May i be free from mental suffering!!!

Monday, December 21, 2009

ကဒ်ဖုန်းနံပါတ်အသေနဲ့ ထွက်တော့မယ်

***ကဒ်ဖုန်းနံပါတ်အသေနဲ့ ထွက်တော့မယ်***

CDMA-2000-1x800MHZ
(Wireless Local Loop)

ပေးသွင်းရမည့်ငွေ(ငှားရမ်းခငွေ ) -၅၀၀၀၀၀ိ/
ခေါ်ဆိုခငွေ -Auto (သို့ ) Mobile နှုန်းထားအတိုင်း (၃၀ကျပ်မဟုတ်)
ခေါ်ဆိုခအားပေးချေရမည့်စနစ် -ငွေဖြည့်ကဒ် (Prepaid Top Up Card)
ဖုန်ထုတ်ယူရမည့်စနစ် -ဆင့်ခေါ်စာမှတဆင့်ဖုန်းထုတ်ယူရန်


၁။ ငှားရမ်းသုံးစွဲခွင့်ရရှိသူကို မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန/လုပ်ငန်းမှ ဖုန်းထုတ်ယူခွင့်ဆင့်ခေါ်စာအား ပထမဦးစွာ ထုတ်ပေးမည်ဖြစ်ပါသည်။ ထိုဆင့်ခေါ်စာဖြင့် ငှားရမ်းခွင့်ရရှိသူမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်အောက်ရှိ လုပ်ငန်းစစ်ဋ္ဌာနသို့ဆက်သွယ်အကြောင်းကြားပြီး ဖုန်းထုတ်ယူခွင့်ကို ရယူရမည်ဖြစ်ပါသည်။

၂။ ထိုသို့ဖုန်းထုတ်ယူရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ဌားရမ်းခငွေအဖြစ် ၅၀၀၀၀၀ိ/ကျပ်တိတိ အားပေးချေပြီးမှသာ ဖုန်းထုတ်ယူခွင့်ရရှိပြီး နံပါတ်ပေးမည် ဖြစ်ပါသည်။

၃။ ငှားရမ်းသုံးစွဲသူမှ ဖုန်းထုတ်ယူပြီးသည့်နောက်ပိုင်း တပြိုင်နက်ဖုန်းသုံးစွဲခွင့်အား ချက်ခြင်းရရလိမ့်မည် မဟုတ် ပါ။

၎။ သုံးစွဲခွင့်ရရှိရန်အတွက် ငွေဖြည့်ကဒ် Prepaid Top Up Card ကိုဝယ်ယူကာငွေဖြည့်ပြီးမှသာဖုန်းဆက် သွယ်ခွင့်ရရှိနိုင်မည်ဖြစ်သည် ။

၅။ငွေဖြည့်ကဒ် (Prepaid Top Up Card ) ကို ၀ယ်ယူရာတွင်အမျိုးအစား (၄)မျိုးထုတ်ပေးထားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာသုံးစွဲမှု့ အနည်းအများအလိုက် ၀ယ်ယူရရှိနိုင်မည် ဖြစ်ပါသည် ။

(၁) ၃၀၀၀၀-ကျပ် (၂) ၁၀၀၀၀-ကျပ် (၃) FEC – 20 (4) FEC – 50

၆။ အထက်ပါ ငွေဖြည့်ကဒ်များအား ရန်ကုန်မြို့အတွင်းနေရာဒေသအလိုက် ၁၀-နေရာမှ ၁၅-နေရာအထိ ရောင်း ချပေးမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ အချစ်တစေ(ရေခဲနန်းတော်)မှ ကူးယူဝေမျှပါသည်။

No comments: