May i be free from mental suffering!!!

Monday, October 4, 2010

လေနေတဲ့ စိတ်

အခုချိန်မှာ ဘာဖြစ်ချင်သလဲလို့ မေးလာခဲ့ရင် ရွာကို အမြန်ဆုံးပြန်ချင်တယ်လို့ ဖြေမိမှာပါ။ နေချင်စိတ်ကို လုံးဝမရှိတော့ပါဘူး။ ကဲ...ဒီလောက်တောင် ပြန်ချင်နေတာ ပြန်လေကွာ...ဆိုတော့လဲ ပြန်လို့မရပြန်ဘူး။ စိတ်တွေရှုပ်၊ စိတ်တွေညစ်ပြီး စိတ်ဓါတ်တွေကျနေပါတယ်။ တစ်ခါတလေတော့ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ ဂစ်တာတီးပြီး ကိုမွန်းအောင်ရဲ့သီချင်း တစ်ပုဒ်ကို ညည်းညူနေချင်မိတယ်။

“ ညရဲ့သန်းခေါင်ယံ အိပ်မပျော်သေးချိန်၊ ဂစ်တာလေးကို အဖော်ပြုရင်း တီးခတ်စဉ်၊ တိမ်ညိုတွေရယ် အုံကာမှိုင်းတော့၊ ကိုယ်လေ ရင်မှာပူပင်လာတယ် သောကပွေ...... ”

အဲဒီလို သီချင်းဆိုလိုက်ရရင်ပဲ ရင်ထဲမှာ တစ်ပိုင်းတစ်စတော့ အေးငြိမ်းသွားသလို ခံစားလိုက်ရမှာ ကျိမ်းသေပါတယ်။ ဒါပေမဲ့ ကျနေတဲ့စိတ်ကို သီချင်းအေးအေးလေးတွေဆိုနေရင် ဖြစ်ပါ့မလားလို့တွေးမိပြီး Rock သီချင်း ခပ်ပြင်းပြင်းလေးတွေ ဆိုချင်မိပြန်ရော....။ ကြည့်လေ...ဘယ်လောက်တောင် အပြောင်းအလဲ မြန်နေတဲ့စိတ်လဲဆိုတာ....။

ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဟယ်ရီလင်း၊ အာဇာနည်တို့ရဲ့သီချင်းတွေဆိုပြီး ပေါက်ကွဲ ပစ်လိုက်တယ်။ ရင်ထဲမှာ ဘာမှ မကျန်အောင် ဖွင့်ချပစ်လိုက်တယ်။ လက်ချောင်းလေးတွေ နာကျင် နေတဲ့အထိ.....အသံတွေ ကုန်ဝင်သွားတဲ့အထိ......ညစ်နေတာတွေ လန်းသွားတဲ့အထိပေါ့။ ပြီးမှ ကျားအေးအေးလေး မော့သောက်ချလိုက်မယ်။ မကောင်းဘူးလားဗျာ။ အင်း....ပြီးတော့မှ....

“ကမ္ဘာမြေအတွက် လာခြင်းကောင်းပါစေ၊ မွေးဖွားသန့်စင်လာ အဖေ၊အမေတို့သားလေး၊ ကြိုဆိုတယ် ဂြိုလ်တွေ၊နက္ခတ်တွေရယ်...............အဖေ၊အမေမျှော်လင့်ချက်၊ အဆုံးအဆမဲ့ သားငယ်ရေ၊ ကောင်းသော မနက်ဖြန်တွေ၊ယူလာနိုင်မလားဟေ့ ”




ဇော်ဝင်းထွဋ်ရဲ့သီချင်းလေးညည်း၊ ဂစ်တာကိုထမ်းပြီး ပြန်တော့မယ်။ သားလေးကြောင့် နွမ်းညစ်နေတဲ့ စိတ်တွေကို စိတ်ထဲမှာတင်ပဲ လျှော့ချလိုက်မိတယ်။ အားတင်းပြီး ဆက်နေရပါအုံးမယ်။ သားနဲ့အတူ ကစားခွင့်ရမယ့်နေ့တွေ ရောက်လာတော့မှာပါ။

2 comments:

Unknown said...

" တဂိုး " ကပြောတယ် " နေဝင်ချိန်ကိုငေးပြီး ဆွေးမြေ့ကြေကွဲ နေရင် .. သင်ဟာ လမင်းရဲ့ အလင်း ကို ခွင်းမြင်နိုင်မှာ မဟုတ်ဖူး " တဲ့ ...
မနက်ဖြန် အတွက် ရင်ခုန် ပြီး............. ဒီနေ့ပျော်ရွှင်ပါ ....................... မနေ့က အကြောင်းတွေ မေ့လိုက်ပါ ......... အသစ် ... အသစ် တွေဖြစ်ထွန်းဖို့ ........ အဟောင်း တွေ ပျက်သုန်းပေးရတာ သဘာဝ ပါပဲ ..
... ချမ်းမြေ့ပါစေ ... ( KMA )

လေပြေသွေး said...

အင်း.....ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။