May i be free from mental suffering!!!

Tuesday, March 30, 2010

ရန်ကုန်သွား တောလား.....

တရုတ်နှစ်သစ်ကူးပိတ်ရက်လေးတွေနဲ့အတူ ရွာကို တစ်လလောက်ပြန်ဖြစ်သွားပါတယ်။ June လတုန်းလဲ (၄)ရက်လောက် ရောက်၊ပြန် ပြန်သွားသေးတယ်။ သားကိုမွေးတုန်းကပေါ့။ မိန်းမကိုလဲ မျက်နှာပြရင်း၊ သားကိုလဲ ကြည့်ချင်၊ ချီချင်လို့ ပြန်ချသွားတာ သုခကမ္ဘာဆေးရုံမှာတင် (၄)ရက်သာ အချိန်ကုန်သွားပါ တယ်။ ဘယ်မှ မရောက်ဖြစ်ပါဘူး။ အခုရော ဘယ်တွေရောက်သလဲလို့ မေးရင်လဲ ဘယ်မှမရောက်ဖြစ်ပါ ဘူးလို့ ဖြေရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အပြင်မထွက်ချင်လောက်အောင် အရမ်းပူလို့ပါ။ 
ပူတော့ ဘယ်ကိုမှလဲ မသွားချင်ပါဘူး။ ခရီးဝေးဆိုတာ ဝေလာဝေးပေါ့။ မိဘတွေရှိတဲ့ အင်းစိန်ကိုပဲ သွားဖြစ် ပါတယ်။ နေ့လယ်နေ့ခင်းတွေမှာတော့ သားကို ထိန်းလိုက်၊ ချီလိုက်၊ သားနဲ့ကစားလိုက်ပေါ့။ သားက ကျွန်တော်ပြန်ရောက်တဲ့ အချိန်မှာ(ဂ)လကျော်သွားပါပြီ။ စကားတွေလဲ ဝူးဝူး၊ဝါးဝါးနဲ့ ပြောနေတော့တာပါပဲ ။ ဆော့လည်း တော်တော်ဆော့တယ်။



အပြင်ထွက်ရမယ်ဆိုရင်တော့ တအားသိတယ်ဗျို့။ ပျော်နေတာပဲ။ ကားပေါ်ရောက်ရင်တော့ ဘယ်သူကပဲ
ကလူကျီစယ်၊ ကျီစယ်။ ပြုံးတောင် မပြုံးတော့ပါဘူး။ မာနတွေ ကြီးနေလိုက်တာဗျာ။ တကယ်တဲ...။ ဂီယာ တွေ လိုက်ထိုးလိုထိုး၊ စတီယာရင် လိုက်ကိုင်လိုကိုင်နဲ့ စူးစမ်းချင်တဲ့ စိတ်တွေက များနေပါတယ်။ ဒါတွေကို ကပဲ ကျွန်တော့်အဖို့တော့ ပျော်စရာတွေပါပဲ။

သားတော်မောင်(၉)လအရွယ်....

ညကျတော့မှပဲ စိန်ဂေဟာတို့၊ Ocean တို့၊ တရုတ်တန်းတို့ ရောက်ဖြစ်ပါတယ်။ တရုတ်တန်းရောက်မှပဲ မပြန်ခင်က ရန်ကုန်မှာစားဖြစ်အောင်စားမယ်လို့ စိတ်ကူးထားတာတွေ အကုန်လျှောက်စားပစ်လိုက်တယ်။ ဝက်သားကောက်ညှင်းပေါင်း စားတယ်။ ဝက်သားဒုတ်ထိုး စားတယ်။ ကော်ကြော်စားတယ်။ ကော်ပြန့်စိမ်း စားတယ်။ ကြေးအိုးသောက်တယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်ထိုင်ပြီး ကျစိမ့်သောက်တယ်။ မြန်မာ ဘီယာ အဝသောက်တယ်။ (ဒါတွေ ဒီမှာလဲ ရတာပါပဲလို့တော့ မပြောပါနဲ့။ Taste ချင်း မတူပါဘူး။)ဟောဒီ လို ဖရဲသီးစိတ်တွေ တစ်စိတ်ကို နှစ်ရာနဲ့ပေါပေါလောလော စားလိုက်တယ်။

“ ဖရဲသီးစိတ်ချိုချိုလေးရမယ် ”

ရွှေတိဂုန်ဘုရားကို မနက်စောစော(၂)ခေါက်၊ ညနေပိုင်း(၁)ခေါက် သွားဖူးခဲ့ပါတယ်။ ညနေပိုင်းကတော့ ကျွန်တော်တို့လင်မယား အိမ်ထောင်သက်(၂)နှစ် ပြည့်လို့ မိသားစု(၃)ယောက် ဘုရားသွားကြတာပါ။ တပေါင်းလပြည့်နေ့ ရောက်တော့မှာဆိုတော့ ရွှေတိဂုန်ဘုရားပွဲတော်ပေါ့။ ဘုရားပေါ်မှာ နိုင်ငံခြားသားတွေ ရော၊ နိုင်ငံသားတွေရော၊ သည်းသည်းလှုပ်ပေါ့။ ရှင်ပြုကြသူတွေလည်း အများကြီးပါပဲ။ သူတို့တွေကိုကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ သားကို ရှင်ပြုချင်နေမိတယ်။ ဒါပေမဲ့ ကျွန်တော့်သားက ကိုးလကျော်၊ ဆယ်လထဲမှာပဲ ရှိသေးတယ်၊





အောင်မြေမှာ ဘုရားဖူးနေကြသူတွေ......

ထိုင်းဘုန်းတော်ကြီးနဲ့ထိုင်းဘုရားဖူးအဖွဲ့ ဝတ်ရွတ်နေကြစဉ်....



ဘုရားပေါ်မှာ သားနဲ့အတူ...

ပြန်သာ လာရတယ်။ မပြန်ချင်ပါဘူး။ အထူးသဖြင့် သားနဲ့ခွဲပြီးတော့ပေါ့ဗျာ။ ပြန်ရောက်တော့ သားနဲ့ကစားရ တဲ့ အချိန်၊ အတူရှိနေရတဲ့အချိန်လေးတွေကို လွမ်းနေမိတယ်။ နောက်နှစ်လဲ ဒီအချိန်မှာ ပါပါးပြန်လာခဲ့အုံး မယ် သားလေးရေ......။

No comments: