May i be free from mental suffering!!!

Tuesday, February 2, 2010

ရွာလည်နေတဲ့ လေပြေသွေး


ရွာလည်နေတယ်ဆိုလို့ လျှောက်လည်နေတယ်မထင်ပါနဲ့။ နေ့ခင်းဖက်အလုပ်တွေ ရှုပ်နေသလို ညဖက် ကြတော့လည်း Blog နဲ့ ဦးနှောက်စားနေရလို့ ပြောတာပါ။ ကိုယ့်ဘလောဂ့်လေးကို ရွာကအမျိုးတွေကို ဖတ်စေချင်လို့ Blogspot ကနေ အလကားရတယ်လို့ပြောကြတဲ့ co.cc ကိုပြောင်းလိုက်ကာမှ နောက်ထပ် ဒုက္ခတစ်ခု ထပ်တိုးလာပါတယ်။ ပထမတစ်ခု Read more... ကတော့ Ok သွားပါတယ်။ အခု co.cc ပြောင်းလိုက်တော့ ရွာကတော့ နှစ်ရက်လောက် ဝင်ဖတ်လို့ရသွား ပါရဲ့။ ဒါပေမဲ့ စာတွေပဲ ဖတ်လို့ရတယ်။ ဓါတ်ပုံတွေ ကြည့်လို့ မရပြန်ဘူး။ 

အခုဆို “စ”လုံးက သူငယ်ချင်းတွေလဲ ဝင်လို့မရတော့ဘူး။ ကိုယ်ကိုယ်တိုင်လည်း ဝင်လို့မရတော့ဘူး။ ခဏပဲ တက်လာပြီး ပြန်ပျောက်သွားပါတယ်။ Powered by co.cc လို့ပဲ ပေါ်နေတယ်။
နောက်နှစ်ရက် လောက်ကြာတော့ Log in ဝင်လိုက်ရင် Register ပဲ လုပ်ခိုင်းနေတော့တယ်။ အလကားရမယ်ဆိုတဲ့ co.cc က Register Fees တစ်နှစ်ကို $3 ကျပါတယ်တဲ့။ ကိုယ်ပိုင် Domain ရမယ်တဲ့။

ဟိုလူ၊ဒီလူတွေကလဲ ဝင်လို့မရကြဘူးလို့ ပြောနေကြတော့ မထူးတော့ဘူးဆိုပြီး Register လုပ်လိုက်ပါ တယ်။ ပြီးတော့ Settings တွေ လုပ်ပြီး Blogspot ကနေ co.cc ကို switch to လုပ်လိုက်ပါတယ်။ အင်း....ရသွားပြီလို့ မထင်ပါနဲ့။ ထူးမခြားနားပါပဲဗျို့။ ဘာဖြစ်နေပြန်ပြီလဲဆိုတော့ page တော့ တက်လာပါ တယ်။ ဒါပေမဲ့ ခဏပဲ ကြာတယ်။ Page ပျောက်သွားပြီး Loading တက်နေပြန်ပါရော။ ပြီးတော့ တစ်ခါ page ပြန်တက်လာတယ်။ပျောက်လိုက်၊ပေါ်လိုက်....ပျောက်လိုက်၊ပေါ်လိုက်ခဏခဏဖြစ်နေတော့တာပါပဲ။ Custom Domain ကနေ Blogspot ကို Switch to ပြန်လုပ်ကြည့်တော့လည်း မရပြန်ဘူး။ ဒီအတိုင်းပဲ ဖြစ်နေတယ်။ ဘာမှားနေလဲ မသိဘူး။ ရွာတွေလည်နေတယ်။

No comments: