May i be free from mental suffering!!!
Showing posts with label ပြည်သူ့ဂုဏ်ရည်. Show all posts
Showing posts with label ပြည်သူ့ဂုဏ်ရည်. Show all posts

Friday, August 5, 2011

၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်


ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို မေလ၁၅ရက် က ကျင်းပပြီး ဒေါ်ရှု ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။

ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ရက် ၂၀၁၁ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ဒေါ်ရှုအား ဂုဏ်ပြုဆု နှင့်အတူ ငွေသား အမေရိကန်ဒေါ်လာ တစ်သောင်း ချီးမြှင့် ဂုဏ်ပြုမှာ ဖြစ်ပြီး ကျန် နောက်ဆုံး ဆန်ကာတင် အဆင့်ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမေရိကန်ဒေါ်လာ တထောင်စီ ချီးမြှင့် ဂုဏ်ပြုသွားမည် ဖြစ်သည်။ လာမည့် ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ကျင်းပမည် ဖြစ်ပါသည်။

မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
    ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
    ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
    တတိယ မဲအများဆုံး - ၁၅.၃၆ %
    စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
    ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -

    ၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏  ၄၁.၁၀ %
    ၂။ စင်ကာပူ - ၂၁.၈၆ %
    ၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
    ၄။ ဂျပန် - ၃.၁၆%
    ၅။ ၾသစေၾတးလ် - ၃.၀၈ %
    ၆။ မြန်မာနိုင်ငံ - ၁.၁၃ % 

   ( ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ )

Sunday, April 25, 2010

၂၀၁၀ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်


၂၀၁၀ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း(၅၄)နိုင်ငံမှ ဆန္ဒမဲအရေအတွက် (၂၈၅,၀၀၈)မဲ ရရှိခဲ့ပြီး စုစုပေါင်းမဲအရေအတွက်၏ ၃၇.၃၇% ဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ဆွတ်ခူးသွားသောသူမှာ ရုပ်ရှင်သရုပ် ဆောင်နှင့် နာရေးကူညီမှုအသင်းဦးဆောင်သူ ကိုကျော်သူ ဖြစ်ကြောင်း သိရှိရပါသည်။

မှတ်ချက်။    ။ ဓါတ်ပုံကို www.citizenofburma.org မှ ကူးယူပါသည်။