May i be free from mental suffering!!!

Tuesday, December 21, 2010

ဗုဒ္ဓ FM အွန်လိုင်း ရေဒီယို


ဗုဒ္ဓတရားတော်နဲ့ ဓမ္မတေးတွေကို ၂၄ နာရီပတ်လုံး နားဆင်နိုင်သည့်  ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို ဒီဇင် ဘာလ ၁၉ ရက်၊ ၂၀၀၉ခုနှစ်က စပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှထုတ်လွှင့်နေသည်မှာ တစ်နှစ်ပြည့် မြောက်ပြီဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တိုင်း၏ဆုံရပ်အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ်၊ အယူအဆများကို တနေရာတည်း တွင် အလွယ်တကူရှာဖွေနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက် အသစ်များဖြင့်  စတင်အသံလွှင့်နေပြီဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြား ပါသည်။

ဆရာတော်က “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင်သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ” ဟု မိန့်ကြားပါသည်။

“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင်ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟော သီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။

မြန်မာပြည်တွင်းအတွက် - ဒီနေရာကနေ ဝင်ပြီးနားထောင်နိုင်ပါသည်။
ပြည်ပရောက်သူများအတွက် - ဒီနေရာကနေ ဝင်ပြီးနားထောင်နိုင်ပါသည်။

မှတ်ချက်။     ။အရှင်မေတ္တာစာရ ဘလောဂ်မှကူးယူဝေမျှပါသည်။

No comments: