May i be free from mental suffering!!!

Monday, October 5, 2009

ပြည်သူချစ်သော မေရှင် (၅)

ချစ်မိရင်

ရေး-စန်းသော်တာ ဆို-မေရှင်

( ပျိုချစ်သူကိုပင် နေ့နေ့ညည၊ ထာဝစဉ် ခင်မင်ပေါင်းသင်းမှာပင်၊ စိမ်းကားဖို့ဖြင့် ခင်မမြင်။ )
( အများပြောတာ မကြားချင် နားမဝင်၊ သဘောကောင်းမှန်ရင်၊ ဂုဏ်ကို မခင်ဘူးရှင်၊ အစဉ် ပျို့စိတ်ထဲတွင် )2
သံပြိုင် ။ ။ မောင့်ကိုပင် သက်ဆုံးပေါင်းမယ့် ခင်၊ အမှန်ပင် ရှစ်ကမ္ဘာပြုန်းလို့ကြေရင်၊ မေတ္တာတုံးဖို့ ခင်မမြင်၊ မောင့်ကိုပင် မမုန်းဘူး ချစ်မိရင်။

ယုံပါရှင် ချစ်မိခဲ့လို့ပင်၊ ပျိုပျိုခင် မောင့်ကိုစွဲပေါ့၊ အသည်းထဲမှာပင်၊ ယုံပါရှင် ဘွင်းဘွင်းပြောလိုက်ချင်၊ မောင်ယိမ်းလို့ တမ်းပါးကာ၊ စိမ်းကားနဲ့ ခင်ပြောချင်။

သံပြိုင် ။ ။ မောင့်ကိုပင် သက်ဆုံးပေါင်းမယ့် ခင်၊ အမှန်ပင် ရှစ်ကမ္ဘာပြုန်းလို့ကြေရင်၊ မေတ္တာတုံးဖို့ ခင်မမြင်၊ မောင့်ကိုပင် မမုန်းဘူး ချစ်မိရင် ။


စံပယ်ဖြူ

ရေး-စန်းသော်တာ ဆို-မေရှင်

ပန်းလှစံပယ် သင်းခက်နွယ် မာလာငွေကြယ်၊ မြင်ချင်ဖွယ်၊ ကြိုင်လှိုင်ကြူတယ် ဖြူစံပယ်၊ မနောမှာစွဲလို့ ချစ်မိတယ်၊ အို….မွှေးလွန်းလို့ကွယ်၊ ပန်ချင်စမ်းတယ်၊ ခူးဆွတ်ဖို့ရွယ်၊ စိမ်းလန်းလို့ နမ်းဖို့ကောင်းလှတယ်။

သံပြိုင် ။ ။ မွှေးမွှေးကြူလို့ ပန်းနုစံပယ်၊ အဟုတ်လှတယ်၊ အလွန်ပဲဆန်းကြယ်၊ (ထူးထူးခြားခြား လှိုင်တယ် )2 မာလာရုံပင်ပျိုပန်းစံပယ်၊ စိမ်းလန်းလို့ကွယ်၊ အို……ဖူးပွင့်ကြတယ်၊ စိန္တေယျာဦးရှေ့ဝယ်၊တူမောင်မယ် ပန်းကပ်မယ်၊ ပျော်ရွှင်စွာ ပေါင်းသင်းဖို့ရယ်၊ ခိုင်သစ္စာထားကြတော့မယ်။

သင်းထုံကြည် ဖူးပွင့်တဲ့ရုံကြီးမယ်၊ တူပျော်ပျော် ခူးဆွတ်ကြမယ်၊ ငွေစံပယ် ဝေဝေဆာဆာရယ်၊ ကုံးဆက်မယ်၊ မမုန်းတမ်းဘဲ ဘုန်းသက်လှယ်၊ ကျိန်ကာဆုထူး ကျမ်းရွက်ကာ အစဉ်တကယ်၊ သစ္စာ ၊ မေတ္တာထားပါ့မယ်။

သံပြိုင် ။ ။ မွှေးမွှေးကြူလို့ ပန်းနုစံပယ်၊ အဟုတ်လှတယ်၊ အလွန်ပဲဆန်းကြယ်၊ (ထူးထူးခြားခြားလှိုင်တယ် )2 မာလာရုံပင်ပျိုပန်းစံပယ်၊ စိမ်းလန်းလို့ကွယ်၊ အို……ဖူးပွင့်ကြတယ်၊ စိန္တေယျာဦးရှေ့ဝယ်၊တူမောင်မယ် ပန်းကပ်မယ်၊ ပျော်ရွှင်စွာ ပေါင်းသင်းဖို့ရယ်၊ ခိုင်သစ္စာထားကြတော့မယ်။


ချစ်ပွဲဝင်


ရေး- သဟာယဆရာတင် ဆို-မေရှင်

( မောင်နဲ့လည်းကျောင်းနေစဉ်၊ လွန်စွာပဲ စိတ်ပျော်ရွှင်၊ အတူတူပဲ ကစားလို့နေ့စဉ်၊ ပျိုမမေ့ပေါင်ရှင် )2ငယ်ရွယ်စဉ်ကတည်းကစွဲတဲ့ သံယောဇဉ်၊ ချစ်တဲ့သူ ယုံစေချင်၊ ရွှေမေတ္တာ မကုန်ဘူးရှင်၊ ပန်တော်ဦး ဖူးစာဖက်သခင် ပျိုစွဲမက်ပုံယဉ်။

( မေတ္တာတွေသက်ဝင်၊ ကရုဏာတွေသက်ဝင်၊ ချစ်သူမောင်နဲ့ဆုပန်ဆင်လို့ထင် )2ငယ်ငယ်တုန်းက ချစ်ရေစဉ်၊ အသည်းထဲမှာပင် စွဲမိနေပြီနော် ပျိုမေရှင်၊ မောင်ယုံစေချင်။

( အချိန်တန် အရွယ်ရောက်လာ၊ လူလားမြောက်ရင်၊ ချစ်သူနဲ့တွဲချင်၊ ဘုရားသွားကျောင်းတက်၊ နေ့စဉ် မောင်နဲ့ခင် )2 ပျော်ပျော်ရွှင်ရွှင်၊ အမြဲပင် ကျီစယ်ချင်၊ နှစ်ယောက်ထဲ လောကတွင်၊ တွဲဖက်လို့ပင် ချစ်ပွဲဝင်။

ထာဝစဉ် မောင့်ကို အားကိုးချင်၊ ကြည်ဖြူမှာလား မယ့်အပေါ်တွင်၊ အရေးယူ ဂရုစိုက် အလိုလိုက်ရင် အင်မတန် ကျေးဇူးတင်။

မေတ္တာတွေ……………………………………….. မောင်ယုံစေချင်။
အချိန်တန်……………………………………….. ချစ်ပွဲဝင်။
မေတ္တာတွေ……………………………………….. မောင်ယုံစေချင်။

No comments: