဒါဆို IC ပြလေ။ အော်.... ထောင်ဒါဏ်ငါးနှစ်...ဟုတ်လား။ ဒါဆို မိသားစုလိုက်နေလို့ရတယ်။ ဒါကို PR ကျတယ်လို့ ခေါ် တယ်။ အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ငါးနှစ်ဆိုတာ တော်ရုံလူမရဘူး။ တော်တော်အပြစ်ကြီးလို့ ရတာ။ မိသားစုလိုက်နေလို့ရတယ်။ ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့။ တစ်ဘဝလုံး ရုန်းပေတော့.......။
ဟင်.....ဒီတစ်ယောက်က ထောင်ဒါဏ်နှစ်နှစ်ဆိုပေမဲ့ တစ်မိသားစုလုံးကို Support လုပ်နိုင်တယ်....ဟုတ်လား။ အော်...အလုပ်ချိန် Long Hour လုပ်ပြီး လစာက တစ်မိသားစုလုံး လောက်တယ်ပေါ့။ အေးအေး... ဒါကို EP ပြစ်မှုလို့ခေါ်တယ်ကွဲ့။ သိလား။ ဟင်းဟင်း...ဒီလူလဲ တကျွန်းက ပြန်မထွက်နိုင်ပါဘူး။ ရသမျှ ကုန်ပြီသာ မှတ်ပေတော့။ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုမိမှာ မဟုတ်ဘူး......။
မိသားစုခေါ်ခွင့်မရှိတဲ့ ပြစ်မှုတွေကတော့ S Pass နဲ့ Work Permit Class တွေပေါ့။ ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့လစာ တစ်ဝက်လောက်တော့ ပြန်ပို့နိုင်ကောင်းပါရဲ့။ စုနိုင်ရင်လို့ ပြောတာနော်။ ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ကတော့ ဒီလူတွေလဲ ဒီနွံမှာ နစ်နေကြမှာပါပဲ......။ သက်တမ်းတွေက နှစ်နှစ် တစ်ခါတိုးတာလေ။ တချို့လဲ တစ်နှစ်တစ်ခါပေါ့။ အလုပ်ပြောင်းရင် အစက ပြန်လျှောက်ပေါ့။ ဒါ.. ဒီကျွန်းရဲ့စည်းကမ်း.......။
ဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်။ အံသြစရာကောင်းတာက ဒီကျွန်းမှာ ဝဋ်ခံဖို့ လူတွေ အလုအယက် ပိုက်ဆံပေးလာခြင်းပဲ။ အကြောင်းကြောင်းကြောင့် ပြန်ရမယ်ဆို တချို့တွေက စိတ်မကောင်းဖြစ်၊တချို့တွေကတော့ အနိုင်နဲ့ပိုင်းပြီး စောစောနဲ့မြန်မြန် အိမ်ကိုပြန်ကြတယ်.......။
ပြစ်မှုကြွေး......ချွေးနဲ့ဆပ် တဲ့။
မိတ်ဆွေ.....အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကျေအောင် မြန်မြန်ဆပ်ကြရအောင်။ ။

ကဲ......ဒီကျွန်းမှာ နှစ်ကြီးကျတာလား၊ နှစ်နည်းနည်းကျတာလား ??? IC ပြလေ။