May i be free from mental suffering!!!

Thursday, March 5, 2009

Rod Stewart in Singapore

(28.2.2009) နေ့က Singapore Indoor Stadium မှာ Rod Stewart Live Show ကြည့်ခဲ့ရတယ်။ ဘဝမှာ အမှတ်တရပေါ့။ ရွာမှာ ကြည့်ရဖို့ကတော့ လုံးဝမဖြစ်နိုင်သေးပါဘူး။ ကင်မရာမယူသွားမိလို့ ဖုန်းနဲ့ပဲ video ရိုက်လာခဲ့ရတယ်။ တစ်ခါမှ မကြည့်ဘူးတော့ ယူလို့ ရမှန်း၊ မရမှန်း မသိဘူးလေ။ ရတောင့်ရခဲ အခွင့်အရေးလေး တစ်ခုဆုံးရှုံးသွားတယ်။ အင်း......နောက်တစ်ခါပေါ့။


နှုတ်ဆက်ခဲ့ပါတယ်........







တွေ့၊ဆုံ၊ကြုံ၊ကွဲ ဆိုတာ ဘဝတစ်ကွေ့မှာ ကြုံတွေ့ရစမြဲပါ။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ပေါင်းသင်းလာခဲ့တဲ့ ဒီနှစ်နှစ်တာ ကာလအတွင်းမှာ အမှတ်တရအဖြစ်တွေကလည်း အများကြီးပဲပေါ့။ ဝင်လာတုံးက မသိသာပေမဲ့ ပြန်ထွက်သွားတဲ့အချိန်မှာ ကျန်နေခဲ့သူတွေအဖို့တော့ ရင်မှာဟာတာတာနဲ့ တစ်ခုခုလိုနေသလိုပဲ။
ကျွန်တော်ဂစ်တာတီးတဲ့အချိန်မှာ သူက ပင်တိုင်အဆိုတော်ပါ။ ကျွန်တော်တို့နှစ်ယောက်က အတွဲညီတယ်လို့ Jon ကတော့ အမြဲပြောတယ်။ ဂစ်တာတီးတဲ့အချိန်တိုင်းမှာ ခင်ဗျားကို သတိရနေမှာပါ။
(27.2.2009)နေ့မှာ နှုတ်ဆက်ပွဲလေးလုပ်ပြီး (1.3.2009)နေ့(2)နာရီလေယာဉ်နဲ့ ခင်ဗျားပြန်သွားခဲ့တယ်။ ရွာမှာ ဘာတွေ လုပ်နေသလဲ ဘော်ဒါကြီးရေ.........

မွေးနေ့ပွဲမှာ.......








ကိုမျိုးအောင်နဲ့မချိုနွယ်သောင်းတို့ရဲ့မွေးနေ့ကို နှစ်ယောက်ပေါင်းပြီး City Hall နားက ကွင်းပြင်ကျယ်ကြီးမှာ အပေါင်းအသင်းတွေ စုံညီစွာနဲ့ ကျင်းပကြပါတယ်။ နှစ်ယောက်စလုံးက February Born တွေလေ။ ဂစ်တာနှစ်လုံးနဲ့ဆိုတော့ ပိုမြိုင်တာပေါ့ဗျာ။ အသက်ရာကျော်ရှည်ပါစေလို့ သူငယ်ချင်းတွေကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။










Friday, February 13, 2009

Played @Sentosa







တရုတ်နှစ်ကူးပိတ်ရက်တုံးက Sentosa ကို သွားပြီး ဖဲရိုက်ကြတယ်။ အပျော်ကြေးပါ။ ပြီးတော့ ဗမာပီပီ ခြင်းလုံးခတ်ကြတယ်။ ပျော်ဖို့ကောင်းတယ်။ အငြောင်းလဲပြေ...အပျင်းလဲပြေပေါ့။




Thursday, January 29, 2009

Just for laughs!!!!

An Israeli doctor says " Medicine in my country is so advanced that we can take a kidney out of one man, put it in another, and has him looking for work in six weeks."

A German doctor says " That is nothing; we can take a lung out of one person, put it in another, and have him looking for work in four weeks. "

A Russian doctor says " In my country, medicine is so advanced that we can take half a heart out of one person, put it in another, and have them both looking for work in two weeks."

An American Texas doctor, not to be outdone, says " You guys are Way behind, we recently took a man with no brains out of Texas, put him in The White House for eight years, and now half the country is looking for work."

Wednesday, January 21, 2009

Thursday, January 15, 2009

Ex-RIT Gathering in Singapore (4.1.2009)


သူကလဲ Performance တွေပြတယ်ဗျ.......ခေသူမဟုတ်ဘူးနော်.....