May i be free from mental suffering!!!

Tuesday, July 28, 2009

“ တို့တိုင်းပြည် ”

ထလောမြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကားမျိုး၊ တညိုးညိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလောမြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုများ၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။

ထလောမြန်မာ၊ အိုမြန်မာတို့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍၊ တစ်ဝမ်းတစ်စိတ်
ညီစေသတည်း။ ။

ဇော်ဂျီ

Monday, July 27, 2009

ကဗျာများ

‘ ငါ...အနုလောမ...ပဋိလောမ ‘

ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမဲ့
ငါ့စိတ်ကို
ငါ့...အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကို ဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ...ငါ့မိတ်ဆွေတို့ရေ...
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ...သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါ့သိက္ခာအပြည့်အဝနဲ့။ ။

ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း၊ဇန်နဝါရီလ၊၁၉၉၃။

Saturday, July 25, 2009

ကဗျာများ

“ ချစ်ဇနီးသို့”


စိတ်ကြောင့် စိတ်ဆင်းရဲခဲ့ရသည်မို့
စိတ်နဲ့သာ စိတ်ကိုဖြေရတော့တယ်။

ဘဝများ
ဝေးကွာနေကြရ
ကလေးတွေနဲ့ဇနီးမယား
ထားခဲ့ရ တစ်နယ်တစ်ကျေးဆီ။

ဝေးလွန်းလှတဲ့ မိုင်ပေါင်းများစွာမှာ
စိတ်ကို စိတ်နဲ့သာ ခေါ်ရ၊ထူးရ
ဝရုန်းသုံးကား ဆူညံသံတွေကြား
တယ်လီဖုန်းတွေ အသုံးမကျ။

လူတွေရှုပ်ထွေး
ကားတွေ ကြပ်ညပ်
လမ်းဖြတ်ကူးတိုင်းမှာ ရတနာသုံးပါးကို ရွတ်ဆိုမိရ
(ကျေးဇူးတင်စရာ)

ငွေပေါ့ကွယ်
သင်းကြောင့်ပေါ့
ငါတို့ဝေးကွာနေရတာ သင်းကြောင့်ပေါ့။

ဆူးလေဘုရားလမ်းကြီးကို ဖြတ်ကူးတိုင်း
ပြေးနေတဲ့ စိတ်ဟာ
ပြေးနေတဲ့ငွေနောက်
ပြေးပြီးတော့လိုက်နေရဲ့။ ။

ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း၊ဇန်နဝါရီလ၊၂၀၀၅

ကဗျာများ

“ သား ”

မပေါ့မပါး
ခရီးသွားတဲ့
မီးဖွားတော့မယ့်
မိခင်တစ်ယောက်။

မိခင်က
လခြမ်းသဖွယ်
ကလေးငယ်ကို
သယ်ဆောင်လှမ်းတက်
ခရီးဆက်။

ဝမ်းအိမ်အလယ်
ကလေးငယ်လည်း
အချင်းကိုသယ်
စလွယ်သိုင်း
တောရိုင်း မြေကြမ်း
အတူလှမ်း
သားအိမ်ထမ်းရင်းနဲ့ မိခင်နဲ့။ ။

ကည်အောင်
(၂၇.၃.၂၀၀၉နေ့တွင် ကွယ်လွန်သည်။)

Saturday, July 18, 2009


(၆၂)ကြိမ်မြောက်အာဇာနည်နေ့

မနက်ဖြန်ဟာ ကျွန်တော်တို့ မြန်မာပြည်သူ၊ပြည်သားတွေအတွက် ဘယ်တော့မှမမေ့အပ်တဲ့၊ အလွန်ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ အဲဒီ့နေ့ကတော့ (၁၉.ရ.၂၀၀၉)မှာ (၆၂)ကြိမ်ပြည့်မြောက်မယ့် အာဇာနည်နေ့ဖြစ်ပါတယ်။
ဒီနေ့မှာ ကျွန်တော်တို့တစ်တွေ ချစ်ခင်လေးစားရတဲ့၊ ယုံကြည်အားထားရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို
မသမာသူ လူအချို့က လုပ်ကြံသတ်ဖြတ်သွားပါတယ်။ ဘယ်လိုမှ တန်ဖိုးဖြတ်မရတဲ့၊ ကြီးမားတဲ့ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပါတယ်။
အများသူငါအတွက် ကိုယ်ကျိုးမဖက် အသက်စွန့်ဝံ့သူ၊ ဖြောင့်မတ်သောသူ၊ ရဲရင့်သောသူ၊ မှန်ကန်သောလမ်းအား လမ်းပြပေးနိုင်သူ၊ လူအများရှေ့၌မားမားရပ်ခါ ခေါင်းဆောင်မှုပေးနိုင်သူ......
ဤသူအား အာဇာနည်လို့ခေါ်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါတယ်။ ။

Friday, July 17, 2009

ကာတွန်း

ကာတွန်းမောင်မောင်ရဲ့ကာတွန်းတစ်ကွက်ဖြစ်ပါတယ်။


Tuesday, July 14, 2009

Personal
















ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်း တစ်နှစ်၊သုံးလနဲ့ကိုးရက်မြောက်နေ့ (၃၁.၅.၂၀၀၉) တနင်္ဂနွေနေ့မှာ သားဦးလေးကို မွေးဖွားသန့်စင်ခဲ့ပါတယ်။ သူ့ကို အုပ်စိုးမာန် လို့ခေါ်ပါတယ်။

Monday, July 13, 2009

Personal












ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို Summit Parkview Hotel ၌ (၂၃.၂.၂၀၀၈) စနေနေ့တွင် ကျင်းပပြီးစီးခဲ့ပါတယ်။

ကဗျာများ

“ငါ”

ငါ့မှာလည်းငါ သူ့မှာငါနှင့် ငါ့ငါသူ့ငါ တွေ့ကြရာဝယ်
ငါနဲ့ငါခြင်း ငါစစ်ခင်းလျှက် ပူပြင်းလျှံရဲ ငါပေါက်ကွဲ၏။
ငါဒုက္ခပေး ငါမအေး၍ ငါအေးရကြောင်း ခွင့်ခါချောင်းလျက်
ငါကောင်းကိုရှာ ငါဆိုးခွာသော် ကွာလေသည်သို့ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ ပခြုပ်ဗွေ၌ ငန်းမြွေမခြား
နှဲသံကြားလျှင် ပါးပျဉ်းထောင်လျက် ငါသည်ထွက်၏။
အို..ဖွားဖက်ငါ အသင်ငါနှင့် ငါမလျှော့တမ်း အားအင်စမ်းအံ့။
အစွမ်းသာသူ ပန်းဆွတ်ယူလိမ့်။
ငါမူငါ့ကိုယ် အောင်မည်လော။ ငါ့ကိုငါက အောင်မည်လော။ ။

(မင်းသုဝဏ်)