May i be free from mental suffering!!!

Saturday, February 13, 2010

“အိုကေ”သွားတဲ့ ကိုလေပြေ

အခုတလော အလုပ်တွေရှုပ်နေတာနဲ့ Blog ဖက်ကို ခြေဦးမလှည့်နိုင်ခဲ့တာ ကြာပါပြီ။ ညဆိုရင် (၁၀)နာရီ လောက်မှ အိမ်ပြန်ရောက်တယ်။ အချို့ညတွေဆိုရင် (၁၂)နာရီထိုးမှ ပြန်ရောက်ဖြစ်ပါတယ်။ ပင်ပန်းလွန်းတာ နဲ့ ပြန်ရောက်ရောက်ခြင်း တန်းအိပ်ဖြစ်တယ်။ မနက်မိုးလင်းရင် အလုပ်လုပ်၊ ညဖက်ပြန်ရောက်တာနဲ့ တန်းပြီးအိပ်၊ ဒီလိုနဲ့ပဲ တရုတ်နှစ်ကူးကို ကျော်ဖြတ်ခဲ့ရပါတယ်။ Sunday တွေလဲ မနားရပါဘူး။ ကျွန်တော့်အလုပ်ရဲ့ အခြေအနေကိုက တရုတ်နှစ်ကူးဆိုရင် အရမ်းအလုပ်များပါတယ်။ သာမန်အချိန်တွေက တော့ ပုံမှန်အတိုင်းပါပဲ။ မနက်(၉)နာရီကနေ ညနေ(၆)နာရီအထိပေါ့။


ဒီနေ့ကစပြီး အလုပ်ပိတ်သွားပြီဆိုတော့မှ Blog ဖက်ကို ပြန်ပြီး ခြေဦးလှည့်နိုင်တော့တယ်။ ကျွန်တော့် Blog က Error တွေတက်နေတာကို အခုမှပဲ ပြန်ပြီး Checking လုပ်ရတော့တယ်။ ဘာတွေမှားနေသလဲဆိုပြီး လိုက်ရှာရတာကိုပဲ ခေါင်းနောက်သွားပါတယ်။ ဘာသွားတွေ့သလဲဆိုတော့ ကျွန်တော်က Blogကို Refresh လုပ်ထားမိတာကိုး။ အဲဒါလေး ပြန်ဖြုတ်လိုက်တော့မှ Loading တွေ တက်မလာတော့ဘူး။ Blogspot ပြန်ပြောင်းထားတာလဲ Ok သွားပါပြီ။

ကိုယ့် Blog လေးကို လှစေချင်လွန်းလို့ နည်းပညာ Blog တွေ လျှောက်ဖတ်ပြီး လုပ်ထားတာပါ။ (သူတို့ ရေးထားတာကို မှားနေတယ်လို့ ပြောတာမဟုတ်ပါ။) ကျွန်တော်က မှားသွားတာပါ။ ပြင်လွန်းတော့ ဖင်ချွန်း သွားတာပါ။ ကိုယ်က ဘာနည်းပညာမှတတ်တဲ့သူမဟုတ်တော့ ထပ်ပြီးတော့ မကလိရဲတော့ပါဘူး။ တော်ကြာ ကိုယ့် Blog ကလေး ပျောက်သွားလို့ ကိုယ့်ကျိုးနည်းနေအုံးမယ်။ ဒီအတိုင်းပဲကောင်းပါတယ်။ ဒါနဲ့ စကားမစပ် တစ်လလောက် ခွင့်ရတုန်း ရွာပြန်လိုက်အုံးမယ်။

“ Blog ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ.....”

1 comment:

ပန်းခရမ်းပြာ said...

အခုမှပဲ ဖတ်လို့ အဆင်ပြေတော့တယ်။ ရွာပြန်ဦးမယ်ပေါ့။ ပြန်လာရင်တော့ ဒီ အဖွဲ့အတွက် ထုံးစံအတိုင်း ..