May i be free from mental suffering!!!
Showing posts with label သီချင်းစာသားများ. Show all posts
Showing posts with label သီချင်းစာသားများ. Show all posts

Friday, October 8, 2010

ပြည်သူချစ်သော မေရှင် (၁၂)

ပါရမီတော်

ရေး- မြို့မငြိမ်း    ဆို- မေရှင်

ရင်၌ဖြစ်သောသားလို မဟာကရုဏာပွား သနားတော်မူသည်၊ သြဃ ဝဲသံသရာ ကျင်လည်ရရှာ၊ ဝေနေယျ ဘဝစုံညီ။

အမြိုက်ရေအေးတိုက်ကာ၊ လူနတ်ဗြဟ္မာအား တရားပြကယ်မည်၊ ဗောဓိသလောင်းလျာပါရမီ၊ သင်္ချေများစွာ ကမ္ဘာက ကျင့်ရှာသည်၊ အလွန်တမင်း စွန့်ခြင်းငါးလီ၊ ပဉ္စနဟာ ပရိစာဂီ၊ လောကတ္ထဉာတတ္ထံ ဗုဒ္ဓတ္ထစရိယာ ကျင့်ခဲ့ရှာသည်၊ လောကသုံးပါးတို့၏ စီးပွားကိုများအောင်ဆောင်သည်၊ မျိုးတော်၊ ဆွေတော်၊ ရွှေတော် အပေါင်း၏ ကောင်းကျိုးသာမျှော်ကိုးရည်၊ သဗ္ဗညုတဉာဏ်ကို ရှေ့ရှုသံမ္ဗောဓိ ဆုပန်သည်၊ ဆည်းပူး ရှာခဲ့သည်၊ သုံးဆယ်အပြား ဘုရားပါရမီ။

သဒ္ဓါသန်သည်၊ ဘုံနန်းဗိမာန်အိုးအိမ်၊ စည်းစိမ်နယား ရင်ဝယ်သားလည်း မခင်သည်၊ မဟာပထဝီ နှစ်သိန်းလေးသောင်းထုလို၊ အသားတော်စု ဘယ်သူပြုပြုလှူမည်၊ အသွေးထုတ်ဝေ သမုဒ်ရေ အမျှညီ၊ ဘိသိက်တော်ခံ မကိုဋ်ဆောင်း၊ ခေါင်းဖြတ်ဒါနအလှူ ဘယ်သူမမီ၊ ဇာမဏီသားမျိုး ကျင့်ရိုးမှန်သည်၊ အဓိဋ္ဌာန်တော်အတွက် မပျက်ပေသည်၊ ဆိုထုံးနှလုံးပြုကာ ကျင့်ရှာသည် ဒါနပါရမီ။

စွန့်ခွာလေသည်၊ စကြာဝဠာ စည်းစိမ်မခံလိုပြီ၊ ဆိတ်ငြိမ်ရာမှီခို တောမြိုင်ရပ်ဆီ၊ ညွှန်ပြပေသည်၊ တစ်ကမ္ဘာလုံး လင်းအောင် ကြံဆောင်သည်၊ ထွန်းလင်းဆီမီးရောင်ခြည်၊ လင်းစေတော့သည်၊ ယောင်္ကျားပီပီ လက်ရုံးရည်၊ ဘယ်ဆီသောင်ကမ်း လှမ်းမမြင်နိုင်သည်၊ သမုဒ္ဒရာကို ခုနှစ်ရက်တောင် ကူးလျက် အောင်နိုင် သည်၊ ဝီရိယာစွမ်းထုတ် ကြိုးကုတ်ပါရမီ၊ လောင်းမြတ်အာဇာနည်။

အလျှံပြောင်ပြောင် လှံဓားထက်စွာများနဲ့ လက်ခြေအသား သူဖြတ်ငြားလည်း မဖြုန်သည်၊ ရန်သူသည် ကိုယ့်ထီးနန်းကိုလုတောင်၊ မေတ္တာပွား ကိုယ်ကျင့်တရားမြတ်ခန္တီ၊ တောသုဉ်းအောင် မီးလောင်ပတ်လည်၊ မိန့်တော်မူသည်၊ မှန်သောစကားဖြင့် ထိုမီးကိုရှောင်စေပြီ၊ ကိုယ်တော်စိုးနှောင့် ရွှေစိတ်မတုန်သည်၊ သိက္ခာတော်မပျက်တည်ကြည်၊ ချစ်မုန်းကင်းတဲ့ ဥပေက္ခာတရားပါရမီ။


နန်းကေသီ

ရေး- ရွှေပြည်အေး    ဆို- မေရှင်

မ။   ။ ပင်တိုင်တော်ဦး ကျော့မှူးရယ်တဲ့ကေသီ၊ ရွှေညီလာက မျှော်မှန်းကာ၊ အဆောင်တော်ထဲ သန်းခေါင်ကျော်ဆဲမယ့်၊ တစ်ကိုယ်တော်တည်း ပျော်ပါပဲ ရွှေသည်းဘဝင်မှာ၊ မရွှင်နိုင်ပါ၊ မျှော်ဆဲမျှော်ကာ၊ မပေါ်လာ မောင်ဘုရားအတွက်သာ၊ သက်ညှာသနားသင့်တော့တာ။

ကျား။    ။ တစ်ပါးခင်နှမ ပျိုသူဇာ၊ သနားချင့်စရာ ရွှေမျက်နှာ၊ မောင့်ကြင်ရာ နန်းသူခင်မှာ၊ လှမ်းယူချင်စရာ၊ ဘိသိက်သွန်းကာ အောင်ပွဲ (ဆင်သ)2၊ တောင်ညာစံထားမယ် ယုံပါ၊ နှစ်ပါးမြတ်စုံလာ၊ သိကြားနတ် နှင်းအပ်ကာ၊ စုလျားဆင်မယ် မောင့်ဖုရားပါ။

မ။   ။ ဝေလန်းချွေသန်း ရေဖြန်းခံ နန်းမြင့်သီတာ၊ စက်ပါတော်ငြား မပျော်အားပါ၊ နန်းဦးတင် ရွှေပလ္လင်ဖွား ကြွတော်မူပါ မောင်တော်ဖုရား။

ကျား။    ။ ထိပ်ခေါင်တင်တစ်ပါးရဲ့ ဆပွားတဲ့မေတ္တာ၊ မဟာဂရုဏာ၊ ( တဿကီဘုန်းရဲ့ တာရှည်မမုန်း သကွယ့်၊ ပါရမီသုံးမယ့်စကား )။

မ။   ။ အလိုဝပ်တွား၊ ချစ်စမ်းပါဘုရား၊ ခင်နှမနန်းညွှန့်လျာ အပါးတော်က ခစားမှာ။

ကျား။    ။ နန်းကေသီကျော့မှူးခင်ရဲ့ အမရာကိန္နရီ မယ်မဒ္ဒီပုံပမာ။

မ။   ။ (သနားဂရုဏာ မေတ္တာ)2 ချစ်ကြိုးနှောင်ကာ ကြင်နာပါဘုရား။

ကျား။    ။ ကောင်းခြင်းငါးဖြာ ကင်းခြောက်ပစ်ကွာ၊ အဂ္ဂမဟေသီ ဒေဝီတစ်ပါးရဲ့ လက်ယာတော်ထား စံစားချင်တာ။

ကျား+မ။    ။ နိဗ္ဗူအမတပြည်ခေမာ၊ လှမ်းကြပါစို့ တို့နှစ်ပါး၊ ရာထူးကိုပန်ရွယ်ထား၊ ကြည်လင်စွာ ဒီပင်္ကရာ၊ မြတ်စွာဘုရား မှာသစ္စာထား။

 မ။   ။ အလိုဝပ်တွား၊ ချစ်စမ်းပါဘုရား၊ ခင်နှမနန်းညွှန့်လျာ အပါးတော်က ခစားမှာ။


ကိုကို့မျက်နှာ 

ရေး- တက္ကသိုလ်လှ    ဆို- မေရှင် 

သော်တာငွေရောင်ဖြာစဉ်လည်း မပေါ်လာနိုင်ပါ၊ ပျို့သက်ညှာ၊ စောင့်ရတာ ခွေယိုင်းနွမ်းပန်းရှာ၊ ဖော်ကွာသူ ခင်အစဉ်ပဲမျှော်ရှာ၊ သော်တာမင်းနဲ့သာ၊ ပျို့အချစ်ကို ဆောင်ယူနှင်းပါ။

တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ဘဲ ပျို့မျက်စိအောက်ရှေ့ပါ၊ ( ကိုကို့မျက်နှာ၊ မောင်မောင့် မျက်နှာ၊ ကြည်ကြည်လင်လင် ရွှင်ပြုံးကာ၊ တွေ့ရတာ လမင်းရဲ့ပမာ၊ ပဝင်းခဲ့တာ၊ ဖော်ကွာသူပန်းညှာ၊ မြန်းဖို့လန်းဆန်းလို့သာ၊ တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ပဲ ပျို့မျက်စိအောက်ရှေ့မှာ၊ ကိုကို့မျက်နှာ ရွှေပါးအပ်ကာ၊ သော်တာတိမ်ဖုံးစဉ်မှာ။)2

ကြည်ပြာပွင့်ဖူးညှာ၊ လန်းစင်တစ်ပြင်လုံးမှာ၊ ပျို့မောင်မလာလို့ စောင့်ရတာ၊ ခိုက်ခိုက်တုန်နေရှာ၊ သာယာချိုအေးစွာ၊ တေးသံကိုပေးကာ၊ ထွေးပိုက်ဦးမယ့် သက်လျာ၊ ဘာကြောင့်ပျို့ဆီမလာ။ 

တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ဘဲ ပျို့မျက်စိအောက်ရှေ့ပါ၊ ( ကိုကို့မျက်နှာ၊ မောင်မောင့် မျက်နှာ၊ ကြည်ကြည်လင်လင် ရွှင်ပြုံးကာ၊ တွေ့ရတာ လမင်းရဲ့ပမာ၊ ပဝင်းခဲ့တာ၊ ဖော်ကွာသူပန်းညှာ၊ မြန်းဖို့လန်းဆန်းလို့သာ၊ တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ပဲ ပျို့မျက်စိအောက်ရှေ့မှာ၊ ကိုကို့မျက်နှာ ရွှေပါးအပ်ကာ၊ သော်တာတိမ်ဖုံးစဉ်မှာ။)2


Monday, May 24, 2010

ပြည်သူချစ်သော မေရှင် (၁၁)

ရွှေဝါဖူး

ရေး- စန်းသော်တာ      ဆို-မေရှင်

ထက်ကောင်းကင် မိုးဖျားကသွန်းလာ၊ ရွာမယ့်ရွှေမိုးကိုစောင့်ကာ၊ ပိတောက်မြိုင် သင်းပျံ့လှိုင်လို့သာ၊အုံထူး ငုံဖူးလွှာ၊ ပယင်းရောင် ဝင်းပြောင်လို့သာ၊ ရွှေမိုးကို ကိုးကားနေရှာ၊ ထက်ကောင်းကင် မိုးဖျားကသွန်းလာ၊ ရွာမယ့် ရွှေမိုးစောင့်ကာ၊ ပွင့်ဖူးလွှာမိုးကို မျှော်ကိုးကာ၊ စောင့်စားနေရရှာ။

သံပြိုင်။ ။ ( ဟေမာရဂုံနန်းမှာ ပွင့်လန်းနေချင်ရှာ၊ ပေါ်လာကိုရွှေမိုးရာ သဝေထိုးကာ၊ လှည့်စားလို့သာ  နေအားတာ )2 ။

( ချစ်သူပန်း ပွင့်လန်းဖို့ရာ၊ ကိုရွှေမိုးကို မျှော်ကိုးမိတာပါ၊ သြော် ပင်နန်း၊ ခင်မှန်း၊ တင့်ဆန်းဖို့ရာလေ၊ ကိုရွှေမိုးရယ် မိုးရယ်၊ မေတ္တာရေသွန်းဖြိုးပါ )2 ကိုအမ္ဗုန်မောင်ရာ၊ ဂျိုးဂျိမ့်ဂျိမ့်ညံကာ၊ မိုးစိမ့်စိမ့် မြန်မကြာ၊ ဖျန်းစေချင်တာ၊ မျှော်ရှာသူပန်းညှာ ယိမ်းယိုင်နွဲ့နေရှာ၊ ပေါ်လာနိုင်ခဲတာ၊ သွန်းပါမိုးဒေဝါ၊ ကိုအမ္ဗုန် မောင် ရာ၊ ဂျိုးဂျိမ့်ဂျိမ့်ညံကာ၊ မိုးစိမ့်စိမ့် မြန်မကြာ၊ ဖျန်းစေချင်တာ၊ ( ရွှေဝါဖူး မိုးရေကို၊ အထူးပင်စောင်နေရှာ )2 မြိုင်ဟေမာစုံမှာ လှမ်းပွင့်ဖို့ရာ၊ ကိုအမ္ဗုန်မောင်ရာ၊ ဂျိုးဂျိမ့်ဂျိမ့်ညံကာ၊ မိုးစိမ့်စိမ့် မြန်မကြာ၊ ဖျန်းစေချင်တာ။

သံပြိုင်။ ။ ( ဟေမာရဂုံနန်းမှာ ပွင့်လန်းနေချင်ရှာ၊ ပေါ်လာကိုရွှေမိုးရာ သဝေထိုးကာ၊ လှည့်စားလို့သာ နေအားတာ )2 ။


ချစ်ရအောင်

ရေး- စန်းသော်တာ      ဆို-မေရှင်

ကုန်သည်ယောင်ယောင်၊ ဘီအေယောင်ယောင်၊ အများကျော်ကြားသိစေအောင်၊ အစားကြီစားလို့ အကြွားကြီးကြွားကာ၊ လှည့်ကာပတ်ကာနေတယ်မောင်၊ လူပျိုယောင်ယောင်၊ ဘိုကေပြောင်ပြောင်၊ ရေမွှေး ကိုလည်း အိတ်မှာဆောင်၊ မြင်းပွဲသွားသလို၊ မင်းပွဲသွားသလို၊ ဂျပိုးသောင်းခြောက်ထောင်၊ ဒီဟာတွေကို မောင်ရှောင်၊ အများနဲ့တော့ မတူလေအောင်၊ တည်တည်ကြည်ကြည် သဘောကောင်းနဲ့ အေးအေးနေပါ မောင်၊ လည်ချင်လည် မောင်၊ ပျော်ချင်ပျော် မောင်၊ သဘောတော်တိုင်း ဖြစ်စေအောင်၊ကြိုးစားလို့ ရိုးရိုး ကလေးကွယ်၊ ပျိုနဲ့ချစ်ရအောင်။

( အနှစ်တစ်ရာ ချစ်အောင် ရွက်ဆောင်၊ လူယုတ်နဲ့မပေါင်းနဲ့မောင်၊ ကိုယ့်အလို သဘောကိုပြော မောင်၊
ခင်အမြဲပဲ ချစ်ရအောင်)2 ။

ရိုးရိုးသားသားကလေးနဲ့ ကြင်နာချစ်ရအောင်၊ နေပါမောင် ( စိတ်ရင်းဖြူတာကိုဆောင် )2 ကိုကိုကြည်ဖြု မှာကို ခင်သိအောင်၊ ပြောပြပါမောင်၊ ဆူဆူပူပူမနေရအောင်၊ ချစ်လက်စမို့မြဲရအောင်၊ ရွက်ဆောင်၊ ကိုကိုခင်နဲ့မေတ္တာကြိုးနှောင်။

( အနှစ်တစ်ရာ ချစ်အောင် ရွက်ဆောင်၊ လူယုတ်နဲ့မပေါင်းနဲ့မောင်၊ ကိုယ့်အလို သဘောကိုပြော မောင်၊
ခင်အမြဲပဲ ချစ်ရအောင်)2 ။


လေသာဆောင်

ရေး- ကြည်တခွန်     ဆို-မေရှင်

သာသာယာယာချိန်မှာ၊ လေညင်းလေးကဖြာ၊ ပန်းပေါင်းရနံ့စုံဖြာ၊ သော်တာရောင်ထိန်ဝါ၊ စိတ်အေး ချမ်းမြစရာ၊ ကြည်နူးလို့သာ၊ မျှော်ကာမှန်း တမ်းတကာ၊ လေသာဆောင် ဘွေသဉ္ဇာချစ်တင်းဖွဲ့ဖို့ရာ၊ မြန်းကြွခဲ့ပါ မယ့်ဖူးစာ။

သံပြိုင်။ ။( ချစ်တဲ့သူကိုတွေ့မှသာ စိတ်ပျော်မွေ့မှာ၊ စန်းလသော်တာ မင်းကသာ၊ ဆောင်ကြဉ်းခဲ့ပါ။)2 ကိုယ်ရောင်ကိုယ်ဝါ မမြင်ရကြာ၊ ချစ်တဲ့သူကို စွဲမက်စရာ၊ စိမ်းကားရက်စက်တာ။

( စိန္တေယျာရှင်မှာ နှိမ်ခြွေဝပ်တွားကာ၊ ဆီမီးကပ်ကာ၊ သစ်သီးကပ်ကာ၊ တောင်းဆုပန်ထွာမှာ)2 ပျိုရော် ရမ်းကာ လွမ်းကာ၊ မောင်ကြွမြန်းပါ ခင့်ဆောင်ခန်းကိုသာ၊ လေသာဆောင်နန်း ခန်းလည်မှာ၊ တူစုံချစ် ရေးနွှဲပျော်ကာ၊ ရွှေကျိန်စာ သစ္စာထားကြမှာ၊ ပျို့စိတ်ဓါတ်ဟာ၊ ရွှင်မြူးစွာ ထူးလှတာ၊ ကြင်ဖော်သူအချစ် ဦးကတော့ မလာ။

Sunday, April 11, 2010

ပြည်သူချစ်သော မေရှင် (၁၀)

ရှေးဘုရင်

ရေး- ရန်နိုင်စိန်     ဆို-မေရှင်

( ကြငှန်းရိပ်ကြာ ပလျှမ်းဟိတ်ဖြာ၊ အံ့မခန်းခြိမ့်ကာ ဆန်းကြယ်၊ ရွှေနန်းစည်းစိမ် စံပယ်၊ မှူးရယ်၊မတ်ရယ် ၊ ရံရွေခံညောင်းတယ်)2 ( ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးဖြန့်ကျော်၊ ဆင်ဖြူစကြာ၊ ထက်ဝဠာကနော်၊ ဆက်တော်မူရတယ်)2 

သံပြိုင်။ ။ ရှေးဘုရင်များနဲ့တေဇာရယ်၊ ယနေ့တိုင် မမေ့နိုင်၊ တွေးမှိုင်ကာ ဆွေးဖွယ်၊ စိတ်ဘဝင်မရွှင် လန်းတော့နိုင်။

အို….စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် မုဆိုးဆက်နွယ်၊ စိုးမိုးလို့ရယ်၊ နေညိုတော့ကွယ် ရွှေဘိုလွမ်းတယ်၊ ( ဘမရာမလ္လင်၊ စမုတ်တော်ဆောင်ခန်း၊ ရာဇဝင် မဟာဝင်၊ ထုတ်ဖော်မှန်းရွယ်၊ သတိမူကြဖို့အမြဲတိုင်အောင်ကွယ်၊ မဏိပူရနဲ့ ကသည်းတောင်နိုင်တယ်။)2 အလောင်းဘုရားရယ်၊ ကောင်းစားတဲ့အကြောင်းများရယ်၊ ခုတိုင် ထင်ရှားတယ်။

သံပြိုင်။ ။ ရှေးဘုရင်များနဲ့တေဇာရယ်၊ ယနေ့တိုင် မမေ့နိုင်၊ တွေးမှိုင်ကာ ဆွေးဖွယ်၊ စိတ်ဘဝင်မရွှင် လန်းတော့နိုင်။

( တို့ဘုရင်များကိုတော့ အခါခါပဲ လွမ်းမိတယ်၊ ငါးကျိပ်၊ငါးသွယ် ပေါက္ကံပြည်တိုင်းဝယ် )2 ( ရွှေမိုးရယ်၊ ငွေမိုးရယ်၊ ဝေဖြိုးတယ်၊ မင်းတို့ကျင့်ဖွယ် တင့်တယ်ရှာကြတယ် )2 သတ္တဝါများကို အစဉ်တကယ်၊ ရင်ဝယ် သားပမာ၊ ထားရှာလေအားတယ်။


စိတ်ကူးနေမယ်

ရေး-တက္ကသိုလ်လှ    ဆို-မေရှင်

( ဟိုအရင် ငယ်စဉ်တုန်းက အချစ်ဦးသက်လှယ်ရယ်၊ တူစုံမောင်မယ်ရင်းနှီးစွာ ပျော်ရွှင်လာခဲ့မယ်)2ခင်နဲ့ မောင်မယ်၊ ချစ်ချင်းဆက်သွယ်၊ အပြစ်ကင်းလျက်နှယ်၊ တင်းမတိမ်နိုင်ဆို အို…ရှေ့သွားနောက်လိုက်ညီလွန်း လှတယ် တကယ်၊ ပျိုသက်လှယ်၊ ယုံပါတော့ကွယ်၊ မကြာမီဘဲ နီးဖို့သာ တောင်းဆုရွယ်၊မြတ်ဘုရားမှာလေ၊ အမြဲပဲ မလွဲတယ်။

တကယ်ပင် နေ့စဉ် စိတ်ကူးရင်း ရူးဖို့ပြင်၊ စားသောက်လို့မဝင်၊ သြော်…သနားသင့်ပေါ့ထင်၊ ဘယ်လိုပင် ခင့်စိတ်ကို တင်းတော့ကွယ်၊ မေ့ဘူးမောင်ရယ်၊ စိတ်ကူးနဲ့နေတော့မယ်။

ငွေသော်တာ အို…လမင်းရိပ်ဝယ်၊ မောင်နှံပျော်မြူးခဲ့တယ်၊ ထင်မြင်တယ်၊ ပျိုစိတ်ကူးလို့ရယ်၊ ခင်မင် တွယ်တာ၊ ချစ်စခင်စဝယ်၊ ပျော်ရွှင်ဖို့ အို…ရှေ့သွားနောက်လိုက် ညီလှတယ်၊ စိတ်ကူးနဲ့နေတော့မယ်။ တကယ်ပင် နေ့စဉ် စိတ်ကူးရင်း ရူးဖို့ပြင်၊ စားသောက်လို့မဝင်၊ သြော်…သနားသင့်ပေါ့ထင်၊ ဘယ်လိုပင် ခင့်စိတ်ကို တင်းတော့ကွယ်၊ မေ့ဘူးမောင်ရယ်၊ စိတ်ကူးနဲ့နေတော့မယ်။


ကိုယ်ပိုင်မေတ္တာ

ရေး- သဟာယဆရာတင်    ဆို-မေရှင်

ပျိုပိုင်ဆိုင်တဲ့ မေတ္တာပန်းကိုသာ၊ ကိုကိုကလည်း ခူးဆက်လို့ ဆင်မြန်းချင်တာ၊ ( ချစ်ပန်းဝတ်လွှာချစ်မေတ္တာ၊ မွှေးတကြူကြူပါ၊ ချစ်သွေးတူတူသာ၊ ဆွတ်ခူးတာ၊ ထူးတဲ့ခိုင်မာလာ။)2 ပန်းရုံအောက်မှာစောင့်တာ၊ ချစ်သူရောက်လာတော့ကာ၊ ထုံဝတ်ရည် ကြိုင်လှိုင်ဖြာ၊ လှသက်ထားမှာ၊ အသည်းကြားကကိုယ်ပိုင်မေတ္တာ၊ ခင့်ဖူးစာဖက် စစ်လို့သာ၊ ပျိုပျိုအခွင့်ပေးတာ။

ရွှေ၊ ငွေ၊ ရတနာ ပစ္စည်းဥစ္စာ၊ ဘယ်ဟာနဲ့မှ မယှဉ်သာ၊ မင်းစိုးရာဇာ ဂုဏ်ပါဝါ၊ စိုးမိုးမရပါ ကိုယ်ပိုင်မေတ္တာ၊
(ပိုင်ဆိုင်သူ ပျို့အချစ်ဦးသက်လျာ၊ ခူးဆွတ်ရက်ပါ )2 မေတ္တာပန်းဖူးခက်လွှာ။

တစ်မိနစ်တည်းသာ၊ တစ်စက္ကန့်တည်းသာ၊ ချစ်သူနဲ့တွဲကာ၊ နေထိုင်ရတဲ့အခါ စိတ်ပျော်တာ၊ ပျို့မေတ္တာ ကြီးမားတာ၊ ခင့်မေတ္တာ ကြီးမားတာ၊ မောင့်အပေါ် အမြဲသာ၊ မရှက်လည်း မရှက်နိုင်ပါ၊ ( လေယူရာ တိမ်းခဲ့လို့၊ ယိမ်းနွဲ့နေရှာ )2 ချိန်းတဲ့ရက်တွေသာ၊ လာခဲ့ပါ။

( ခင်ခင်ရဲ့မာလာပန်းလွှာ၊ ရွှေတံချူနဲ့ချူပုံဆန်းတာ၊ ပျို့အသည်း ကျွမ်းလောက်စရာ၊ မောင့်မေတ္တာ ရေဖြန်းတာ )2 ချစ်မိတဲ့အခါမှာ၊ ရွှင်လန်းစွာ၊ သစ္စာဆင်မြန်းကာ၊ ခင့်ပန်းကလေး ညှိုးနွမ်းမှာလည်း သနားစမ်းပါ။

ရွှေ၊ ငွေ၊ ရတနာ ပစ္စည်းဥစ္စာ၊ ဘယ်ဟာနဲ့မှ မယှဉ်သာ၊ မင်းစိုးရာဇာ ဂုဏ်ပါဝါ၊ စိုးမိုးမရပါ ကိုယ်ပိုင်မေတ္တာ၊
( ပိုင်ဆိုင်သူ ပျို့အချစ်ဦးသက်လျာ၊ ခူးဆွတ်ရက်ပါ )2 မေတ္တာပန်းဖူးခက်လွှာ။

Thursday, January 14, 2010

ပြည်သူချစ်သော မေရှင် (၉)

မယ့်သဉ္ဇာ

ရေး-ခေတ္တရာအေး ဆို-မေရှင်

ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော်နေမှာ၊ မယ့်ဖူးစာဖက် ကို စောင့်လို့သာ၊ ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော် နေရှာ၊ ဖော်ကင်းတဲ့ ပန်းဝတ်လွှာ၊ မျှော်ရင်းနဲ့ လွမ်းတော့မှာ၊ အို…..သော်တာမင်း ဖေးမပါ။

မောင့်ကိုမျှော်မှန်းကာ နေ့တိုင်းပင် စိတ်ထဲမှာ၊ ရှင့်ကို ရည်မှန်းကာ၊ ညတိုင်းပင် စိတ်ထဲမှာ၊ လှပျိုသက်ထားမှာ၊ စောင့်စားကာ၊ ချစ်သူကို ဘယ်ဝယ်မြန်းနေရှာ။

လှပျိုသက်ထားမှာ၊ မောင်ကသာ အစဉ်စွဲမှာ၊ ခင့်သဉ္ဇာခန်းကို လာခဲ့ပါ၊ ပျိုကမှာ၊ ချစ်သူမောင်ကသာ၊ လွဲခွာ၊
မေတ္တာတော်ရှောင်ဖယ် အားပေတာ။

ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော်နေမှာ၊ မယ့်ဖူးစာဖက်ကို စောင့်လို့သာ၊ ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင် စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်းမျှော်နေရှာ၊ ဖော်ကင်းတဲ့ ပန်းဝတ်လွှာ၊ မျှော်ရင်းနဲ့ လွမ်းတော့မှာ၊ အို…..သော်တာမင်း ဖေးမပါ။



ခေတ်ပြောင်းချိန်

ရေး-သဟာယဆရာတင် ဆို-မေရှင်

တို့မြန်မာတွေ ဟိုရှေးယခင်၊ ခေတ်ကောင်းစဉ်က အောင်စည်အောင်မောင်းရယ်၊ ရိုက်ညောင်းကာရွယ်၊သာယာ စည်ကားခဲ့တယ်။

( ရွှေဘုံရွှေနန်း တင့်ဆန်းတဲ့ ပလ္လင်ပျံဝယ်၊ သာကီနွယ်ဝင် မင်းစဉ်မင်းဆက်၊ ရှေးအထက်စိုးမိုး အုပ်ချုပ်ကာ စံမယ်)2 ရွှေဘုန်းရှင် နေတနှုန်းအသွင်၊ တစ်ပြည်လုံး ဂုဏ်သမ္ဘာကြွယ်၊ ခုနေခါမယ် ထီးကျိုးစည်ပေါက် ပလ္လင် ပျောက်ကွယ်၊ လွမ်းစရာတွေ အသွယ်သွယ်၊ တို့မြန်မာမင်းရယ် ကြမ္မာငယ်ယိုယွင်းတယ်၊မထင်လင်းတော့တယ်၊ ရာဇာသနင်းရယ်။

( ရှေးကုသိုလ်ကံ မှေးတယ်၊ တို့များမြန်မာ သံဝေဂရွယ်၊ ဘုရားသော်မှာ ဝဋ်ကြွေးလယ် )2 မျှော်မှန်းကာရွယ် မြန်မာပြည် မကြာမီ ကိန်းကောင်းဆိုက်လို့ရယ်၊ ခေတ်ပြောင်းချိန်လည်း ရည်ရွယ်စောင့်တော့တယ်။

( မှူးကြီးမတ်ရာ သေနာပတိရယ်၊ ပညာရှိတဲ့ ကဝိတွေအလယ်၊ ဘုန်းကံရှင်အပေါင်းတို့၊ ညီလာခံညောင်းတယ်။ )2 သက်ဦးဆံပိုင်ဆိုပေမယ့်၊ မင်းကျင့်တရားနဲ့ညီတယ်၊ ခုခေတ်ပြောင်းရင် ကောင်းစားလိမ့်မယ်၊ အောင်စည် အောင်မောင်း ရိုက်ညောင်းလို့ရယ်၊ တိုင်းပြည်သာယာမယ်၊

( ဗြဟ္မာစိုရ်တရားတွေ သုံးလို့ရယ်၊ မုန်းတဲ့စိတ်တွေပယ်၊ ခေတ်ကောင်းရောက်ဖို့ မဝေးပါတယ်၊ သွေးစည်းကြပါ မွန်-မြန်မာတွေရယ်)2 မင်းကြီးရန်နောင် ပုံပမာထားလို့ရယ်၊ သတ္တိလက်ရုံး တစ်ကျွန်းလုံးမှတ်စေဖွယ်။

( ရှေးကုသိုလ်ကံ မှေးတယ်၊ တို့များမြန်မာ သံဝေဂရွယ်၊ ဘုရားသော်မှာ ဝဋ်ကြွေးလယ် )2 မျှော်မှန်းကာရွယ် မြန်မာပြည် မကြာမီ ကိန်းကောင်းဆိုက်လို့ရယ်၊ ခေတ်ပြောင်းချိန်လည်း ရည်ရွယ်စောင့်တော့တယ်။



ချစ်ပန်းလွှာ

ရေး-ခေတ္တရာအေး ဆို-မေရှင်

သင်းကြည်အေးတဲ့ လေညင်းသွဲ့ဖြာ၊ ပန်းမာလာမွှေးတဲ့အခါ၊ ဥယျာဉ်ထဲမှာ ပျိုနဲ့တွဲကာ၊ မောင့်ရင်ခွင်ထဲကသာ၊ တေးသံကြူးလို့ ပျော်မြူးခဲ့တာ၊ ခင်မြင်မိသေးတော့သာ၊ ဖူးစာပွေလီလိမ်ညာ၊ အကြောင်းကံ အလွန်ဝေးတာ။

ပြာလဲ့မှာ မှေးရိပ်ရောင်ဝါ၊ ရွှေယုန်သာ တမ်းတသူ လွမ်းဖို့ဖန်လာ၊ ကျီစယ်ကာ မာန်ပျိုးကာ လှောင်အားပိုတာ၊ ပျို့ရင်အုံညှာမှာ၊ ခင်းကြုံလို့ အလိုလိုစိတ်ထဲ စွဲမိတာ၊ ဖော်ကင်းတဲ့ မယ့်စက်ရာမှာ၊ ခွေယိုင်ကာ၊ စိမ်းကို ရက်စက်နိုင်လွန်းလှတာ၊ ကြင်နာပါ ချစ်ပန်းလွှာ။

ပျို့ဒါလင်ကြင်ရာ၊ စောင့်စားလို့ တမ်းတကာ၊ မယ့်ရွှေရင်အုံမှာ၊ ဇောစိတ်ဝေဖြာ၊ ဖူးစာရှင်ရယ် ဆောင်ပို့ပါ ခင့်လိပ်ပြာ၊ ပျို့မောင်ဆီကိုသာ ရောက်ဖို့ရာ၊ တူနှစ်ကိုယ် ကြင်ကာ ပေါင်းဖက်နိုင်ဖို့ရာ၊ ဖေးကူပါ ဒေဝါ တောင်းပန်ရတာ။

ပျားပိတုန်းတို့ စံပျော်ရာ၊ အာသာဝတီပန်းဝတ်လွှာ၊ သုံးဆွတ်မြူးနေရှာ၊ ဖူးရွှေစာ သဲမြညှာ၊ အကြင်နာစွဲတဲ့ သူကို လွှဲရက်တာ၊ ဘယ်ဆီဘယ်မှာ သတ္တဘာဂ လမ်းပြပါ၊ ပျိုမေကို ဆောင်ကြဉ်းလို့သာ ကယ်ယူပ။ါ

ပြာလဲ့မှာ မှေးရိပ်ရောင်ဝါ၊ ရွှေယုန်သာ တမ်းတသူ လွမ်းဖို့ဖန်လာ၊ ကျီစယ်ကာ မာန်ပျိုးကာ လှောင်အားပိုတာ၊ ပျို့ရင်အုံညှာမှာ၊ ခင်းကြုံလို့ အလိုလိုစိတ်ထဲ စွဲမိတာ၊ ဖော်ကင်းတဲ့ မယ့်စက်ရာမှာ၊ ခွေယိုင်ကာ၊ စိမ်းကို ရက်စက်နိုင်လွန်းလှတာ၊ ကြင်နာပါ ချစ်ပန်းလွှာ။



Sunday, November 29, 2009

ပြည်သူချစ်သော မေရှင် (၈)


လဲ့လဲ့ဝင်း


ရေး- စန်းသော်တာ ဆို-မေရှင်

( မှိုင်းမှုန်ပြာဝေ၊ တိမ်ညိုပန်း သန်းတဲ့အခြေ၊ နံ့သာလှိုင်ဝေ၊ စိမ့်ကြီး၊ မြိုင်ကြီး လန်းဆန်းပေ )2 စန်းငွေယုန် သာပုံ ဆန်းလှတဲ့အခြေ၊ ( တိမ်ကြိုကြားမှာ သွားကာပျော်ရွှင်ပေ၊ မှိန်ခြည်လင်းခြေ၊ ခင့်ကိုလေ တွေးရခက် အောင် လှောင်လို့ပြောင်လို့ နေပင်နေသလား )2

သံပြိုင်။ ။ ချစ်တဲ့သူတွေ့ဖို့အခြေ၊ ခင်လေစိတ်ကူးနေ၊ တော်ဝင်ညွန့်ဖူး ပြန်ပြူးခဲ့လို့ညှာသံ ရွှေရည်ဝေ၊ လဲ့လဲ့ရယ် ဝင်းလို့နေ၊ စန္ဒာယုန်မင်းရေ၊ ဟိုကျွန်းသည်ကျွန်း သင်ယွန်းကာလေ၊ ခင့်ကိုယ်စား ရှာချေ။

( စိမ့်ကြီး၊ မြိုင်ကြီး၊ ရိပ်ကြီး သာယာပေ )2 စိမ့်ကြီး၊ မြိုင်ကြီး၊ ရိပ်ကြီး မာလာပန်းတွေ၊ စန်းငွေရိပ်အောက်ခြေ၊ အပန်းဖြေလို့နေ၊ ကျင်လည်တဲ့ဘုံတွေ၊ သန်းခေါင်အခြေ၊ လေပြေ တသင်းသင်းတိုက်လို့နေ၊ ခင်လေ ထင်ရာ မြင် ရာ ငေးလို့တွေးမိသလေ။

( စန္ဒာယုန်ငွေရထားရေ၊ ကြုံစကား မှာလိုက်ပါရစေ၊ ကျွန်းလှည့်လို့ ယွန်းတဲ့အခါဝယ် ခွန်းဖွဲ့ခဲ့ဖိုလေ )2

သံပြိုင်။ ။ ချစ်တဲ့သူတွေ့ဖို့အခြေ၊ ခင်လေစိတ်ကူးနေ၊ တော်ဝင်ညွန့်ဖူး ပြန်ပြူးခဲ့လို့ ညှာသံရွှေရည်ဝေ၊ လဲ့လဲ့ရယ် ဝင်းလို့နေ၊ စန္ဒာယုန်မင်းရေ၊ ဟိုကျွန်းသည်ကျွန်း သင်ယွန်းကာလေ၊ ခင့်ကိုယ်စား ရှာချေ။


ချစ်မှာလား

ရေး-သဟာယဆရာတင် ဆို-မေရှင်

ကျား။ ။ ( သူဇာပုံနှုန်း ချိုပြုံးတဲ့သူရယ်၊ စိတ်နှလုံးတော်ကြည်လှတယ် )2 ပင်ကိုယ်ချော အပြောမူယာကြွယ်၊ ဇမ္ဗူ ဒီပါဝယ်၊ ရှားလောက်ပေတယ်၊ အသားတော်ညိုပြာညက်ကယ်၊ ရွှေနန်းထွက်နဲ့ တူပါတယ် သက်လှယ် ။

မ ။ ။ ချစ်ရေးကိုမြှူတယ်၊ ကြိုက်ဖို့ဖြင့် ချူတယ်၊ ယုံလောက်အောင်ပဲကွယ်၊ တွေ့လိုက်ရင် ချွဲတယ်၊ အချစ်ကိုယုံ ပုံဖို့ခက်တယ်၊ ပျို့သက်လှယ်၊ နှောင်ခါ မောင်ရယ်၊ မကြည်ဖြူပဲနဲ့ ရက်စက်မယ် ။

ကျား။ ။ သူဇာခင်ရယ် အစဉ်ကွယ်၊ အသက်ထက်ဆုံးပေါင်းပါ့မယ်၊ ဘုရားမြတ်ရှေ့ဝယ်၊ သစ္စာလည်း ထားပါ့မယ် ။

မ ။ ။ နိဗ္ဗာန်နန်းပလ္လင် အတူဝင်မယ်၊ ဘုန်းမောင့်သက်လှယ် ယုံပါကွယ် ။

ကျား ။ ။ ခင့်ကိုချစ်ပါတယ်၊ ယုံပါတော့ကွယ်၊ မောင်မျက်ချယ်ရယ် ခင်မင်တယ် ။

မ ။ ။ ကြင်နာပါကွယ် မောင်ရယ်၊ ပျိုပျိုအားကိုးတော့မယ်၊ စိမ်းကားနဲ့ကွယ်၊ ချစ်မှာလားခင့်အပေါ်ဝယ်။

ကျား။ ။ ( ဂန္ဓမာသိ င်္ဂီတောင်ဝယ်၊ စန္ဒာကိန္နရီမောင်မယ်၊ တောင်ပံယှက်ကာ ချစ်ရှာတယ်၊ မေတ္တာကြွယ် )2 ရှစ်ကမ္ဘာ ကုန်လည်းမပစ်ပယ်၊ အနှစ်တစ်ရာကုန်လည်း ချစ်မယ်၊ အသစ်တွေ ဘယ်လိုကောင်းကွယ်၊ အဟောင်း ကိုတော့ တလယ်လယ်ပါ ခင်ရယ် ။

မ ။ ။ ရွှန်းရွှန်းဝေတယ်၊ အလွမ်းစကားနဲ့ နှုတ်လျှာပွန်းအောင်ကွယ်၊ ပျိုမေစွဲအောင် ချွဲတတ်ပေတယ်၊ အသည်းထဲ အမြဲပဲသနားဖွယ်၊ ယောင်္ကျားတွေ မုသားစကားကြွယ်၊ မောင်ကလည်း ယုယလို့ချစ်မှာလား ခင့်အပေါ်ဝယ်၊ နောင်ရေးကို ပျိုတွေးမိတယ် ။

ကျား။ ။ သူဇာခင်ရယ် အစဉ်ကွယ်၊ အသက်ထက်ဆုံးပေါင်းပါ့မယ်၊ ဘုရားမြတ်ရှေ့ဝယ်၊ သစ္စာလည်း ထားပါ့မယ် ။

မ ။ ။ နိဗ္ဗာန်နန်းပလ္လင် အတူဝင်မယ်၊ ဘုန်းမောင့်သက်လှယ် ယုံပါကွယ် ။

ကျား ။ ။ ခင့်ကိုချစ်ပါတယ်၊ ယုံပါတော့ကွယ်၊ မောင်မျက်ချယ်ရယ် ခင်မင်တယ် ။

မ ။ ။ ကြင်နာပါကွယ် မောင်ရယ်၊ ပျိုပျိုအားကိုးတော့မယ်၊ စိမ်းကားနဲ့ကွယ်၊ ချစ်မှာလားခင့်အပေါ်ဝယ်။


မောင့်လိပ်ပြာ

ရေး- သဟာယဆရာတင် ဆို-မေရှင်

( ရွှေလိပ်ပြာယောင် ချစ်တဲ့သူကသာ၊ ဟန်ဆောင်လို့သာ ပျံဝဲတာ၊ ခင့်သဉ္ဇာခန်းတဝိုက်မှာ ပန်းလိုက်လို့ ရှာကာ၊ သူနားမှာ မောင့်အပေါ်မှာ ပျိုကညာ၊ ချစ်ဇောဖြာ၊ မျှော်နေဆဲခါ၊ ပန်းရွှေလိပ်ပြာ သူအတင့်ရဲကာ၊ ပျို့အဆောင် တော်ထဲသာ ပျံဝဲလာ )2 လိုချင်သူ ချော့မော့ကာ ဖမ်းလို့ဆီးလို့မရပါ၊ ရွှေသဉ္ဇာခန်းဝမှာ လူးလာ၍သာ ပျံသန်း တာ၊ အင်မတန်ဆန်းတဲ့ ပန်းလိပ်ပြာ မောင်းလို့လဲ မရပါ။

သံပြိုင်။ ။ ( လက်ပေါ်နားပါဆိုတဲ့အခါ၊ မကြည်သာ မောင့်လိပ်ပြာ၊ သူကတော့ ခင့်ကိုစိတ်နာ )2 ခင့်ရင်ခွင့် ခိုင်စုံ ပန်းငုံလွှာ၊ မနွမ်းရအောင် စောင့်ရှောက်မှာ၊ မောင့်လိုလိပ်ပြာမျိုး ပျိုကြောက်တာ။

( အို…ရွှေလိပ်ပြာဟာ တို့အိမ်ထဲမှာ )2 ချစ်တဲ့သူရဲ့ကိုယ်စားလှယ်လွှတ်လိုက်တယ်လို့သာ ပျိုထင်တာ၊ ဝဲပျံကာ နီမြန်းတဲ့ ပါးကလေးမှာ၊ လိပ်ပြာယောင်ဆောင်ကာ၊ သူနားလို့သာ သွားသေးတာ၊ ပျို့ဆောင်သဉ္ဇာ အိပ်ယာနား မှာ၊ ပြေးလွှားလို့သာ ပျော်မြူးတာ။

သံပြိုင်။ ။ ( လက်ပေါ်နားပါဆိုတဲ့အခါ၊ မကြည်သာ မောင့်လိပ်ပြာ၊ သူကတော့ ခင့်ကိုစိတ်နာ )2 ခင့်ရင်ခွင့် ခိုင်စုံပန်းငုံလွှာ၊ မနွမ်းရအောင် စောင့်ရှောက်မှာ၊ မောင့်လိုလိပ်ပြာမျိုး ပျိုကြောက်တာ။


Wednesday, November 4, 2009

ပြည်သူချစ်သော မေရှင် (၇)

ဖူးစာပိုင်

ရေး- မြို့မငြိမ်း ဆို-မေရှင်

( မြင်လျှင်မြင်ခြင်းပင်၊ တသင်းသင်း ချစ်ရနံ့ကြိုင်ကြိုင်၊ စွဲမိပေါ့ ပျိုသည်းညှာရွှေဆိုင်၊ နှစ်ကံပိုင် ဖူးစာပိုင်ထင်ရဲ့၊ ခင်မင်တာ၊ ကြင်နာတာ၊ စေတနာတွေ ပိုလို့မြိုင် )2 အချစ်နဲ့ယှဉ်ပြိုင်၊ ပျို့စိတ်ကို မပိတ်ပင်နိုင်၊ ရင်ဆိုင် ချစ်သူ ကိုယ်တိုင်သာဖြင့်၊ ကျွေးချင်၊မွေးချင်၊ပေးချင်၊ကမ်းချင် စိတ်ဇောလှိုင်၊ ယုယစွာ ပိုင်ပိုင်နိုင်နိုင်၊ မယ်ချစ်ဦး ထူးတဲ့ ဖူးရွှေစာပိုင်။


သံပြိုင်။ ။ တူပြိုင်မြတ်ဘုရားရှေ့ ရှစ်ဂူလှိုဏ်၊ လှစ်ကြူးမြွက်ရှက်မနေနိုင်၊ မှန်သရွေ့ ဖန်စေ့ရေလယ် ပိုင်ပိုင်နိုင်နိုင် သစ္စာထူးတိုင်၊ မြဲခိုင်ခိုင် ဖူးရွှေစာပိုင်၊ ကြူးမသွေနိုင်ပါစေ၊ မယ်နဲ့သာ လျှောက်ထားချက်ပိုင်၊ အချစ်ပို မြင်းမိုရ်လုံးမေဆိုင်၊ လေးဒီပါ သီတာရေမြေဆုံးတိုင်၊ မမုန်းနိုင် မယ့်ဖူးစာပိုင်။


( ဘယ်သူဘယ်ဝါဖျက်တောင် မယိုင်၊ ပျို့အသည်းစွဲ ဖူးစာပိုင်၊ ခေမာသောင်ကမ်းသာတိုင်၊ ကူးမယ့် နှစ်ဦး တူပြိုင် )2 ရုံးညာပိုင်ဦး သဉ္ဖာကြော၊ လယ်တွင်ကြားက လေသွေးအေးမှာ တွေးလို့ငိုင်၊ ခင့်ဖူးစာ မောင်သာပိုင်၊ ကိုယ်တိုင်ပိုင်ပိုင် ဘယ်သူနဲ့မဆိုင်၊ သံသရာရေယာဉ်ကြောဝယ်၊ မျောချင်မျောပစေ မဖြုန်ဘူး ဆယ်ကမ္ဘာတိုင်။


သံပြိုင်။ ။ တူပြိုင်မြတ်ဘုရားရှေ့ ရှစ်ဂူလှိုဏ်၊ လှစ်ကြူးမြွက်ရှက်မနေနိုင်၊ မှန်သရွေ့ ဖန်စေ့ရေလယ် ပိုင်ပိုင်နိုင်နိုင် သစ္စာထူးတိုင်၊ မြဲခိုင်ခိုင် ဖူးရွှေစာပိုင်၊ ကြူးမသွေနိုင်ပါစေ၊ မယ်နဲ့သာ လျှောက်ထားချက်ပိုင်၊ အချစ်ပို မြင်းမိုရ်လုံးမေဆိုင်၊ လေးဒီပါ သီတာရေမြေဆုံးတိုင်၊ မမုန်းနိုင် မယ့်ဖူးစာပိုင်။


မြတ်လေးငုံ

ရေး- စန်းသော်တာ ဆို-မေရှင်

( မြတ်လေးငုံဖူးစမို့ ညိုပြာရီထူးတဲ့ ရာသီ၊ ပျိုပြုစုစိုက်ပျိုးတဲ့၊ ဝတ်မှုန်နီ ပွင့်လန်းလို့စီ )2 ( မြိုင်ဝနာ စမ်းစိမ့်က ရွှေနဂျီပျံသန်းခဲ့ပြီ )2 ခိုင်ဝတ်ရီ သောက်စားလို့နေပြီ၊ သြော်…ပျိုချစ်လို့ အရေးပေးခဲ့ပြီ။

( သော်ကရွက်ရည် နီမြန်းလို့လန်းသည်၊ ပျိုချစ်တဲ့သူ ရွှေနဂျီ၊ ပန်းကောင်းဝတ်ရည် သောက်စို့ခဲ့ပြီ၊ ပျို့ရင်တွင်း ဆွေးရပြီ )2

ရွှေနဂျီ ဝတ်ရည်သုံးကာ မြန်းရှာပေါ့အတည်၊ ပျိုပျိုမေ (လိုက်လို့သာ )2အကြောင်းကြားချင်သည်၊ ရွှေနဂျီ ပန်းမြတ်ရည်၊ ညှိုးနွမ်းလို့ မြန်းကြွရှာပြီ၊ ဘယ်ဋ္ဌာနီ (လိုက်ရမယ် )2အတည်၊ ပျိုမေရှင် ရှာချင်သည်၊ လိုက်လို့သာ ရှာချင်ပါသည်၊ မြိုင်ခွင်တောဆီ အုံမှိုင်းရီ ( စိန္တေဦးမှာ ဆုထူးရည် )2 ပျိုမေတွေ့အောင် ရှာဦးမည်။

( သော်ကရွက်ရည် နီမြန်းလို့လန်းသည်၊ ပျိုချစ်တဲ့သူ ရွှေနဂျီ၊ ပန်းကောင်းဝတ်ရည် သောက်စို့ခဲ့ပြီ၊ ပျို့ရင်တွင်း ဆွေးရပြီ )2


ချစ်သဲညှာ

ရေး- ခေတ္တရာအေး ဆို-မေရှင်

စန်းစသော်တာ ရောင်ရှက်ဝေဖြာဖြာ၊ လွန်သာယာ ထူးတဲ့ချိန်ခါ၊ လေညင်းလေး သင်းသင်းသွေးရှာ၊ ပျိုချမ်းလို့တုန်ပြီ အေးလွန်းတာ၊ ချစ်တဲ့သူမောင် ဘာကြောင့်မပေါ်လာ နေနိုင်တာ၊ စောင့်နေသူမှာ မောင့်စိတ်ကြောင့်သာ၊ ပျိုမေလွမ်းလှပြီ ချစ်သည်းညှာ၊ ရွှေစံပယ်နွမ်းတော့မှာ။


ခင်မင်တာတွေ အဖြာဖြာ၊ ပျိုစွဲလွန်းလို့သာ ကြင်နာ၊ မောင့်မောင့်ကိုလည်း စွတ်နှစ်ကာ၊ ပျိုမေရှင်ရဲ့ ချစ်သည်းညှာ၊ မောင့်အပါး ခစားကာ၊ သွေမကွာ ကြင်စဦးချစ်သူမှာ၊ တူစုံတွဲ မခွဲခွာနိုင်ပါ၊ အချစ်ဦးကြောင့် ရူးနေရှာ၊ ပျော်ပျော်ရွှင်စရာ၊ မောင်နဲ့တွေ့ဖို့ ပျိုကညာ၊ ရွှေလည်တိုင်ကလေး ဆန့်လို့သာ၊ ပျိုမေရှင်က မျှော်နေတာ။

Wednesday, October 14, 2009

ပြည်သူချစ်သော မေရှင် (၆)

မယ်ခုမျှော်

ရေး- တက္ကသိုလ်စိုး ဆို-မေရှင်

( မှန်ရွှေပြူပြတင်းဝယ်နော်၊ မျှော်ကာရမ်းလို့သာတွေးမျှော်၊ အာရုဏ်ဆော်ကြူးလို့လင်းသော်၊ ပျိုမေ စောင့်လို့ သာနော်၊ သန်းကောင်ယံထဲကနော်၊ ပေါ်လာမယ် စောင့်လို့မျှော်၊ တွန်ချိန်သံရောက်လို့ပျိုဆွမ်း ကပ်ချိန်ရောက်ခဲ့သော်၊ ကြက်ဖတွန်ကြူးကျော် )2

( စိန်ခြူးကြာညောင် လရောင်လင်းသော်၊ မှန်ရွှေပြူ ပြတင်းကနော်၊ သန်းခေါင်ဦး မယ်ခုမျှော် )2 သုံးချက် စည်တော်၊ စည်တော်၊ ရိုက်ဆော်ညှင်းသော် လင်းအောင် မယ်ခုမျှော်။

( စိမ်းကားလွန်းပါသော်၊ ဖိုးရွှေလကို ပြောလိုက်ပါသနော်၊ ချစ်မိတဲ့သူ့အပေါ်၊ ဘယ်ဆီမှာပျော် )2 ခေါ်ပေးပါ လားလို့နော်၊ တွေ့ရမှာရွှင်ပျော်၊ စိတ်သက်သာမနော်၊

(စိန်ခြူးကြာညောင် လရောင်လင်းသော်၊ မှန်ရွှေပြူပြတင်းကနော်၊ သန်းခေါင်ဦး မယ်ခုမျှော် )2 သုံးချက် စည်တော်၊စည်တော်၊ ရိုက်ဆော်ညှင်းသော် လင်းအောင် မယ်ခုမျှော်။

ပျိုမေချစ်တဲ့ မောင့်ရူပါ ရေးရေးသာအမြဲနော်၊ ရစ်ကာသာဝဲလို့ပေါ်၊ ချစ်တာသာပဲ ပဓာနလို့ထင်သော်၊ ဆယ်ဘဝမို့ ကြင်မနော်၊ လွမ်းလှပါပေါ့နော်၊ တမ်းတရည်လို့မျှော်၊ ( တွေးလို့သာ ရမ်းရော် )2 သနားလှသင့်ပါနော်၊

( စိန်ခြူးကြာညောင် လရောင်လင်းသော်၊ မှန်ရွှေပြူပြတင်းကနော်၊ သန်းခေါင်ဦး မယ်ခုမျှော် )2 သုံးးချက် စည်တော်၊စည်တော်၊ ရိုက်ဆော်ညှင်းသော် လင်းအောင် မယ်ခုမျှော်။

မိန်ရာသီ
( ပြည်လှဖေနှင့် တွဲဖက်သီဆိုသည်။)

ရေး-ရန်နိုင်စိန် ဆို-မေရှင်

မ ။ ။ ခါနွေဦးရာသီ၊ ရွှေအင်ကြင်းဂေါ်ဖီ၊ ရင်ပေါင်တန်းလို့စီ၊ ပင်ချင်းယှက် ဖူးပွင့်ပေသည်၊ ကျူးရင့်ဥသြ ငှက်တွေ ရွှေလည်တွဲ ပျံဝဲချီ၊ ခါနွေမိန် ရာသီ။

ကျား ။ ။ ( ရွှေပိတုန်းတွေ မာလာဝတ်ရည်၊ နွေရာသီ၊ အတာရေဆွတ်ချီ၊ မယ်နဲ့တူညီ )2သစ္စာတော်ပန်း ချူတော့မည်၊ မေတ္တာတော်ပန်း ချူတော့မည်၊ အချစ်ဦးပျိုမဒီ၊ စိတ်ကြည်နူးဖွယ်၊ ထူးတဲ့ မိန်ရာသီ။

မ ။ ။ မိန်ရာသီ တပေါင်းလမှာ၊ မေတ္တာဆုံကြသည်၊ ချိန်ခါနွေ လန်းဆန်းညွန့်စီ၊ ချစ်ဖို့ ကြုံကြိုက်သည် နွေရာသီ ညောင်းရွက်ချီ၊ ပေါင်းဖက်ချင်လှပြီ၊ ဆိုတေးသံ နှစ်လည်ပြီ၊ ချစ်တဲ့သူ မောင်မယ် ၊မြူးဖွယ် ထူးတဲ့ မိန်ရာသီ။

သက်ဝေ
ရေး-မြို့မငြိမ်း ဆို-မေရှင်

မ ။ ။ ( သစ္စာမဏ္ဌိုင် မြဲခိုင်ခဲ့ပေ၊ မေတ္တာမိုးတွေ သွန်းဖြိုးရွာစေ၊ အသည်းမှာစွဲတယ်၊ အသက်ကို ပုံမယ်လေ )2 တစ်ကိုယ်လုံးသိမ်းကျုံး လိုရာသုံးသက်ဝေ၊ အပြုံးမပျက်ပေါင်၊ စိတ်ရှည်လက်ရှည်၊ အချစ်အတွက် အသက်ပင် သေသေ၊ အသွေးယူ၊ အသားလှူ စိတ်တူတယ်၊ ရယ်ရယ်ပြုံးပြုံး မဒ္ဒီဒေဝီ၊ ဝေဿန်ဘုန်းလို နှလုံးပြုကာ ကြည်ဖြူ မယ်လေ၊ သက်ဝေဆိုသမျှ အလိုကျ၊ ကိုယ်ရောစိတ်ပါ လိုက်လျော ပါ့မယ်လေ ။

ကျား။ ။ ( ဓူဝံကြယ် မြေမှာခကြွေ၊ ကောင်းကင်မှာနေ၊လတွေကွယ်စေ၊ မြမြင်းမိုရ်ပြိုအက်ကာကြေ၊ သွေကွက် မယ် စိတ်ဝယ်မသွေ )2 ချစ်တဲ့သူ အမူတုံးကလေးက၊ တိမ်စင်လနှယ် အလှကြွယ်ရှာပေ၊ ကြာကြာလေ မရိုးတဲ့ အပြင်၊ ဆထမ်းပိုးတိုးတဲ့အချစ်တွေ၊ ကမ္ဘာမြေအသေင်္ချလဲတောင်၊ မကွဲအောင် တောင်းဆုခြွေ၊ သက်ဝေချစ်မက် မပြေတယ်လေ ။

မ ။ ။ ခိုင်းတော့သက်ဝေ၊ အချစ်စမ်းချင်စမ်း၊ မစမ်းချင်နေ၊ ထူးတဲ့ ခင်မင်တာတွေ၊ အသက်ကို စွန့်ရတောင် ပင်၊ မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ ။

ကျား ။ ။ မခိုင်းရက်ဘူးကွယ့်၊ ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ၊ ရှေ့ကမောင်သာ အစဉ်နေ၊ အသက်နဲ့ ထပ်တူ ကြင်မလေ၊ ရင်ကိုခွဲလို့ အသည်းကင်ပါစေ၊ ချစ်သက်ဝေနှမ စိတ်တိုင်းကျကျ၊ ပျော်သလိုနေ၊ လှသည်ထက် လှမယ်ဆိုရင်၊ ဆေးဖက်ဝင်ပါသလား မောင့်အသားတွေ၊ မောင့်အသွေးတွေ၊ မောင့်အသည်းတွေ၊ မောင့်နှလုံးတွေ၊ အသုံးပြုပါလေ၊ ကြည်ဖြူပါတယ် လိုရာကိုယူစေ ။

မ ။ ။ ( ဓူဝံကြယ် မြေမှာခကြွေ၊ ကောင်းကင်မှာနေ၊လတွေကွယ်စေ၊ မြမြင်းမိုရ်ပြိုအက်ကာကြေ၊ သွေကွက် မယ် စိတ်ဝယ်မသွေ )2 ချစ်တဲ့သူ အမူတုံးကလေးက၊ တိမ်စင်လနှယ် အလှကြွယ်ရှာပေ၊ ကြာကြာလေ မရိုးတဲ့ အပြင်၊ ဆထမ်းပိုးတိုးတဲ့အချစ်တွေ၊ ကမ္ဘာမြေ အသေင်္ချလဲတောင်၊ မကွဲအောင် တောင်းဆုခြွေ၊ သက်ဝေ ချစ်မက် မပြေတယ်လေ ။

Monday, October 5, 2009

ပြည်သူချစ်သော မေရှင် (၅)

ချစ်မိရင်

ရေး-စန်းသော်တာ ဆို-မေရှင်

( ပျိုချစ်သူကိုပင် နေ့နေ့ညည၊ ထာဝစဉ် ခင်မင်ပေါင်းသင်းမှာပင်၊ စိမ်းကားဖို့ဖြင့် ခင်မမြင်။ )
( အများပြောတာ မကြားချင် နားမဝင်၊ သဘောကောင်းမှန်ရင်၊ ဂုဏ်ကို မခင်ဘူးရှင်၊ အစဉ် ပျို့စိတ်ထဲတွင် )2
သံပြိုင် ။ ။ မောင့်ကိုပင် သက်ဆုံးပေါင်းမယ့် ခင်၊ အမှန်ပင် ရှစ်ကမ္ဘာပြုန်းလို့ကြေရင်၊ မေတ္တာတုံးဖို့ ခင်မမြင်၊ မောင့်ကိုပင် မမုန်းဘူး ချစ်မိရင်။

ယုံပါရှင် ချစ်မိခဲ့လို့ပင်၊ ပျိုပျိုခင် မောင့်ကိုစွဲပေါ့၊ အသည်းထဲမှာပင်၊ ယုံပါရှင် ဘွင်းဘွင်းပြောလိုက်ချင်၊ မောင်ယိမ်းလို့ တမ်းပါးကာ၊ စိမ်းကားနဲ့ ခင်ပြောချင်။

သံပြိုင် ။ ။ မောင့်ကိုပင် သက်ဆုံးပေါင်းမယ့် ခင်၊ အမှန်ပင် ရှစ်ကမ္ဘာပြုန်းလို့ကြေရင်၊ မေတ္တာတုံးဖို့ ခင်မမြင်၊ မောင့်ကိုပင် မမုန်းဘူး ချစ်မိရင် ။


စံပယ်ဖြူ

ရေး-စန်းသော်တာ ဆို-မေရှင်

ပန်းလှစံပယ် သင်းခက်နွယ် မာလာငွေကြယ်၊ မြင်ချင်ဖွယ်၊ ကြိုင်လှိုင်ကြူတယ် ဖြူစံပယ်၊ မနောမှာစွဲလို့ ချစ်မိတယ်၊ အို….မွှေးလွန်းလို့ကွယ်၊ ပန်ချင်စမ်းတယ်၊ ခူးဆွတ်ဖို့ရွယ်၊ စိမ်းလန်းလို့ နမ်းဖို့ကောင်းလှတယ်။

သံပြိုင် ။ ။ မွှေးမွှေးကြူလို့ ပန်းနုစံပယ်၊ အဟုတ်လှတယ်၊ အလွန်ပဲဆန်းကြယ်၊ (ထူးထူးခြားခြား လှိုင်တယ် )2 မာလာရုံပင်ပျိုပန်းစံပယ်၊ စိမ်းလန်းလို့ကွယ်၊ အို……ဖူးပွင့်ကြတယ်၊ စိန္တေယျာဦးရှေ့ဝယ်၊တူမောင်မယ် ပန်းကပ်မယ်၊ ပျော်ရွှင်စွာ ပေါင်းသင်းဖို့ရယ်၊ ခိုင်သစ္စာထားကြတော့မယ်။

သင်းထုံကြည် ဖူးပွင့်တဲ့ရုံကြီးမယ်၊ တူပျော်ပျော် ခူးဆွတ်ကြမယ်၊ ငွေစံပယ် ဝေဝေဆာဆာရယ်၊ ကုံးဆက်မယ်၊ မမုန်းတမ်းဘဲ ဘုန်းသက်လှယ်၊ ကျိန်ကာဆုထူး ကျမ်းရွက်ကာ အစဉ်တကယ်၊ သစ္စာ ၊ မေတ္တာထားပါ့မယ်။

သံပြိုင် ။ ။ မွှေးမွှေးကြူလို့ ပန်းနုစံပယ်၊ အဟုတ်လှတယ်၊ အလွန်ပဲဆန်းကြယ်၊ (ထူးထူးခြားခြားလှိုင်တယ် )2 မာလာရုံပင်ပျိုပန်းစံပယ်၊ စိမ်းလန်းလို့ကွယ်၊ အို……ဖူးပွင့်ကြတယ်၊ စိန္တေယျာဦးရှေ့ဝယ်၊တူမောင်မယ် ပန်းကပ်မယ်၊ ပျော်ရွှင်စွာ ပေါင်းသင်းဖို့ရယ်၊ ခိုင်သစ္စာထားကြတော့မယ်။


ချစ်ပွဲဝင်


ရေး- သဟာယဆရာတင် ဆို-မေရှင်

( မောင်နဲ့လည်းကျောင်းနေစဉ်၊ လွန်စွာပဲ စိတ်ပျော်ရွှင်၊ အတူတူပဲ ကစားလို့နေ့စဉ်၊ ပျိုမမေ့ပေါင်ရှင် )2ငယ်ရွယ်စဉ်ကတည်းကစွဲတဲ့ သံယောဇဉ်၊ ချစ်တဲ့သူ ယုံစေချင်၊ ရွှေမေတ္တာ မကုန်ဘူးရှင်၊ ပန်တော်ဦး ဖူးစာဖက်သခင် ပျိုစွဲမက်ပုံယဉ်။

( မေတ္တာတွေသက်ဝင်၊ ကရုဏာတွေသက်ဝင်၊ ချစ်သူမောင်နဲ့ဆုပန်ဆင်လို့ထင် )2ငယ်ငယ်တုန်းက ချစ်ရေစဉ်၊ အသည်းထဲမှာပင် စွဲမိနေပြီနော် ပျိုမေရှင်၊ မောင်ယုံစေချင်။

( အချိန်တန် အရွယ်ရောက်လာ၊ လူလားမြောက်ရင်၊ ချစ်သူနဲ့တွဲချင်၊ ဘုရားသွားကျောင်းတက်၊ နေ့စဉ် မောင်နဲ့ခင် )2 ပျော်ပျော်ရွှင်ရွှင်၊ အမြဲပင် ကျီစယ်ချင်၊ နှစ်ယောက်ထဲ လောကတွင်၊ တွဲဖက်လို့ပင် ချစ်ပွဲဝင်။

ထာဝစဉ် မောင့်ကို အားကိုးချင်၊ ကြည်ဖြူမှာလား မယ့်အပေါ်တွင်၊ အရေးယူ ဂရုစိုက် အလိုလိုက်ရင် အင်မတန် ကျေးဇူးတင်။

မေတ္တာတွေ……………………………………….. မောင်ယုံစေချင်။
အချိန်တန်……………………………………….. ချစ်ပွဲဝင်။
မေတ္တာတွေ……………………………………….. မောင်ယုံစေချင်။

Sunday, October 4, 2009

ပြည်သူချစ်သော မေရှင် (၄)

ဝတ်ပြုမယ်
( ပြည်လှဖေနှင့် တွဲဖက်သီဆိုသည်။)


ရေး-ရန်နိုင်စိန် ဆို-မေရှင်

မ ။ ။ (စားချိန်တန် စားဖို့ အရေးရယ်၊ အိပ်ချိန်တန် အိပ်ရဖို့အရေးရယ်၊ ကိုယ့်လင်ကိုယ့်သား စိတ်အေးရအောင် အသွယ်သွယ်၊ နေ့စဉ်ပဲ ဝတ်ပြုမယ်၊ အင်္ကျီ ပုဆိုး အမျိုးမျိုးဝတ်နိုင်ဖို့ရယ် မီးပူလည်း တိုက်ရမယ်။ )2

ကျား ။ ။ ချစ်သူကို မိန်းမအကြိုက်လိုက်တော့မည်၊ ပျိုနှစ်ခြိုက်တဲ့ ရှင်ရယ်၊ လင့်ဝတ္တရား ကောင်းခြင်းကွယ်၊ ချစ်သူကိုဖြင့်၊ မယားချောက ပျော်အောင်ထားပါ့မယ် ။


အောင်ခြင်းရှစ်ပါး

ရေး-သဟာယဆရာတင် ဆို-မေရှင်

အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ၊ စီးပွားဥစ္စာ အဟုတ်မကျန်အောင်မှာ၊ ကျန်းမာ ချမ်းသာပါလို့၊ ဘေးဘ ယာမဝိုင်း၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မှာ၊ ခုနှစ်ရက် သားသမီးများနဲ့၊ နတ်လူဗြဟ္မာ ။

သက္ကရာဇ်ကောဇာ တစ်ရာ့သုံးခုမှာ၊ လပြည့်နေ့ကဆုန်၊ ရွှေဘုန်းတော်ခြောက်ဖြာတောက်ခါ၊ မဟာ ဗောဓိညောင်ပင်အောက်မှာ၊ ဘုရားအဖြစ်တရားအစစ်နဲ့ ရွှေပလ္လင်ထက်မှာ၊ စံပယ်ချိန်ခါ၊ ပြောင်မာတင် မေခလာဆင်ရတနာစီးလို့၊ မာရ်နတ်မင်းရယ် အားမာန်တင်းကာ၊ ဝဿဝတီနတ်ပြည်ကလာ၊ စစ်ချီကာ ရန်တွေမူလို့ ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ၊ သည်းခံပါ၍ အမျက်မထား၊ ပါရမီဆယ်ပါးနဲ့ မာရ်နတ် ရန်နင်း နှိမ်ပေရှာ၊မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်းပထမပါ ။

အာဠဝတီပြည်အနီး ညောင်ပင်ကြီးမှာ၊ တစ်ဦးတည်း ဘီလူးကြီး အာဠဝကစံရာ၊ တစ်နေ့သော် မြတ်စွာဘဂဝါ၊ သူ့စံနန်းမြန်းတော်မူလာ၊ ဘီလူးကြီးအာဠဝက ယမ်းပုံမီးကျ၊ တားမရဆီးမနိုင် ဒေါသလှိုင်ကာ၊ ဘုရားကိုပြိုင်ဆိုင် မနိုင်ငြား၊ မာန်စွယ်များလည်း ကျရရှာ၊ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း ဒုတိယပါ ။

တစ်ခါတစ်ပါး မြတ်စွာဘုရားသည်၊ ရာဇဂြိုလ်ပြည်လမ်းမှာ ဆွမ်းခံကြွလာခိုက်၊ သတ်လိုက်မယ်တဲ့ ဒေဝဒတ် မိုက်ရယ် ကြံစည်ပြန်တာ၊ နာဠာဂီရိအမည်ရှိတဲ့ ဆင်ကို၊ အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ၊ ဘုရားမြတ်စွာကိုပင် အနင်းခိုင်းလိုက်တာ၊ သို့ပါသော်လည်း ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ၊ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း တတိယပါ ။

(ရှေးသရောခါ သာဝတ္ထိပြည်ဌာနမှာ၊ လူဆိုးဗိုလ် အင်္ဂုလိမာလဟာ၊ သန်လျက်ဒါးကို သူ့လက်ဖျားက မချပါ)2 ဓားပြကြီးလုပ်လို့ ဆိုးယုတ်ပုံမှာ၊ လက်ညှိုးတွေ ခုတ်လို့သာ၊ ထိုအခါ ဘုရားကြွလို့ မမှားရဖို့၊ တရားပြတော် မူရှာ၊ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း စတုတ္ထပါ ။


မြတ်တရားတော် မြွက်ရှာပါလို့၊ သိကြားဗြဟ္မာ အများသတ္တဝါ၊ ဗိုလ်ပုံ ပရိတ်သတ်စုံတဲ့ မင်္ဂလာပွဲမှာ၊ စိဉ္စမာနမိန်းမယုတ်မာ၊ သူ့ဗိုက်ကိုပျဉ်ချပ်ဖုံးကာ၊ ဘုရားဂေါတမနဲ့ကမ္မဌာန်းဇောကျကာ၊ ငိုကြွေးရှက်မွန် ကိုယ်လေးလက်ဝန်ရှိတဲ့ ပုံဟန်ဆောင်လို့ သူစွပ်စွဲလာ၊ အပြစ်တော်မယူဘဲ လူပုံထဲမှာ၊ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း ပဉ္စမပါ ။

သုံးလူထွတ်ထား မြတ်ဘုရားဒေသနာ၊ မှတ်သားဖွယ် ဝေနေယျာ၊ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တတရား ကို၊မှားတယ်ဆို၍ မကြည်ညိုပြန်တာ၊ အယူလွဲတဲ့ ငရဲမိစ္ဆာ၊ သစ္စကပရိဗိုဇ် မလိမ္မာ၊ ဒေသနာတော် အနန္တကိုမြတ်ဘုရားက နောင်မမှားအောင်၊ သစ္စကကို တရားပြရှာ၊ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း ဆဋ္ဌမပါ ။

ဇမ္ဗူကျွန်း မြင်းမိုရ်ရွှေတောင်ခါးပန်းမှာ၊ ကြမ်းတမ်းတဲ့ နတ်နဂါးပါ၊ မှတ်သားလောက်စရာ၊ နန္ဒောပနန္ဒ လျှပ်တပြက် အသက်ရာကုဋေ ခြွေခွင်း မြွေမင်းရာဇာ၊ မြတ်ဘုရားရဲ့သားတော် ရှင်မောဂ္ဂလာန်၊ နှိမ်နင်းဖို့ လွှတ်လို့သာ၊ စိတ်နှလုံး သိမ်မွေ့ကာ၊ နဂါးကြီး ခေါင်းငိုက်ဦးခိုက်ပါ၊ ခစားဖို့ ရောက်လို့လာ၊ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း သတ္တမပါ ။

ဗြဟ္မာ့ဘုံမှာ တန်ခိုးဂုဏ်မာန်သတင်း၊ နေဆယ်ဆင်းသို့ ပုံပမာ၊ ဗကဗြဟ္မာကြီးဟာ၊ အမှားကြီးမှားလို့အယူ သည်းနေရှာ၊ ငါသာမြဲတယ် စိတ်မှာစွဲကာ၊ ဘုရားကိုပင် ကန့်လန့်တိုက်၍ မိုက်နေပုံကို၊ဆိုးနေပုံကို ဘဂဝါ ဘုရားကသာ၊ ဒေသနာတရားပြတာ၊ အဲဒီတော့ ဗကဗြဟ္မာ၊ မာန်စွယ်ချလို့ ရှိခိုးရတာ၊ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်း အဋ္ဌမပါ ။


မြကေခိုင်

ရေး- ခေတ္တာရာအေး ဆို-မေရှင်

( ငွေသောင်ယံမှာ လည်ချင်းယှက်ကာ ပျော်မြူးကြတဲ့ ရွှေဟင်္သာ၊ ညနေချိန် နေခြည် မှိုင်းမှိုင်းဖြိုးရီရီ၊ မောင့်အပေါ် ချစ်ကြည်နူး၊ တစ်တီတူး စွဲဝတ်ရည် )2 အောင်ကျော်နှုတ်ခွန်းဆက်ချီ၊ မောင်မယ်တွဲညီ၊ တိမ်ကြိုတိမ်ကြား ပျံသွားမယ့်ကို အားပျော့အောင်ပြုခဲ့သည်၊ ချစ်သူရယ် သနားသင့်သည်၊ မယ့်စက်ရာ သဉ္ဖာလီခန်းကို မြန်းရန် တောင်းပန်တော့သည် ။

မြကေခိုင် လက်လှမ်းမီ၊ သူဆွတ်လို့ နွဲ့ခဲ့ပြီ၊ ညှိုးနွမ်းအောင် ကြံစည်၊ ပါးကလေးနီနီ၊ အသားသွေးညီညီ နှင်းမဲ့စုံညီ၊ ခါးကလေးချီချီ၊ တအားမွှေးကာပင် ထူးပဲချွဲပတ်လည်၊ ရှင့်လိုလူ နောင်တော့ရည်၊ ရှောင်တိမ်းလို့ ပုန်းတော့မည်၊ လွမ်းဖို့သာ ကြံစည် ။


လိမ်ဥာဏ်တွေနှောလို့ ပြောစမ်းခပ်တည်တည်၊ ချိုမြပါသည်၊ ပျိုကယုံကြည်၊ ချိုမြပါသည်၊ ပျိုကပင် ကြည်ညိုချင်အောင် အစက ဟုတ်နိုးရောင် မောင်၊ တော်တော်ပဲ ရက်စက်သည်၊ မောင့်လိုလူစား ပြောလွန်းလှသည်၊ မရေမရာ ယုံအောင်၊ လှည့်တတ် ရိုးမယ်ဖွဲ့သည် ။

မြကေခိုင် လက်လှမ်းမီ၊ သူဆွတ်လို့ နွဲ့ခဲ့ပြီ၊ ညှိုးနွမ်းအောင် ကြံစည်၊ ပါးကလေးနီနီ၊ အသားသွေးညီညီ နှင်းမဲ့စုံညီ၊ ခါးကလေးချီချီ၊ တအားမွှေးကာပင် ထူးပဲချွဲပတ်လည်၊ ရှင့်လိုလူ နောင်တော့ရည်၊ ရှောင်တိမ်းလို့ ပုန်းတော့မည်၊ လွမ်းဖို့သာ ကြံစည် ။

Saturday, September 26, 2009

ပြည်သူချစ်သော မေရှင် (၃)

မယ့်ဒါလီ

ရေး-စန်းသော်တာ ဆို-မေရှင်

( ရှေးတောင်းဆုရည် တွေ့ဆုံလို့ ချစ်ကြသည်၊ တူစုံနောင်နှံညီ ) သြော်…..သတ္တဘာဂ ဆောင်ကူညီ
ထူးသည်၊ ပျိုချစ်လွန်း မယ့်ဒါလီ )2 သစ္စာထားမည်၊ မေတ္တာထားမည်၊ ရှစ်ကမ္ဘာဆုံးတိုင် ပျိုကြင်မည်
အသက်ပင်အပ်မည်၊ မပျက်တမ်း ပေါင်းဖို့ရည်၊ မယ့်ဒါလီ အသည်းစွဲချစ်မည် ။

ပျိုခင်မင်သည်၊ ပြုစုတော့မည်၊ ပျော်ပျော်ရွှင်ကြည်၊ ချစ်ကြစို့ အတည်၊ နောင်ကြာရင် မုန်းနဲ့ဒါလီ၊ ချစ်
လွန်းလို့ သည်းညှာဆိုင်ထဲ၊ စွဲမိသည်၊ ခင့်ကိုသာ သနားသင့်သည်၊ ( စိန္တေရှင်ဦးမှာ မောင်မယ်စုံဖူးကာ
ရာသက်ပန် ပေါင်းဖို့ ဆုတောင်းမည်။ )2


သော်တာငွေမင်း

ရေး-ခေတ္တရာအေး ဆို-မေရှင်

သော်တာငွေမင်းရဲ့ဖေးမပါ၊ ဖော်ဝေးလို့ ဆွေးရှာ၊ ပျိုလွမ်းလို့ တောင်းပန်တာ၊ မောင်ရယ် ချစ်လွန်းလို့
တောင်းပန်ကာ၊ မျှော်မှန်းပေါ့ နွမ်းတော့ရှာ၊ အသည်းထဲ မချိလေတာ၊ လေပြေ လေညှင်း ဆောင်ညှင်း
လို့ မြူးတဲ့အခါ၊ ငွေရည် ငွေနှင်း ပက်ဖြန်းလို့ ချမ်းပြန်ကာ၊ သြော်…..သော်တာဖော်ကင်းတဲ့ ဖဲစက်ရာ
စောင့်စားရ မောင့်တွက်တာ၊ အို……ငွေမင်းရဲ့ ပြောလိုက်ပါ ။


မဲဇာမြိုင်

ရေး-သဟာယဆရာတင် ဆို-မေရှင်

မဲဇာတောင်ခြေ စီးထွေထွေ၊ အုပ်ဆိုင်း မှိုင်းဝေဝေ၊ ငှက်မြည်သံတွန်ကြူးကာ၊ ဘာသာဘာဝ ပျော်မြူးကြပေ။

( သေလာတောင်စောင်း နှင်းငွေ့ဝေ၊ ညိုမှောင်ရီဆိုင်း မှိုင်းလို့နေ၊ မောင်ရေ၊ ကြည်နူးဖွယ်ကောင်းတဲ့၊
မြစ်နဒီ၊ သွင်သွင်စီးလို့သာ ရစ်ခွေ ။)2

သံပြိုင် ။ ။ ငွေသောင်ယံကမ်းခြေ၊ လွမ်းဖွယ်တွေ၊ တည့်မွန်းနေခြည်ဖြာမှ နွေးတဲ့၊ မဲဇာမြိုင်တောခြေ ။

( လှိုင်ဂူနန်းနဲ့ စိမ့်စမ်းထွေထွေ၊ မာလာစုံပေါတဲ့ တောဝနာတွေ၊ ကံ့ကော်ပွင့် ဇော်ရင်း မျှော်တင်းဝေဝေ )2
ပန်းပိတောက် ကျူးရနံ့ ထူးပျံ့လှိုင်ပေ၊ သရဖီ၊ ရွှေအင်ကြင်း ခင်းအပျံ့၊ ဝင်းဖန့်ဖန့် ဖြူဖွေးကာနေ၊ ခေတ္တာ
ပုန်းညက် ကြိုင်ထုံသင်းပေ ။

သံပြိုင် ။ ။ ငွေသောင်ယံကမ်းခြေ၊ လွမ်းဖွယ်တွေ၊ တည့်မွန်းနေခြည်ဖြာမှ နွေးတဲ့၊ မဲဇာမြိုင်တောခြေ ။

( ပဒုမ္မာရွှေကြာ ကုဏ္ဌလာအိုင်မင်းတွေ၊ ငှက်ဇာမဏီ၊ ဒေါင်းအိုးဝေ၊ အော်မြည်ကာ ပျံသန်းလို့နေ )2
ရွှေငါးကြင်းနဲ့ငါးတန်တွေ၊ ရေဇလာအတွင်းမှာ၊ လူးလာ ပျော်ရွှင်မြူးကြပေ ။

သံပြိုင် ။ ။ ငွေသောင်ယံကမ်းခြေ၊ လွမ်းဖွယ်တွေ၊ တည့်မွန်းနေခြည်ဖြာမှ နွေးတဲ့၊ မဲဇာမြိုင်တောခြေ ။

Thursday, September 24, 2009

ပြည်သူချစ်သော မေရှင် (၂)

ပျို့မှာတမ်း

ရေး-မြို့မငြိမ်း ဆို-မေရှင်

( စိတ်ချလက်ချ ကြည်ဖြူချင်၊ မြေပေါ်တွင် သူပဲ စွဲလို့သာခင်၊ သစ္စာတော်ပန်း မသွေတမ်းဆင်၊ တူနှစ်ကိုယ်
သည်းရွှေဆိုင်၊ မြဲခိုင်ခိုင်၊ ပေါင်းဖက်ဖို့ စိတ်မှာမျှော်မြင်။ )2 ခုများဖြင့် သူဥာဏ်တွေဝင်၊ အသစ်တွေ့လို့
မောင်မေ့တယ်ထင်၊ မျှော်သူပန်း လွမ်းသမျှ စာတင်၊ ချစ်သူထံရည်မှန်း ပျို့မှာတမ်းဆက်တယ်ရှင်။

( မိုးကလေးညိုညို လွမ်းစိတ်ပိုချင်၊ ညနေဆီ နေရီရင်လည်း၊ တမ်းတကာပဲရှင်၊ သော်တာလမင်းသာဆဲ
မှာလည်း ဒါပဲ စိတ်စွဲလို့ပင်၊ ချစ်သူမျက်နှာလေးကို တမြင်မြင်။ )2 စားစား၊သွားသွား၊နေနေ၊ မောင့်အပူ
ပွေသူပါရှင် မြင်တော်မူဦး မောင်ရဲ့ မေ့တတ်လွန်းထင်၊ လွမ်းစာရေးလိုက်ရပါတယ်ရှင်၊ မိန်းကလေး
လက်ရေး သိရင်၊ ခွင့်လွှတ်မယ်ထင်။

( တစ်ကိုယ်ရည်တွေး ဆွေးနေမရွှင်၊ ရော်ကာတမ်း ခန်းစက်ရာဝင်၊ မျက်တောင်ကလေးရှက် ဖူးလက်တင်
ဖော်မဲ့သူတွင် )2 စိမ်းကားသလောက် ပျိုမငြိုငြင်၊ လာခဲ့ရင် ရန်တွေ့မှာမို့လား ဒေါသမထားရက်ဘူးရှင်၊
အသက်လောက် မောင့်ကိုပဲခင်၊ မိဘအပေါ် ဆိုးနွဲ့လေသမျှ၊ သူနဲ့ကျမှ ဝဋ်လည်တယ်ထင်၊ သနား
စေချင်လို့ပျို့ငွေလွှာတင်။

မိုးကလေးညိုညို ……………………………………….. ခွင့်လွှတ်မယ်ထင်။



ရွှေမိုးညို

ရေး-စန်းသော်တာ ဆို-မေရှင်

( လှိုင်းကလေးတွေဖွေးတယ် မြစ်ဧရာပြင်ဝယ်၊ ခင်နဲ့မောင် လောင်းကလေးစီးကာ လျောင်းမွေ့လို့ရယ် )2
စောင်းပုလွေ၊ ဘာဂျာစုံတယ် သာယာပုံတွေရယ်၊ အထက်ကျော် သရက်မှော် ကွေ့ရောက်တော့မယ်
လှော်စမ်းကွယ်….

( ခင့်မျက်နှာ တဖြည်းဖြည်းပြုံးလို့ လှော်ပုံတွေဆန်းကြယ်၊ ကြက်သီးများ တဖြန်းဖြန်းထလို့ ခင့်ကိုကိုရယ်
ရှက်အားကြွယ် )

သံပြိုင်။ ။ (တိမ်တောင်တွေရယ် ညိုတယ်၊ မိုးသက်လို့ဂယက်ဆင်တယ်၊ ချစ်တဲ့သူ အပြောခက်တယ်
တိုးဖက်ကွယ် မိုးသက်တော့မယ်)2

( လှေနာဝါ ရေပြင်ကြီးမှာ လှော်ရှာတယ်၊ ချစ်တဲ့သူ ပျော်ရှာမယ်၊ အေးချမ်းလှတယ် မောင်ရယ်၊
ချာချာလယ်)2 ရှေ့ဟိုဆီဝယ် ရေပြင်မယ်၊ ဗွေဆင်တယ်၊ ဝဲသြကလေးကွယ်၊ ဝေးဝေးကကွင်းမယ်၊
လွတ်အောင်ရှောင်ကွယ် ကိုကိုရယ်၊ နောင်ခါဝယ် ဝဲလည်မှာစိုးလှတယ် )2

သံပြိုင်။ ။ ( တိမ်တောင်တွေရယ်…………………မိုးသက်တော့မယ် )


ရှေးရေစက်

ရေး-ရွှေတိုင်ညွန့် ဆို-မေရှင်

ကျား ။ ။ လူမြင်ရင် ချစ်ချင်ဖွယ်၊ ရူပါရုံ ချောလှတယ်၊ သဘောကောင်းတဲ့ သူကလေးရယ်၊ အတူဆုံဖို့
နဖူးစာရေးတယ်။

မ။ ။ ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့ သက်လှယ်ရယ်၊ နောင်ခါဝယ် မေရှင်ကလေးကို
အရေးမစိုက်မှာ အလွန်စိုးတယ်။

ကျား ။ ။ ချစ်မှာလားကွယ်။

မ။ ။ မေတ္တာထားတယ်၊ ရှေးရေစက် ကံဆုံတယ်၊ တူနှစ်သွယ် ဆုံဆည်းရတယ်။

ကျား ။ ။ ချစ်စရာကောင်းသူကလေးရယ်၊ မောင့်စိတ်ထဲမှာ စွဲလန်းတယ်။

မ။ ။ အဟုတ်ကိုပြောတာလားကွယ်၊ လိမ်ဥာဏ်တွေပိုတယ်။

ကျား ။ ။ ကရုဏာထားတာ အဟုတ်ပါပဲ၊ မေတ္တာထားတယ်၊ တကယ်ကိုပဲ၊ မင်းအလိုရှိရင် မောင့်အသည်း
ခွဲကာပေးမယ်။

မ။ ။ တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ၊ နောက်ကွယ်ကျရင် မေ့မှာပဲ၊ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို
အလိုလိုက်ရလိမ့်မယ်။

ကျား ။ ။ (တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်။

မ။ ။ ခင်နဲ့မောင် သစ္စာထား၊ သိကြားနတ်တွေ အကုန်သိတယ်။)2

ကျား ။ ။ ချစ်တဲ့သူရယ်။

မ။ ။ ကြိုက်တဲ့သူရယ်။

ကျား ။ ။ ရာသက်ပန်ရွယ်ကိုးလို့သာ၊ အရိုးကျအောင်ပေါင်းပါ့မယ်။

မ။ ။ (စိုးရိမ်ဖွယ်)2 ယောက်ျားများဟာ ဖောက်ပြားမယ်၊ တကယ်ကြောက်အားပိုတယ်၊ (ယုံဘူး)2
ချစ်ဦးပျိုသက်လှယ်။

ကျား ။ ။ ချစ်စရာကောင်းသူကလေးရယ်………………

မ။ ။ ……………………….ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်။

ပြည်သူချစ်သော မေရှင်

မေရှင့် ကို မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂)ရက်၊ (၁၀.၃.၁၉၁၇) စနေနေ့တွင် အဖ ဦးခင်လေး နှင့် အမိ ဒေါ်ဖွားယွန် တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၅) ယောက်ရှိသည့်အနက် အငယ်ဆုံးသမီး ဖြစ်သည်။ ငယ်စဉ်ကတည်းက ရုပ်ရှင် အကြောင်း စိတ်ဝင်စားခဲ့ပြီး သီချင်းဆိုချင်စိတ်၊ သရုပ်ဆောင်ချင်စိတ် ပြင်းထန်ခဲ့သည်။ “ ရုပ်ရှင်မင်းသမီး အလိုရှိသည် ” ကြော်ငြာအား သတင်းစာထဲတွင် စတင်တွေ့ရှိပြီးနောက် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာဦးညီပုထံ လျှောက်လွှာတင်ခဲ့သည်။

၁၉၃၅ ခုနှစ်တွင် အသံတိတ်ရုပ်ရှင်ကား “ ဖူးစာရှင် ” ကို စတင် ရိုက်ကူးသည်။ မေရှင်၏ ပထမဆုံးသောအသံ ထွက်ရုပ်ရှင်ဇာတ်ကားမှာ “ မြားနတ်မောင် ” ဖြစ်သည်။ မြန်မာ့အသံတွင် (၇)နှစ်ခန့် အလုပ်လုပ်ခဲ့သည်။ ထိုကာလအတွင်း နိုင်ငံတော်မှ ချီးမြှင့်သော“ ဝဏ္ဏကျော် ထင် ” ဘွဲ့ကို ရရှိခဲ့ပါသည်။

ရွှေပြောင်ပြောင်

ရေး-သဟာရဆရာတင် ဆို-မေရှင်

ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှိုင်းရီရီ၊ လူမနီးတဲ့ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးဆီ၊ ခိုင်ပန်းစုံ မြိုင်တန်းရဂုံ တဝေဝေစီ
သင်းပျံ့ထုံကြည် ဝေဘူတောင်တန်း တောင်ထိပ်ဆီ၊ သိကြားနတ်များ ဘုရားစေတီ၊ လွမ်းဆွတ်ဖို့ ကောင်း
လှတဲ့ မြိုင်ဝနာမဟီ။

( ရွှေပြောင်ပြောင် တောင်ပေါ်က ဘုရားဆီ၊ မယ်နှင့်မောင် သစ္စာထားကာ၊ ပေါင်းရပါစေသား
ဆုတောင်းမည် )2 နန်းနိဗ္ဗာန် စိတ်ကရည်လို့ တူစုံဓိဋ္ဌာန်မည်။

ဒီမြိုင်ခြေဆီ ကြည်နူးလှသည်၊ တိမ်နီတိမ်ပြာ ရစ်သိုင်းပတ်လည်၊ တောမြိုင်ခြေလမ်းက ညောင်ပင်ပျို
ထက်ဆီ၊ ရွှေကျည်းညို ငှက်ကယ်သံချိုမြည်၊ အေးချမ်းလှတဲ့ အရပ်ဌာနီ၊ ပျိုတွေ့ရပြီ၊ ဘုရားရှင် မြတ်စေတီ။
( နွယ်ပင်နွယ်တန်းဖုံးလို့ တောလုံးအုံ့မှိုင်းရီ၊ နေမင်းရောင်ခြည် မလင်းနိုင်ပြီ )2 သူတော်ကောင်းတွေ
ကိန်းအောင်မှီ၊ သူမြတ်လောင်းတွေ ကိန်းအောင်မှီ၊ သည်တောရပ်ဆီ၊ ရန်ဘေးကင်းသည်၊ ဆုတောင်းပြည့်
စေတီတော်ရှိသည်၊ ထူးတဲ့မြိုင်မဟီ။

ရွှေပြောင်ပြောင်………………………………….ဓိဋ္ဌာန်တည်။
ဒီမြိုင်ခြေဆီ……………………………………….မြတ်စေတီ။
ရွှေပြောင်ပြောင်………………………………….ဓိဋ္ဌာန်တည်။


ကျောင်းပိတ်ရက်

ရေး-စန်းသော်တာ ဆို-မေရှင်

( ပျိုပျိုမေ အလည်အပတ်ထွက်တယ်၊ မော်တော်ကားနဲ့ရယ်၊ ဟိုယခင် ကျောင်းပိတ်တဲ့ ရက်ကကွယ်၊
ရှမ်းပြည်နယ် တောင်းပိုင်းရော၊ မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ် )2

( ပြောပြချင်တယ် ကိုကိုရယ်၊ နေ့ရောပဲ ညရောပဲ တသဲသဲမောင်းနှင်တယ် )2 နေရောင်ခြည်
လင်းလုလုဆဲမယ်၊ ကလောမြို့ကိုရောက်တယ်၊ လျှောက်လည်။

သံပြိုင်။ ။ ( ရှမ်းမလေးတွေ ချောတယ်၊ပေါတယ် အေးချမ်းလှတဲ့ ဌာနီဝယ် )2 ပါးလေးတွေနီမြန်းလို့ရယ်
ချစ်စရာကောင်းလှပေတယ်၊ ကြိုက်စရာကောင်းလှပေတယ်၊ ပျိုပျိုသွားအုံးမယ်ကိုကိုရယ်၊ အတူလိုက်ကွယ်။
အစဉ်တွေ၊ စောက်တွေနက်တဲ့ တောင်တန်းမယ်၊ ခင်ကွယ်၊ ဇောချွေးကလေးများတောင် ပြန်ချင်တယ်။
တထိတ်ထိတ်နဲ့ကွယ်၊ စောက်တွေနက်တဲ့ တောင်တန်းမယ်၊ ခင်ကွယ်၊ ဇောချွေးကလေးများတောင်
ပြန်ချင်တယ်။

ရေတံခွန် သွယ်ဖြာစီးလို့ရယ်၊ တောင်ခြေနှင်းမြူတွေဆိုင်းတယ်၊ အရှိုရှို တောင်ညိုတန်းတို့ရယ်၊ ပျိုပျို
လွမ်းလှပါတယ်၊ ပန်းတွေပေါတယ်၊ မြန်းဆင်လို့ရယ်၊ ပျိုပျိုထင်သလို မမောင်းဝံ့တယ်၊ ကျောင်းပိတ်ရက်
တွေတိုင်းလည်။

သံပြိုင်။ ။ ( ရှမ်းမလေးတွေ………………………………….အတူလိုက်ခဲ့မယ်။ )


ချစ်ရေစင်

ရေး-သဟာရဆရာတင် ဆို-မေရှင်

ကြူကြူသင်းတဲ့ ရွှေနှင်းဆီရယ်၊ ဆင်းရနံ့ကမွှေးတယ်၊ မခူးရက်စရာကွယ်၊ အထူးပဲလှတယ်၊ သူ့ကိုယ်သူ
ပင် ဆူးတွေကိုဆင်၊ နတ်ဥယျာဉ်ဝယ် ရောင်စုံဖူးပွင့်တယ်။

ဆောင်တော်ကူးကာ ဆွတ်ခူးတော့မယ့် သခင်ရယ်၊ တစ်ပွင့်တည်းပန်းကို နမ်းနိုင်ပေရဲ့ ရွှေရည်လွှမ်းတဲ့
မြပန်းခက်ကို သူ့လက်လှမ်းကာ ချစ်ရေစင်ဖျန်းတယ်။

( နုပျိုစိုလန်းလို့ရယ်၊ ဖူးပွင့်စပန်းမယ်၊ နေရောင်ခြည်မထိုးခင်၊ ( မညှိုးလို့စင်ကြယ် )2 ခင်တွယ်စရာ လွန်
တင့်တယ် )2 ပျားကောင်ပိတုန်းရယ်၊ မသုံးဆောင်ခင်များမယ်၊ ဆင်းရနံ့လေးရယ်၊ ဝတ်မှုံ ဝတ်ရည်ထုံသင်း
တယ်၊ ခုတော့ဖြင့် မစိုပြေ နဂိုရည်ပျက်ယွင်းတယ်၊ ပန်ဆင်တဲ့သူရယ်၊ အစာဝတော့ ဌာနပြန်ချင်တယ်။

( မွှေးတုန်းတော့ကွယ် ပန်ချင်ပြန်တယ်၊ နံရင်ပစ်ပယ်၊ ချစ်လက်စမဆုံးခင် ရှောင်ကြဉ်မုန်းရက်တယ်)2
အသည်းနှလုံး ပြုန်းရချည့်ရဲ့ ဘဝင်ထဲ၊ မရွှင်ဘဲ စဉ်အမြဲမျှော်တယ်၊ ဖော်မစုံပဲနော်ကွယ်၊ ဖူးပွင့်စ ခိုင်ပန်း
နွယ်မယ်၊ မြေကိုမှီတွယ်၊ ဒါကိုကျီစယ် ဖူးစာရှင်ရယ်၊ ချစ်မေတ္တာ မခိုင်မြဲလို့ကွယ်၊ နွဲ့နွဲ့နှောင်း အကြောင်း
ကံရယ်၊ အလွန်နည်းတယ်။

နုပျိုစိုလန်းလို့ရယ်၊……………………………………….. အစာဝတော့ ဌာနပြန်ချင်တယ်။