May i be free from mental suffering!!!

Wednesday, September 30, 2009

Powerful earthquake rocks western Indonesia

ဒီကနေ့ ညနေ (၆)နာရီဝန်းကျင်လောက် Eastcoast နားက Condominium တစ်ခုမှာ ကျွန်တော် အလုပ်လုပ် နေတုန်း ငလျင်လှုပ် သွားတာ (၂)မိနစ်လောက်ကြာအောင် ခံစားရလိုက်ပါတယ်။ ကျွန်တော် ရောက်နေတဲ့အထပ်က (၁၆)ထပ်ဆိုတော့ တိုက်ကြီး လှုပ်နေတာကို သေသေခြာခြာကြီး သိလိုက်ရပါတယ်။ Customer အမျိုးသမီးကလည်း သူ့ယောက်ျားနဲ့ ကျွန်တော်တို့ကို မျက်နှာကျက်က မီးဆိုင်းကြီး ခါရမ်းနေတာ ခေါ်ပြပါတယ်။ တခြားအခန်းတွေကလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။ တခြားသူတွေတော့ မပြော တတ်ဘူး။ ကျွန်တော်ကတော့ ရင်ထဲမှာ ကတုန်ကယင်နဲ့ မူးနောက်နောက်ဖြစ်သွားပါတယ်။ အလုပ်ပြီးတဲ့အချိန် အခန်းထဲပြန်ရောက်တော့ Computer ဖွင့်လိုက်ရင်ပဲ Internet ထဲမှာ အောက်က သတင်းကိုတွေ့ရပါတယ်။
ရွာမှာရော အခြေအနေကောင်းကြရဲ့လား မသိဘူး။ ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါ စေလို့ ဆုတောင်းလိုက်ရပါတယ်။



Powerful earthquake rocks western Indonesia : "JAKARTA, Indonesia – A powerful underwater earthquake rocked western Indonesia Wednesday, triggering a tsunami alert for countries along the Indian Ocean and sending panicked residents out of their houses.
The U.S. Geological Survey said the quake had a preliminary magnitude of 7.9. An Indonesian television network reported that buildings had collapsed in the coastal city of Padang, in Southern Sumatra province.
Indonesia's meteorological agency said the quake had a preliminary magnitude at 7.6 and hit 30 miles (50 kilometers) off the coast of Padang, along the same fault line the spawned the massive 2004 Asian tsunami that killed more than 230,000 in a dozen countries.
The Pacific Tsunami Warning Center issued a tsunami alert for Indonesia, Malaysia, India and Thailand.
'There is a possibility of a destructive regional tsunami in the Indian Ocean,' it said in an e-mailed statement.
There were no immediate reports of a high waves.
It comes a day after a quake with a magnitude of between 8.0 and 8.3 in the South Pacific hurled a massive tsunami at the shores of Samoa and American Samoa, flattening villages and leaving at least 99 dead and dozens missing.
The epicenter of Wednesday's temblor off Indonesia lies several thousand miles (kilometers) to the west, on the other side of Australia.
Witnesses said residents of Padang, and other town and cities, ran out of homes and buildings in fear when the quake hit in the early evening.
'People are panicking. They are running out of the buildings... There are many collapsed buildings,' an unidentified witness in Padang told MetroTV.
The shaking could be felt in high buildings in the capital, Jakarta, several hundred miles (kilometers) away. It was also felt in neighboring Singapore and Malaysia."

Tuesday, September 29, 2009

သိရခက်တဲ့စိတ်


“ သိရခက်တဲ့စိတ် ”

ဘဝမှာ
ခဏတာတွေ့ရပေမဲ့
ပျော်ရွှင်စရာတွေ နည်းပါး
ငြိုညင်စရာတွေသာ များနေခဲ့တယ်။

သိပ်ချစ်တော့
စိတ်ညစ်ရတယ်။

အနေမတတ်တော့
တွေရတတ်တယ်။

သဘောမသိပြန်တော့
ကျောထိခံရတယ်။

မရှောင်တိမ်းနိုင်ပြန်တော့
ဘောင်ဘင်ယိမ်းရတယ်။

ဒါတွေကို မေ့ပစ်
စိတ်သစ်လောင်းကာနေပြန်တော့
ငိုတစ်လှည့်၊ ရီတစ်လှည့်
ပြုံးတလှည့်၊ မဲ့တလှည့်နဲ့၊
ဆုံးဖြတ်ရလည်း ခက်စေခဲ့တယ်
…………ကွယ်………….
ဒီလိုနဲ့ပဲ သံသရာတွေလည်နေခဲ့တယ်။

ဇာနည် (၀၉၀၉၂၉)

Monday, September 28, 2009

Good Idea

ထွက်ပြေးတဲ့အခါ

တစ်ခါတလေ အခြေအနေ၊ အကြောင်းတစ်စုံတရာကြောင့် စိတ်တွေရှုပ်ထွေး၊ မွန်းကြပ်လာတဲ့ အခါ ကျွန်တော်တို့ဟာ ကိုယ်နေတဲ့အရပ်ကနေ၊ ကိုယ့်လုပ်ငန်းခွင်ထဲကနေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကနေ လွတ်မြောက်အောင်၊ထွက်ပြေးကောင်း ထွက်ပြေးမိကြပါလိမ့်မယ်။ အဲဒီအချိန်မှာ ခံစားချက်တူညီသူတွေအတွက် မျှဝေခံစားလို့ရအောင် ဒီကဗျာလေးကို တင်ပေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ထွက်ပြေး ရတာကိုက ထွက်ပြေးမရတာ” လို့ ဆရာမမေငြိမ်း က ပြောသွား ပါ တယ်။

“ ထွက်ပြေးတဲ့အခါ ”

ထွက်ပြေးတဲ့အခါ.....
ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင် လေးလံရဲ့။


ထွက်ပြေးတဲ့အခါ…
မျက်လုံးများစွာကြား
ပြားပြားဝပ်အကျဉ်းကျ
ပါးစပ်ပေါက်တွေက ကာဆီးတောင်တန်း
ကျရတဲ့ မျက်ရည်တွေက ပင်လယ်။


ထွက်ပြေးတဲ့အခါ…
နာကျင်ခြင်း မြွေတွေက
ခန္ဓာကိုလိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကိုပိုရုပ်ကြွလာစေပြန်တယ်။


ထွက်ပြေးတဲ့အခါ…
အရိပ်တွေဟာ
နဂိုထက်မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့ အသည်းက
မေ့ထားသမျှကို
ပို ပို သတိရ
အဲဒီအခါ…...
နင်ဟာ အနာတရနဲ့သာ
ထိုက်တန်တဲ့ကောင်လို့
ကိုယ့်ကိုယ်ကို ဆဲရေးရ…။


တကယ်တမ်းကျ…..
ထွက်ပြေးရ တာကိုက…
ထွက်ပြေးမရ…တာ။ … ။


မေငြိမ်း(၁၉၉၆)

Saturday, September 26, 2009

ပြည်သူချစ်သော မေရှင် (၃)

မယ့်ဒါလီ

ရေး-စန်းသော်တာ ဆို-မေရှင်

( ရှေးတောင်းဆုရည် တွေ့ဆုံလို့ ချစ်ကြသည်၊ တူစုံနောင်နှံညီ ) သြော်…..သတ္တဘာဂ ဆောင်ကူညီ
ထူးသည်၊ ပျိုချစ်လွန်း မယ့်ဒါလီ )2 သစ္စာထားမည်၊ မေတ္တာထားမည်၊ ရှစ်ကမ္ဘာဆုံးတိုင် ပျိုကြင်မည်
အသက်ပင်အပ်မည်၊ မပျက်တမ်း ပေါင်းဖို့ရည်၊ မယ့်ဒါလီ အသည်းစွဲချစ်မည် ။

ပျိုခင်မင်သည်၊ ပြုစုတော့မည်၊ ပျော်ပျော်ရွှင်ကြည်၊ ချစ်ကြစို့ အတည်၊ နောင်ကြာရင် မုန်းနဲ့ဒါလီ၊ ချစ်
လွန်းလို့ သည်းညှာဆိုင်ထဲ၊ စွဲမိသည်၊ ခင့်ကိုသာ သနားသင့်သည်၊ ( စိန္တေရှင်ဦးမှာ မောင်မယ်စုံဖူးကာ
ရာသက်ပန် ပေါင်းဖို့ ဆုတောင်းမည်။ )2


သော်တာငွေမင်း

ရေး-ခေတ္တရာအေး ဆို-မေရှင်

သော်တာငွေမင်းရဲ့ဖေးမပါ၊ ဖော်ဝေးလို့ ဆွေးရှာ၊ ပျိုလွမ်းလို့ တောင်းပန်တာ၊ မောင်ရယ် ချစ်လွန်းလို့
တောင်းပန်ကာ၊ မျှော်မှန်းပေါ့ နွမ်းတော့ရှာ၊ အသည်းထဲ မချိလေတာ၊ လေပြေ လေညှင်း ဆောင်ညှင်း
လို့ မြူးတဲ့အခါ၊ ငွေရည် ငွေနှင်း ပက်ဖြန်းလို့ ချမ်းပြန်ကာ၊ သြော်…..သော်တာဖော်ကင်းတဲ့ ဖဲစက်ရာ
စောင့်စားရ မောင့်တွက်တာ၊ အို……ငွေမင်းရဲ့ ပြောလိုက်ပါ ။


မဲဇာမြိုင်

ရေး-သဟာယဆရာတင် ဆို-မေရှင်

မဲဇာတောင်ခြေ စီးထွေထွေ၊ အုပ်ဆိုင်း မှိုင်းဝေဝေ၊ ငှက်မြည်သံတွန်ကြူးကာ၊ ဘာသာဘာဝ ပျော်မြူးကြပေ။

( သေလာတောင်စောင်း နှင်းငွေ့ဝေ၊ ညိုမှောင်ရီဆိုင်း မှိုင်းလို့နေ၊ မောင်ရေ၊ ကြည်နူးဖွယ်ကောင်းတဲ့၊
မြစ်နဒီ၊ သွင်သွင်စီးလို့သာ ရစ်ခွေ ။)2

သံပြိုင် ။ ။ ငွေသောင်ယံကမ်းခြေ၊ လွမ်းဖွယ်တွေ၊ တည့်မွန်းနေခြည်ဖြာမှ နွေးတဲ့၊ မဲဇာမြိုင်တောခြေ ။

( လှိုင်ဂူနန်းနဲ့ စိမ့်စမ်းထွေထွေ၊ မာလာစုံပေါတဲ့ တောဝနာတွေ၊ ကံ့ကော်ပွင့် ဇော်ရင်း မျှော်တင်းဝေဝေ )2
ပန်းပိတောက် ကျူးရနံ့ ထူးပျံ့လှိုင်ပေ၊ သရဖီ၊ ရွှေအင်ကြင်း ခင်းအပျံ့၊ ဝင်းဖန့်ဖန့် ဖြူဖွေးကာနေ၊ ခေတ္တာ
ပုန်းညက် ကြိုင်ထုံသင်းပေ ။

သံပြိုင် ။ ။ ငွေသောင်ယံကမ်းခြေ၊ လွမ်းဖွယ်တွေ၊ တည့်မွန်းနေခြည်ဖြာမှ နွေးတဲ့၊ မဲဇာမြိုင်တောခြေ ။

( ပဒုမ္မာရွှေကြာ ကုဏ္ဌလာအိုင်မင်းတွေ၊ ငှက်ဇာမဏီ၊ ဒေါင်းအိုးဝေ၊ အော်မြည်ကာ ပျံသန်းလို့နေ )2
ရွှေငါးကြင်းနဲ့ငါးတန်တွေ၊ ရေဇလာအတွင်းမှာ၊ လူးလာ ပျော်ရွှင်မြူးကြပေ ။

သံပြိုင် ။ ။ ငွေသောင်ယံကမ်းခြေ၊ လွမ်းဖွယ်တွေ၊ တည့်မွန်းနေခြည်ဖြာမှ နွေးတဲ့၊ မဲဇာမြိုင်တောခြေ ။

Thursday, September 24, 2009

ပြည်သူချစ်သော မေရှင် (၂)

ပျို့မှာတမ်း

ရေး-မြို့မငြိမ်း ဆို-မေရှင်

( စိတ်ချလက်ချ ကြည်ဖြူချင်၊ မြေပေါ်တွင် သူပဲ စွဲလို့သာခင်၊ သစ္စာတော်ပန်း မသွေတမ်းဆင်၊ တူနှစ်ကိုယ်
သည်းရွှေဆိုင်၊ မြဲခိုင်ခိုင်၊ ပေါင်းဖက်ဖို့ စိတ်မှာမျှော်မြင်။ )2 ခုများဖြင့် သူဥာဏ်တွေဝင်၊ အသစ်တွေ့လို့
မောင်မေ့တယ်ထင်၊ မျှော်သူပန်း လွမ်းသမျှ စာတင်၊ ချစ်သူထံရည်မှန်း ပျို့မှာတမ်းဆက်တယ်ရှင်။

( မိုးကလေးညိုညို လွမ်းစိတ်ပိုချင်၊ ညနေဆီ နေရီရင်လည်း၊ တမ်းတကာပဲရှင်၊ သော်တာလမင်းသာဆဲ
မှာလည်း ဒါပဲ စိတ်စွဲလို့ပင်၊ ချစ်သူမျက်နှာလေးကို တမြင်မြင်။ )2 စားစား၊သွားသွား၊နေနေ၊ မောင့်အပူ
ပွေသူပါရှင် မြင်တော်မူဦး မောင်ရဲ့ မေ့တတ်လွန်းထင်၊ လွမ်းစာရေးလိုက်ရပါတယ်ရှင်၊ မိန်းကလေး
လက်ရေး သိရင်၊ ခွင့်လွှတ်မယ်ထင်။

( တစ်ကိုယ်ရည်တွေး ဆွေးနေမရွှင်၊ ရော်ကာတမ်း ခန်းစက်ရာဝင်၊ မျက်တောင်ကလေးရှက် ဖူးလက်တင်
ဖော်မဲ့သူတွင် )2 စိမ်းကားသလောက် ပျိုမငြိုငြင်၊ လာခဲ့ရင် ရန်တွေ့မှာမို့လား ဒေါသမထားရက်ဘူးရှင်၊
အသက်လောက် မောင့်ကိုပဲခင်၊ မိဘအပေါ် ဆိုးနွဲ့လေသမျှ၊ သူနဲ့ကျမှ ဝဋ်လည်တယ်ထင်၊ သနား
စေချင်လို့ပျို့ငွေလွှာတင်။

မိုးကလေးညိုညို ……………………………………….. ခွင့်လွှတ်မယ်ထင်။



ရွှေမိုးညို

ရေး-စန်းသော်တာ ဆို-မေရှင်

( လှိုင်းကလေးတွေဖွေးတယ် မြစ်ဧရာပြင်ဝယ်၊ ခင်နဲ့မောင် လောင်းကလေးစီးကာ လျောင်းမွေ့လို့ရယ် )2
စောင်းပုလွေ၊ ဘာဂျာစုံတယ် သာယာပုံတွေရယ်၊ အထက်ကျော် သရက်မှော် ကွေ့ရောက်တော့မယ်
လှော်စမ်းကွယ်….

( ခင့်မျက်နှာ တဖြည်းဖြည်းပြုံးလို့ လှော်ပုံတွေဆန်းကြယ်၊ ကြက်သီးများ တဖြန်းဖြန်းထလို့ ခင့်ကိုကိုရယ်
ရှက်အားကြွယ် )

သံပြိုင်။ ။ (တိမ်တောင်တွေရယ် ညိုတယ်၊ မိုးသက်လို့ဂယက်ဆင်တယ်၊ ချစ်တဲ့သူ အပြောခက်တယ်
တိုးဖက်ကွယ် မိုးသက်တော့မယ်)2

( လှေနာဝါ ရေပြင်ကြီးမှာ လှော်ရှာတယ်၊ ချစ်တဲ့သူ ပျော်ရှာမယ်၊ အေးချမ်းလှတယ် မောင်ရယ်၊
ချာချာလယ်)2 ရှေ့ဟိုဆီဝယ် ရေပြင်မယ်၊ ဗွေဆင်တယ်၊ ဝဲသြကလေးကွယ်၊ ဝေးဝေးကကွင်းမယ်၊
လွတ်အောင်ရှောင်ကွယ် ကိုကိုရယ်၊ နောင်ခါဝယ် ဝဲလည်မှာစိုးလှတယ် )2

သံပြိုင်။ ။ ( တိမ်တောင်တွေရယ်…………………မိုးသက်တော့မယ် )


ရှေးရေစက်

ရေး-ရွှေတိုင်ညွန့် ဆို-မေရှင်

ကျား ။ ။ လူမြင်ရင် ချစ်ချင်ဖွယ်၊ ရူပါရုံ ချောလှတယ်၊ သဘောကောင်းတဲ့ သူကလေးရယ်၊ အတူဆုံဖို့
နဖူးစာရေးတယ်။

မ။ ။ ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့ သက်လှယ်ရယ်၊ နောင်ခါဝယ် မေရှင်ကလေးကို
အရေးမစိုက်မှာ အလွန်စိုးတယ်။

ကျား ။ ။ ချစ်မှာလားကွယ်။

မ။ ။ မေတ္တာထားတယ်၊ ရှေးရေစက် ကံဆုံတယ်၊ တူနှစ်သွယ် ဆုံဆည်းရတယ်။

ကျား ။ ။ ချစ်စရာကောင်းသူကလေးရယ်၊ မောင့်စိတ်ထဲမှာ စွဲလန်းတယ်။

မ။ ။ အဟုတ်ကိုပြောတာလားကွယ်၊ လိမ်ဥာဏ်တွေပိုတယ်။

ကျား ။ ။ ကရုဏာထားတာ အဟုတ်ပါပဲ၊ မေတ္တာထားတယ်၊ တကယ်ကိုပဲ၊ မင်းအလိုရှိရင် မောင့်အသည်း
ခွဲကာပေးမယ်။

မ။ ။ တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ၊ နောက်ကွယ်ကျရင် မေ့မှာပဲ၊ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို
အလိုလိုက်ရလိမ့်မယ်။

ကျား ။ ။ (တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်။

မ။ ။ ခင်နဲ့မောင် သစ္စာထား၊ သိကြားနတ်တွေ အကုန်သိတယ်။)2

ကျား ။ ။ ချစ်တဲ့သူရယ်။

မ။ ။ ကြိုက်တဲ့သူရယ်။

ကျား ။ ။ ရာသက်ပန်ရွယ်ကိုးလို့သာ၊ အရိုးကျအောင်ပေါင်းပါ့မယ်။

မ။ ။ (စိုးရိမ်ဖွယ်)2 ယောက်ျားများဟာ ဖောက်ပြားမယ်၊ တကယ်ကြောက်အားပိုတယ်၊ (ယုံဘူး)2
ချစ်ဦးပျိုသက်လှယ်။

ကျား ။ ။ ချစ်စရာကောင်းသူကလေးရယ်………………

မ။ ။ ……………………….ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်။

ပြည်သူချစ်သော မေရှင်

မေရှင့် ကို မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂)ရက်၊ (၁၀.၃.၁၉၁၇) စနေနေ့တွင် အဖ ဦးခင်လေး နှင့် အမိ ဒေါ်ဖွားယွန် တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၅) ယောက်ရှိသည့်အနက် အငယ်ဆုံးသမီး ဖြစ်သည်။ ငယ်စဉ်ကတည်းက ရုပ်ရှင် အကြောင်း စိတ်ဝင်စားခဲ့ပြီး သီချင်းဆိုချင်စိတ်၊ သရုပ်ဆောင်ချင်စိတ် ပြင်းထန်ခဲ့သည်။ “ ရုပ်ရှင်မင်းသမီး အလိုရှိသည် ” ကြော်ငြာအား သတင်းစာထဲတွင် စတင်တွေ့ရှိပြီးနောက် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာဦးညီပုထံ လျှောက်လွှာတင်ခဲ့သည်။

၁၉၃၅ ခုနှစ်တွင် အသံတိတ်ရုပ်ရှင်ကား “ ဖူးစာရှင် ” ကို စတင် ရိုက်ကူးသည်။ မေရှင်၏ ပထမဆုံးသောအသံ ထွက်ရုပ်ရှင်ဇာတ်ကားမှာ “ မြားနတ်မောင် ” ဖြစ်သည်။ မြန်မာ့အသံတွင် (၇)နှစ်ခန့် အလုပ်လုပ်ခဲ့သည်။ ထိုကာလအတွင်း နိုင်ငံတော်မှ ချီးမြှင့်သော“ ဝဏ္ဏကျော် ထင် ” ဘွဲ့ကို ရရှိခဲ့ပါသည်။

ရွှေပြောင်ပြောင်

ရေး-သဟာရဆရာတင် ဆို-မေရှင်

ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှိုင်းရီရီ၊ လူမနီးတဲ့ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးဆီ၊ ခိုင်ပန်းစုံ မြိုင်တန်းရဂုံ တဝေဝေစီ
သင်းပျံ့ထုံကြည် ဝေဘူတောင်တန်း တောင်ထိပ်ဆီ၊ သိကြားနတ်များ ဘုရားစေတီ၊ လွမ်းဆွတ်ဖို့ ကောင်း
လှတဲ့ မြိုင်ဝနာမဟီ။

( ရွှေပြောင်ပြောင် တောင်ပေါ်က ဘုရားဆီ၊ မယ်နှင့်မောင် သစ္စာထားကာ၊ ပေါင်းရပါစေသား
ဆုတောင်းမည် )2 နန်းနိဗ္ဗာန် စိတ်ကရည်လို့ တူစုံဓိဋ္ဌာန်မည်။

ဒီမြိုင်ခြေဆီ ကြည်နူးလှသည်၊ တိမ်နီတိမ်ပြာ ရစ်သိုင်းပတ်လည်၊ တောမြိုင်ခြေလမ်းက ညောင်ပင်ပျို
ထက်ဆီ၊ ရွှေကျည်းညို ငှက်ကယ်သံချိုမြည်၊ အေးချမ်းလှတဲ့ အရပ်ဌာနီ၊ ပျိုတွေ့ရပြီ၊ ဘုရားရှင် မြတ်စေတီ။
( နွယ်ပင်နွယ်တန်းဖုံးလို့ တောလုံးအုံ့မှိုင်းရီ၊ နေမင်းရောင်ခြည် မလင်းနိုင်ပြီ )2 သူတော်ကောင်းတွေ
ကိန်းအောင်မှီ၊ သူမြတ်လောင်းတွေ ကိန်းအောင်မှီ၊ သည်တောရပ်ဆီ၊ ရန်ဘေးကင်းသည်၊ ဆုတောင်းပြည့်
စေတီတော်ရှိသည်၊ ထူးတဲ့မြိုင်မဟီ။

ရွှေပြောင်ပြောင်………………………………….ဓိဋ္ဌာန်တည်။
ဒီမြိုင်ခြေဆီ……………………………………….မြတ်စေတီ။
ရွှေပြောင်ပြောင်………………………………….ဓိဋ္ဌာန်တည်။


ကျောင်းပိတ်ရက်

ရေး-စန်းသော်တာ ဆို-မေရှင်

( ပျိုပျိုမေ အလည်အပတ်ထွက်တယ်၊ မော်တော်ကားနဲ့ရယ်၊ ဟိုယခင် ကျောင်းပိတ်တဲ့ ရက်ကကွယ်၊
ရှမ်းပြည်နယ် တောင်းပိုင်းရော၊ မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ် )2

( ပြောပြချင်တယ် ကိုကိုရယ်၊ နေ့ရောပဲ ညရောပဲ တသဲသဲမောင်းနှင်တယ် )2 နေရောင်ခြည်
လင်းလုလုဆဲမယ်၊ ကလောမြို့ကိုရောက်တယ်၊ လျှောက်လည်။

သံပြိုင်။ ။ ( ရှမ်းမလေးတွေ ချောတယ်၊ပေါတယ် အေးချမ်းလှတဲ့ ဌာနီဝယ် )2 ပါးလေးတွေနီမြန်းလို့ရယ်
ချစ်စရာကောင်းလှပေတယ်၊ ကြိုက်စရာကောင်းလှပေတယ်၊ ပျိုပျိုသွားအုံးမယ်ကိုကိုရယ်၊ အတူလိုက်ကွယ်။
အစဉ်တွေ၊ စောက်တွေနက်တဲ့ တောင်တန်းမယ်၊ ခင်ကွယ်၊ ဇောချွေးကလေးများတောင် ပြန်ချင်တယ်။
တထိတ်ထိတ်နဲ့ကွယ်၊ စောက်တွေနက်တဲ့ တောင်တန်းမယ်၊ ခင်ကွယ်၊ ဇောချွေးကလေးများတောင်
ပြန်ချင်တယ်။

ရေတံခွန် သွယ်ဖြာစီးလို့ရယ်၊ တောင်ခြေနှင်းမြူတွေဆိုင်းတယ်၊ အရှိုရှို တောင်ညိုတန်းတို့ရယ်၊ ပျိုပျို
လွမ်းလှပါတယ်၊ ပန်းတွေပေါတယ်၊ မြန်းဆင်လို့ရယ်၊ ပျိုပျိုထင်သလို မမောင်းဝံ့တယ်၊ ကျောင်းပိတ်ရက်
တွေတိုင်းလည်။

သံပြိုင်။ ။ ( ရှမ်းမလေးတွေ………………………………….အတူလိုက်ခဲ့မယ်။ )


ချစ်ရေစင်

ရေး-သဟာရဆရာတင် ဆို-မေရှင်

ကြူကြူသင်းတဲ့ ရွှေနှင်းဆီရယ်၊ ဆင်းရနံ့ကမွှေးတယ်၊ မခူးရက်စရာကွယ်၊ အထူးပဲလှတယ်၊ သူ့ကိုယ်သူ
ပင် ဆူးတွေကိုဆင်၊ နတ်ဥယျာဉ်ဝယ် ရောင်စုံဖူးပွင့်တယ်။

ဆောင်တော်ကူးကာ ဆွတ်ခူးတော့မယ့် သခင်ရယ်၊ တစ်ပွင့်တည်းပန်းကို နမ်းနိုင်ပေရဲ့ ရွှေရည်လွှမ်းတဲ့
မြပန်းခက်ကို သူ့လက်လှမ်းကာ ချစ်ရေစင်ဖျန်းတယ်။

( နုပျိုစိုလန်းလို့ရယ်၊ ဖူးပွင့်စပန်းမယ်၊ နေရောင်ခြည်မထိုးခင်၊ ( မညှိုးလို့စင်ကြယ် )2 ခင်တွယ်စရာ လွန်
တင့်တယ် )2 ပျားကောင်ပိတုန်းရယ်၊ မသုံးဆောင်ခင်များမယ်၊ ဆင်းရနံ့လေးရယ်၊ ဝတ်မှုံ ဝတ်ရည်ထုံသင်း
တယ်၊ ခုတော့ဖြင့် မစိုပြေ နဂိုရည်ပျက်ယွင်းတယ်၊ ပန်ဆင်တဲ့သူရယ်၊ အစာဝတော့ ဌာနပြန်ချင်တယ်။

( မွှေးတုန်းတော့ကွယ် ပန်ချင်ပြန်တယ်၊ နံရင်ပစ်ပယ်၊ ချစ်လက်စမဆုံးခင် ရှောင်ကြဉ်မုန်းရက်တယ်)2
အသည်းနှလုံး ပြုန်းရချည့်ရဲ့ ဘဝင်ထဲ၊ မရွှင်ဘဲ စဉ်အမြဲမျှော်တယ်၊ ဖော်မစုံပဲနော်ကွယ်၊ ဖူးပွင့်စ ခိုင်ပန်း
နွယ်မယ်၊ မြေကိုမှီတွယ်၊ ဒါကိုကျီစယ် ဖူးစာရှင်ရယ်၊ ချစ်မေတ္တာ မခိုင်မြဲလို့ကွယ်၊ နွဲ့နွဲ့နှောင်း အကြောင်း
ကံရယ်၊ အလွန်နည်းတယ်။

နုပျိုစိုလန်းလို့ရယ်၊……………………………………….. အစာဝတော့ ဌာနပြန်ချင်တယ်။

Wednesday, September 16, 2009

Conversation....Boy and Girl !

Girl: I'm always here for you

Boy: I know

Girl: What's wrong?

Boy: I like her so much

Girl: Talk to her

Boy: I don't know. She won't ever like me

Girl: Don't say that. You're amazing.

Boy: I just want her to know how I feel.

Girl: Then tell her.

Boy: She won't like me

Girl: How do you know that?

Boy: I can just tell.

Girl: Well just tell her.

Boy: What should I say

Girl: Tell her how much you like her

Boy: I tell her that daily.

Girl: what do you mean?

Boy: I'm always with her. I love her.

Girl: I know how you feel. I have the same problem. But he'll never like me

Boy: Wait. Who do you like?

Girl: Oh some boy

Boy: Oh... she won't like me either.

Girl: She does

Boy: How do you know..

Girl: Because, who wouldn't like you?

Boy: You

Girl: You're wrong, I love you

Boy: I love you too.

Girl: So are you going to talk to her?

Boy: I just did.

Sunday, September 13, 2009

The Reason why I never visit a 5* Hotel

Question ; " What would you like to have...Fruit juice, Soda, Tea, Chocolate, Milo or Coffee? "

Answer ; " Tea please "

Question ; " Ceylon tea, Herbal tea, Bush tea, Honey bush tea, Ice tea, Ice lemon tea or Green tea ?"

Answer ; " Ceylon tea "

Question ; " What would you like it ?...black or white ? "

Answer ; " White "

Question ; " Milk, Whitener, or Condensed milk ? "

Answer ; " With milk "

Question ; " Goat milk, Camel milk or cow milk "

Answer ; " With cow milk please "

Question ; " Milk from Freeze land cow or Afrikaner cow ? "

Answer ; " Um, I'll take it black "

Question ; " Would you like it with sweetener, sugar or honey ? "

Answer ; " With sugar "

Question ; " Beet sugar or cane sugar ? "

Answer ; " Cane sugar "

Question ; " White , brown or yellow sugar ? "

Answer ; " Forget about tea just give me a glass of water instead "

Question ; " Mineral water or still water ? "

Answer ; " Mineral water "

Question ; " Flavored or non-flavored ? "

Answer ; " I'll rather die of thirst.....


Saturday, September 12, 2009

အေသွေးပိုင်ရှင်များရဲ့စိတ်နေစိတ်ထား

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..အခုသွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကိုနောက်ပြောင် ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့...ဒါပေမယ့် ကြီးပြင်းလာတာနဲ့အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့...

တခါတလေ ပတ်ဝန်းကျင်အခြေအနေ မကောင်းတဲ့အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့...အသစ်အဆန်း တွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်း ကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆို ရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ်ပါ...သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခု ကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...နေ့စဉ်နေ့တိုင်းလုပ် နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ် အဆန်းကိုမရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်...

ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်...ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...အေသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက်၊ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင် ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့...ကိုယ်နဲ့ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေးဆက်ဆံတတ်ပြီး သူတပါးကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...

တစ်ခါတလေမှာတော့ သူများကို မယုံမကြည်ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်းနေ တတ်ပါသတဲ့...ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့...ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့...ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာပဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့...အားလပ်တဲ့အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့စရိတ်ကိုလည်း မနှမြောပါဘူးတဲ့...

တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်...အထက်လူကြီးရဲ့အဆူခံ ရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါ တယ်... ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့...ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..


XyBo မှကူးယူဖော်ပြပါသည်။

Friday, September 11, 2009

What is the Generation Y ??

Generation Y ဆိုတာ ဘာလဲ???

Generation Y ဆိုတာကို ကျွန်တော်လုံးဝ မသိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သိသွားပါပြီ။

- ၁၉၄၆ ခုနှစ်မတိုင်ခင် မွေးခဲ့တဲ့သူများကို The Silent Generation လို့ခေါ်ပါတယ်။

- ၁၉၄၆ ခုနှစ်နဲ့၁၉၅၉ ခုနှစ်ကြားမှာ မွေးခဲ့တဲ့သူများကိုတော့ The Baby Boomers လို့ခေါ်ကြပါတယ်။

- ၁၉၆၀ ခုနှစ်နဲ့၁၉၇၉ ခုနှစ်ကြားမှာ မွေးခဲ့တဲ့သူများကတော့ Generation X ပါ။

- ၁၉၈၀ ခုနှစ်နဲ့၂၀၀၉ ခုနှစ်ကြားမှာ မွေးခဲ့တဲ့သူများကိုတော့ Generation Y လို့ခေါ်ကြပါတော့တယ်။

ဘာဖြစ်လို့ ဒီနောက်ဆုံးအုပ်စုကို Generation Y လို့ ခေါ်ကြသလဲဆိုတာကို စောစောပိုင်းက လုံးဝ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကာတွန်းဆရာ တစ်ယောက်ကြောင့် အခုတော့သိသွားပါပြီ။ သူရေးဆွဲထားတဲ့ Generation Y ပုံလေးကို တင်ပေးလိုက်ပါတယ်။




Personal

သားတော်မောင် နှစ်လခွဲအရွယ် ဓါတ်ပုံလေးတွေပါ။




ငါဟဲ့ ယောက်ျား.......



ဒီလိုလဲ ပြုံးတတ်နေပါပြီ....



Sunday, September 6, 2009

မဆုတ်သာ မတိုးသာ အခြေအနေ

အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ “ငါ့တို့ နိုင်ငံ့ခြားကို အစည်းအဝေးတစ်ခု တစ်ပတ်ကြာ သွားတက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။”

အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ “ကျွန်မ သူဌေးနဲ့ ကျွန်မ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော်”

ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။ “ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။”

တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့် ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ “ဆရာမ တစ်ပတ်လောက် အလုပ်လုပ်စရာ ရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး”

ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ “ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။”

အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးမဆီသို့ ဖုန်းဆက်သည်။ “ ဒီတစ်ပါတ် ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ့ အစည်းအဝေးကို မတက်နိုင်တော့ဘူး။”

အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ “ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖျက်လိုက်တယ်။”

ယောင်္ကျားက သု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ “ ငါတို့ ဒီတစ်ပတ် အတူတူ အချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။”

တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ “ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။”

ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ “ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော် မလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။”

အဘိုး (အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးမထံ ဖုန်းဆက်သည်။ “ဘာမှ မစိုးရိမ်နဲ့။ အဲဒီ့ အစည်း

အဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။”

အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။