May i be free from mental suffering!!!

Thursday, January 14, 2010

ပြည်သူချစ်သော မေရှင် (၉)

မယ့်သဉ္ဇာ

ရေး-ခေတ္တရာအေး ဆို-မေရှင်

ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော်နေမှာ၊ မယ့်ဖူးစာဖက် ကို စောင့်လို့သာ၊ ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော် နေရှာ၊ ဖော်ကင်းတဲ့ ပန်းဝတ်လွှာ၊ မျှော်ရင်းနဲ့ လွမ်းတော့မှာ၊ အို…..သော်တာမင်း ဖေးမပါ။

မောင့်ကိုမျှော်မှန်းကာ နေ့တိုင်းပင် စိတ်ထဲမှာ၊ ရှင့်ကို ရည်မှန်းကာ၊ ညတိုင်းပင် စိတ်ထဲမှာ၊ လှပျိုသက်ထားမှာ၊ စောင့်စားကာ၊ ချစ်သူကို ဘယ်ဝယ်မြန်းနေရှာ။

လှပျိုသက်ထားမှာ၊ မောင်ကသာ အစဉ်စွဲမှာ၊ ခင့်သဉ္ဇာခန်းကို လာခဲ့ပါ၊ ပျိုကမှာ၊ ချစ်သူမောင်ကသာ၊ လွဲခွာ၊
မေတ္တာတော်ရှောင်ဖယ် အားပေတာ။

ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင်စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်း မျှော်နေမှာ၊ မယ့်ဖူးစာဖက်ကို စောင့်လို့သာ၊ ဖော်ကွာကင်းတဲ့ မယ့်သဉ္ဇာမှာ၊ သော်တာလမင်းရောင် စုံဖြာ၊ ပျိုမေတစ်ကိုယ်တည်းမျှော်နေရှာ၊ ဖော်ကင်းတဲ့ ပန်းဝတ်လွှာ၊ မျှော်ရင်းနဲ့ လွမ်းတော့မှာ၊ အို…..သော်တာမင်း ဖေးမပါ။



ခေတ်ပြောင်းချိန်

ရေး-သဟာယဆရာတင် ဆို-မေရှင်

တို့မြန်မာတွေ ဟိုရှေးယခင်၊ ခေတ်ကောင်းစဉ်က အောင်စည်အောင်မောင်းရယ်၊ ရိုက်ညောင်းကာရွယ်၊သာယာ စည်ကားခဲ့တယ်။

( ရွှေဘုံရွှေနန်း တင့်ဆန်းတဲ့ ပလ္လင်ပျံဝယ်၊ သာကီနွယ်ဝင် မင်းစဉ်မင်းဆက်၊ ရှေးအထက်စိုးမိုး အုပ်ချုပ်ကာ စံမယ်)2 ရွှေဘုန်းရှင် နေတနှုန်းအသွင်၊ တစ်ပြည်လုံး ဂုဏ်သမ္ဘာကြွယ်၊ ခုနေခါမယ် ထီးကျိုးစည်ပေါက် ပလ္လင် ပျောက်ကွယ်၊ လွမ်းစရာတွေ အသွယ်သွယ်၊ တို့မြန်မာမင်းရယ် ကြမ္မာငယ်ယိုယွင်းတယ်၊မထင်လင်းတော့တယ်၊ ရာဇာသနင်းရယ်။

( ရှေးကုသိုလ်ကံ မှေးတယ်၊ တို့များမြန်မာ သံဝေဂရွယ်၊ ဘုရားသော်မှာ ဝဋ်ကြွေးလယ် )2 မျှော်မှန်းကာရွယ် မြန်မာပြည် မကြာမီ ကိန်းကောင်းဆိုက်လို့ရယ်၊ ခေတ်ပြောင်းချိန်လည်း ရည်ရွယ်စောင့်တော့တယ်။

( မှူးကြီးမတ်ရာ သေနာပတိရယ်၊ ပညာရှိတဲ့ ကဝိတွေအလယ်၊ ဘုန်းကံရှင်အပေါင်းတို့၊ ညီလာခံညောင်းတယ်။ )2 သက်ဦးဆံပိုင်ဆိုပေမယ့်၊ မင်းကျင့်တရားနဲ့ညီတယ်၊ ခုခေတ်ပြောင်းရင် ကောင်းစားလိမ့်မယ်၊ အောင်စည် အောင်မောင်း ရိုက်ညောင်းလို့ရယ်၊ တိုင်းပြည်သာယာမယ်၊

( ဗြဟ္မာစိုရ်တရားတွေ သုံးလို့ရယ်၊ မုန်းတဲ့စိတ်တွေပယ်၊ ခေတ်ကောင်းရောက်ဖို့ မဝေးပါတယ်၊ သွေးစည်းကြပါ မွန်-မြန်မာတွေရယ်)2 မင်းကြီးရန်နောင် ပုံပမာထားလို့ရယ်၊ သတ္တိလက်ရုံး တစ်ကျွန်းလုံးမှတ်စေဖွယ်။

( ရှေးကုသိုလ်ကံ မှေးတယ်၊ တို့များမြန်မာ သံဝေဂရွယ်၊ ဘုရားသော်မှာ ဝဋ်ကြွေးလယ် )2 မျှော်မှန်းကာရွယ် မြန်မာပြည် မကြာမီ ကိန်းကောင်းဆိုက်လို့ရယ်၊ ခေတ်ပြောင်းချိန်လည်း ရည်ရွယ်စောင့်တော့တယ်။



ချစ်ပန်းလွှာ

ရေး-ခေတ္တရာအေး ဆို-မေရှင်

သင်းကြည်အေးတဲ့ လေညင်းသွဲ့ဖြာ၊ ပန်းမာလာမွှေးတဲ့အခါ၊ ဥယျာဉ်ထဲမှာ ပျိုနဲ့တွဲကာ၊ မောင့်ရင်ခွင်ထဲကသာ၊ တေးသံကြူးလို့ ပျော်မြူးခဲ့တာ၊ ခင်မြင်မိသေးတော့သာ၊ ဖူးစာပွေလီလိမ်ညာ၊ အကြောင်းကံ အလွန်ဝေးတာ။

ပြာလဲ့မှာ မှေးရိပ်ရောင်ဝါ၊ ရွှေယုန်သာ တမ်းတသူ လွမ်းဖို့ဖန်လာ၊ ကျီစယ်ကာ မာန်ပျိုးကာ လှောင်အားပိုတာ၊ ပျို့ရင်အုံညှာမှာ၊ ခင်းကြုံလို့ အလိုလိုစိတ်ထဲ စွဲမိတာ၊ ဖော်ကင်းတဲ့ မယ့်စက်ရာမှာ၊ ခွေယိုင်ကာ၊ စိမ်းကို ရက်စက်နိုင်လွန်းလှတာ၊ ကြင်နာပါ ချစ်ပန်းလွှာ။

ပျို့ဒါလင်ကြင်ရာ၊ စောင့်စားလို့ တမ်းတကာ၊ မယ့်ရွှေရင်အုံမှာ၊ ဇောစိတ်ဝေဖြာ၊ ဖူးစာရှင်ရယ် ဆောင်ပို့ပါ ခင့်လိပ်ပြာ၊ ပျို့မောင်ဆီကိုသာ ရောက်ဖို့ရာ၊ တူနှစ်ကိုယ် ကြင်ကာ ပေါင်းဖက်နိုင်ဖို့ရာ၊ ဖေးကူပါ ဒေဝါ တောင်းပန်ရတာ။

ပျားပိတုန်းတို့ စံပျော်ရာ၊ အာသာဝတီပန်းဝတ်လွှာ၊ သုံးဆွတ်မြူးနေရှာ၊ ဖူးရွှေစာ သဲမြညှာ၊ အကြင်နာစွဲတဲ့ သူကို လွှဲရက်တာ၊ ဘယ်ဆီဘယ်မှာ သတ္တဘာဂ လမ်းပြပါ၊ ပျိုမေကို ဆောင်ကြဉ်းလို့သာ ကယ်ယူပ။ါ

ပြာလဲ့မှာ မှေးရိပ်ရောင်ဝါ၊ ရွှေယုန်သာ တမ်းတသူ လွမ်းဖို့ဖန်လာ၊ ကျီစယ်ကာ မာန်ပျိုးကာ လှောင်အားပိုတာ၊ ပျို့ရင်အုံညှာမှာ၊ ခင်းကြုံလို့ အလိုလိုစိတ်ထဲ စွဲမိတာ၊ ဖော်ကင်းတဲ့ မယ့်စက်ရာမှာ၊ ခွေယိုင်ကာ၊ စိမ်းကို ရက်စက်နိုင်လွန်းလှတာ၊ ကြင်နာပါ ချစ်ပန်းလွှာ။



No comments: