May i be free from mental suffering!!!
Showing posts with label ဝေမျှခြင်း. Show all posts
Showing posts with label ဝေမျှခြင်း. Show all posts

Sunday, August 7, 2011

ဦးနှောက်အားကောင်းမကောင်းစမ်ြး​ကည့်ရအောင်

ကျွန်တော်ဒီနည်းလေးကိုကြိုက်လို့
သူငယ်ချင်းများအတွက်တင်ပြလိုက်​ပါတယ်နော်။ အချိန်လေးပေးပြီး စမ်းကြည့်ရအောင်လား လေ့ကျင့်ပေးနေတာနော်။ မျက်စိလျင်မလျင်ပေါ့။


1- Find the C below.. အောက်က O တွေထဲမှာ C ကိုတွေ့အောင်ရှာကြည့်ပါ...
ကာဆာကိုအသုံးမပြုပါနဲ့....
Please do not use any cursor help.

OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOCOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
OOOOOOOOOOOOOOOOOOOOOOOOOOOOOO​O
**
*2- If you already found the C, now find the 6 below.*
C ကိုရှာတွေ့တယ်ဆိုရင် နောက်တစ်ခု တက်မယ်.... 6 ကိုရှာကြည့်ပါဦး....

999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
699999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999
999999999999999999999999999999​99999999999999999

*3 - Now find the N below. It's a little more difficult.*
ဒါဆိုရင် N ကိုထပ်ရှာကြည့်ပါဦး..နည်းနည်းေ​တာ့ခက်လာပြီနော်...

MMMMMMMMMMMMMMMMMMMMMMMMMMMMNM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M
MMMMMMMMMMMMMMMMMMMMMMMMMMMMMM​M

This is NOT a joke. If you were able to pass these 3 tests, you can cancel
your annual visit to your neurologist. Your brain is great and you're far
from having a close relationship with Alzheimer.
*Congratulations!*


ဟာသမဟုတ်ဘူးနော်...တကယ်လို့သင်ဟာစမ်းသပ်မှု၃ခုလုံးကိုအောင်မြင်ခဲ့တယ်ဆိုရင်
ဦးနှောက်နဲ့အာရုံကြောအထူးကုသမားတော်နဲ့ ပြစရာမလိုတော့ပါဘူး...သင်ဟာ ဦးနှောက်
ကောင်းမွန်တဲ့သူဖြစ်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်ဖို့လဲ အဝေးကြီးပါတဲ့....
 
 

Saturday, August 6, 2011

ဧရာဝတီကို ကာကွယ်ကြစို့


(၁) ကွယ်လွန်သွားသော မြစ်ကြီးများ

မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။


တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။


တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။


Tuesday, December 21, 2010

ဗုဒ္ဓ FM အွန်လိုင်း ရေဒီယို


ဗုဒ္ဓတရားတော်နဲ့ ဓမ္မတေးတွေကို ၂၄ နာရီပတ်လုံး နားဆင်နိုင်သည့်  ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို ဒီဇင် ဘာလ ၁၉ ရက်၊ ၂၀၀၉ခုနှစ်က စပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှထုတ်လွှင့်နေသည်မှာ တစ်နှစ်ပြည့် မြောက်ပြီဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တိုင်း၏ဆုံရပ်အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ်၊ အယူအဆများကို တနေရာတည်း တွင် အလွယ်တကူရှာဖွေနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက် အသစ်များဖြင့်  စတင်အသံလွှင့်နေပြီဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြား ပါသည်။

ဆရာတော်က “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင်သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ” ဟု မိန့်ကြားပါသည်။

“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင်ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟော သီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။

မြန်မာပြည်တွင်းအတွက် - ဒီနေရာကနေ ဝင်ပြီးနားထောင်နိုင်ပါသည်။
ပြည်ပရောက်သူများအတွက် - ဒီနေရာကနေ ဝင်ပြီးနားထောင်နိုင်ပါသည်။

မှတ်ချက်။     ။အရှင်မေတ္တာစာရ ဘလောဂ်မှကူးယူဝေမျှပါသည်။

Thursday, September 30, 2010

DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ


ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။

DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

dvb_bu“ဗမာပြည်ထဲမှာ အရိုက်နှက်ခံ၊ ထောင်ကျခံပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အန္တရာယ်ကြားထဲက သတင်းပို့နေတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြု ခံရတာပါ။ ဆု ရတာ၊ မရတာက တပိုင်းပါ။ ဒါပေမယ့် အခုလိုမျိုး အသိအမှတ်ပြု ခံရတယ်ဆိုတော့ ဝမ်းလည်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။

နိုဗဲလ်ဆုအတွက် နောက်ထပ် အမည်စာရင်းတင်သွင်းခံရသော အဖွဲ့အစည်း တခုဖြစ်သည့် Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဟာ့ပ်ဗီကင်က DVB သတင်းဌာနသည် သတင်းလွတ်လပ်ခွင့်မရှိသော မြန်မာနိုင်ငံမှ သတင်းများကို လွတ်လပ်စွာ ထုတ်လွှင့်ပေးနေသည့် သတင်းဌာနတခု ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

Tuesday, April 13, 2010

ပြည်သူ့ဂုဏ်ရည်

မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း ၊လူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို ပြည်သူ့ဂုဏ်ရည်ဆု ( Citizen of Burma Award )ချီးမြှင့်ရန် အွန်လိုင်း နှင့် အီးမေးများမှ တင်သွင်းပေးရန် မတ်လ(၂၄)ရက်နေ့ကစတင်၍ ဖိတ်ခေါ်ခဲ့ပါသည်။

မတ်လ(၂၄)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အတွင်း ပြည်သူ့ဂုဏ်ရည်အမည်စာရင်းတင်သွင်းသူ (၂၄)ယောက် အနက် ထပ်မံ၍ ဆန္ဒမဲပေးခဲ့ရာ ယခုအခါ အောက်ဖော်ပြပါအမည်ရှင် (၅)ဦးသာ ဇကာတင်ကျန်ရှိပါသည်။
  • ကိုကျော်သူ
  • ကိုဇာဂနာ
  • ရှင်ညာဏိဿရ(သီတဂူဆရာတော်)
  • မဖြူဖြူသင်း
  • ဦးအေးမြင့် တို့ဖြစ်ပါသည်။
ယခု ဧပြီလ(၁၂)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း မိမိတို့ဆန္ဒရှိသောသူ တစ်ဦးဦးကို ဤ  link  မှတဆင့် သွားရောက်၍ ဆန္ဒမဲပေးနိုင်ပါသည်။ ဆန္ဒမဲအများဆုံးရရှိသောသူကို ဧပြီလ(၂၄)ရက်နေ့တွင် ကြေငြာပြီး ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

P.s - ပြည်သူ့ဂုဏ်ရည် website မှ ကိုးကားဝေမျှပါသည်။

Friday, April 2, 2010

Windows တွင် မြန်မာဘာသာ ပါဝင်လာရန် သင့်လက်မှတ် ရေးထိုးတောင်းဆိုပါ။

Microsoft Corporation တွင် ‘လူဦးရေ ၅ သိန်းကျော်က အသုံးပြုသော ကမ္ဘာ့ ဘာသာစကား အားလုံးကို Microsoft Windows တွင် ထည့်သွင်းပေးရမည်’ ဆိုသည့် official policy ရှိပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် မြန်မာဘာသာမှာ မပါဝင်နိုင်သေးဘဲ ရှိနေဆဲဖြစ်ရာ၊ ယခု ကျွန်ုပ်တို့ အားလုံးမှ စုပေါင်း၍ မိုက်ခရိုဆော့ ကော်ပိုရေးရှင်းသို့ စာဖြင့် ထိရောက်အောင် မြန်မာ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) ဘာသာ အသုံးပြုသူများ အားလုံးကိုယ်စား တောင်းဆိုမည့် အစီအစဉ် ဖြစ်ပါသည်။

လက်မှတ် ရေးထိုးသူ အသင့်အတင့် များလာပြီဆိုလျှင်၊ ဤတောင်းဆိုချက် အပြည့်အစုံကို စာရွက်ပေါ်တွင် ရိုက်နှိပ်ပြီး၊ ဘီလ်ဂိတ်နှင့် စတီး ဘော်လ်မာ တို့ထံ ပေးပို့ပါမည်။ မိုက်ခရိုဆော့တွင် အလုပ်လုပ်နေသော မြန်မာ ပညာရှင်များမှလည်း ဝိုင်းဝန်းကူညီကြမည် ဖြစ်ပါသည်။ မိမိနာမည်အပြင်၊ မိမိ ကိုယ်တိုင် ဖြည့်စွက်ပြောဆိုလိုသည်များကိုလည်း အောက်တွင် (အင်္ဂလိပ်ဘာသာဖြင့်) ဖြည့်စွက် ရေးသားနိုင်ပါသည်။

မိမိအပေါင်းအသင်း မိတ်ဆွေများကိုလည်း ဝိုင်းဝန်းလက်မှတ် ရေးထိုးပေးပါရန် သတင်းဖြန့်ပေးပါ၊ ဖြစ်နိုင်လျှင် web page, blog များမှ အောက်ပါ URL သို့ link လုပ်ပေးပါ ဟုလည်း ကျွန်ပ်တို့မှ မေတ္တာရပ်ခံလို ပါသည်။
http://myanmar-myanmar.net/microsoft/


Microsoft Corporation has official policy to include language support for all languages over 500,000 users. For various reasons, Myanmar language has not been included in Microsoft Windows. Please sign this petition asking Microsoft to include Myanmar language in Windows in next versions. We will print out and send this list of requests and send to Bill Gates and Steve Ballmar of Microsoft Corporation.
http://myanmar-myanmar.net/microsoft/

source: myanmar-myanmar.net

Monday, January 4, 2010

Yatanarpon Web Portal

ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ National Web Portal ဖြစ် သော Yatanapon Portal အား ယခုနှစ် ဒီဇင်ဘာလ၊ ပထမပတ်မှ စတင် အကောင်အထည်ဖော်ခဲ့ပြီး သုံးပတ်အတွင်း ဖြစ်ပေါ်လာသော အဆိုပါ ဝက်ဘ် ပေါ်တယ်၏ဝက်ဘ်ဆိုက်လိပ်စာမှာ www.yatanarpon.com.mm ဖြစ်ပြီး ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် စတင် သုံးပြုနိုင်ကြပါပြီ။ နည်းပညာဆိုင်ရာကဏ္ဍများအတွက် ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုက တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။ ၄င်းပေါ်တယ်ကို အသုံးပြုလိုသောသူများအနေဖြင့် မှတ်ပုံတင်ပြုလုပ် ရမည်ဖြစ်သည်။ အမျိုးသားအဆင့်ဝက်ဘ်ပေါ်တယ်တွင် ဖတ်ရှုနိုင်သောသတင်းအချက်အလက်နှင့် ကဏ္ဍများမှာ မြန်မာနှင့်ကမ္ဘာ့သတင်းများ၊ အားကစားသတင်းများ၊ နည်းပညာသတင်းများ၊ စီးပွားေးရး၊ ရုပ်ရှင်ပညာ၊ ကျန်းမာရေးအစရှိသည့် သတင်းများအပါအဝင် စာအုပ်စင်ကဏ္ဍ၊ ဈေးဝယ်ကဏ္ဍ၊ အလုပ်အကိုင်ကဏ္ဍ၊ အခမဲ့ ကြော်ငြာ၊ တခြားသောကဏ္ဍပေါင်းစုံနှင့် သတင်း အချက်အလက်များ၊ နေ့စဉ် ရာသီဥတုခန့်မှန်းချက်များ၊ ဂိမ်း သုံးသပ်ချက်များ၊ ရန်ကုန်လမ်းညွှန်ကဲ့သို့ Yellow Pages များကိုလည်း စုံလင်စွာ လေ့လာအသုံးပြု ဖတ်ရှုနိုင်မည်ဖြစ်သည်။ သတင်းအချက်အလက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များနှင့် တေးသီချင်း များကိုလည်း ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့မြေပုံကိုလည်း အနီးကပ်ဆုံးလေ့လာ ကြည့်ရှုနိုင်မည့် google map နှင့် ပြည်တွင်းလမ်းညွှန်မြေပုံများ၊ ဒေသတစ်ခုချင်းစီ၏နာမည် ကြီးနေရာများကို လမ်းညွှန်ပေးထားသော city guide ကဏ္ဍကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။ ပြည်တွင်း ၏လူနေမှုကွန်ရက် social networking တစ်ခုဖြစ်လာသော အဆိုပါ ဝက်ဘ်ပေါ်တယ်ပေါ်တွင် ပါဝင်ထည့်သွင်း ထားသော သတင်းအချက်အလက်များ၊ ကဏ္ဍများအားလုံးကို ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပါဝင်ဆောင် ရွက်နေသော နည်းပညာကုမ္ပဏီတို့က နေ့စဉ်နှင့်အမျှ update များပြုလုပ်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။ yatanarpon Portal အား ယခုအချိန်တွင် Beta Version ဖြင့် ထုတ်လွှင့်ထားပြီး နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော version ဖြင့်အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

7 Day News မှ ကိုးကားမျှဝေပါသည်။

Monday, December 21, 2009

ကဒ်ဖုန်းနံပါတ်အသေနဲ့ ထွက်တော့မယ်

***ကဒ်ဖုန်းနံပါတ်အသေနဲ့ ထွက်တော့မယ်***

CDMA-2000-1x800MHZ
(Wireless Local Loop)

ပေးသွင်းရမည့်ငွေ(ငှားရမ်းခငွေ ) -၅၀၀၀၀၀ိ/
ခေါ်ဆိုခငွေ -Auto (သို့ ) Mobile နှုန်းထားအတိုင်း (၃၀ကျပ်မဟုတ်)
ခေါ်ဆိုခအားပေးချေရမည့်စနစ် -ငွေဖြည့်ကဒ် (Prepaid Top Up Card)
ဖုန်ထုတ်ယူရမည့်စနစ် -ဆင့်ခေါ်စာမှတဆင့်ဖုန်းထုတ်ယူရန်


၁။ ငှားရမ်းသုံးစွဲခွင့်ရရှိသူကို မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန/လုပ်ငန်းမှ ဖုန်းထုတ်ယူခွင့်ဆင့်ခေါ်စာအား ပထမဦးစွာ ထုတ်ပေးမည်ဖြစ်ပါသည်။ ထိုဆင့်ခေါ်စာဖြင့် ငှားရမ်းခွင့်ရရှိသူမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်အောက်ရှိ လုပ်ငန်းစစ်ဋ္ဌာနသို့ဆက်သွယ်အကြောင်းကြားပြီး ဖုန်းထုတ်ယူခွင့်ကို ရယူရမည်ဖြစ်ပါသည်။

၂။ ထိုသို့ဖုန်းထုတ်ယူရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ဌားရမ်းခငွေအဖြစ် ၅၀၀၀၀၀ိ/ကျပ်တိတိ အားပေးချေပြီးမှသာ ဖုန်းထုတ်ယူခွင့်ရရှိပြီး နံပါတ်ပေးမည် ဖြစ်ပါသည်။

၃။ ငှားရမ်းသုံးစွဲသူမှ ဖုန်းထုတ်ယူပြီးသည့်နောက်ပိုင်း တပြိုင်နက်ဖုန်းသုံးစွဲခွင့်အား ချက်ခြင်းရရလိမ့်မည် မဟုတ် ပါ။

၎။ သုံးစွဲခွင့်ရရှိရန်အတွက် ငွေဖြည့်ကဒ် Prepaid Top Up Card ကိုဝယ်ယူကာငွေဖြည့်ပြီးမှသာဖုန်းဆက် သွယ်ခွင့်ရရှိနိုင်မည်ဖြစ်သည် ။

၅။ငွေဖြည့်ကဒ် (Prepaid Top Up Card ) ကို ၀ယ်ယူရာတွင်အမျိုးအစား (၄)မျိုးထုတ်ပေးထားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာသုံးစွဲမှု့ အနည်းအများအလိုက် ၀ယ်ယူရရှိနိုင်မည် ဖြစ်ပါသည် ။

(၁) ၃၀၀၀၀-ကျပ် (၂) ၁၀၀၀၀-ကျပ် (၃) FEC – 20 (4) FEC – 50

၆။ အထက်ပါ ငွေဖြည့်ကဒ်များအား ရန်ကုန်မြို့အတွင်းနေရာဒေသအလိုက် ၁၀-နေရာမှ ၁၅-နေရာအထိ ရောင်း ချပေးမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ အချစ်တစေ(ရေခဲနန်းတော်)မှ ကူးယူဝေမျှပါသည်။