May i be free from mental suffering!!!

Tuesday, December 21, 2010

ဗုဒ္ဓ FM အွန်လိုင်း ရေဒီယို


ဗုဒ္ဓတရားတော်နဲ့ ဓမ္မတေးတွေကို ၂၄ နာရီပတ်လုံး နားဆင်နိုင်သည့်  ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို ဒီဇင် ဘာလ ၁၉ ရက်၊ ၂၀၀၉ခုနှစ်က စပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှထုတ်လွှင့်နေသည်မှာ တစ်နှစ်ပြည့် မြောက်ပြီဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တိုင်း၏ဆုံရပ်အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ်၊ အယူအဆများကို တနေရာတည်း တွင် အလွယ်တကူရှာဖွေနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက် အသစ်များဖြင့်  စတင်အသံလွှင့်နေပြီဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြား ပါသည်။

ဆရာတော်က “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင်သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ” ဟု မိန့်ကြားပါသည်။

“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင်ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟော သီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။

မြန်မာပြည်တွင်းအတွက် - ဒီနေရာကနေ ဝင်ပြီးနားထောင်နိုင်ပါသည်။
ပြည်ပရောက်သူများအတွက် - ဒီနေရာကနေ ဝင်ပြီးနားထောင်နိုင်ပါသည်။

မှတ်ချက်။     ။အရှင်မေတ္တာစာရ ဘလောဂ်မှကူးယူဝေမျှပါသည်။

Tuesday, December 14, 2010

ခြားနားချက်


 (၁) ချစ်သူဘဝ                  ။     ။ အလကားနေရင်း အကြည့်ချင်းဆုံ၏။
     အိမ်ထောင်သည်ဘဝ    ။     ။ အကြည့်ချင်းဆုံရင်လည်း အလကားဖြစ်၏။

(၂) ချစ်သူဘဝ                  ။     ။ အလကားနေရင်း ချစ်သူကို တမ်းတ၏။
     အိမ်ထောင်သည်ဘဝ    ။     ။ ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။

(၃) ချစ်သူဘဝ               ။     ။ ကလေးဘယ်နှစ်ယောက် ယူလိုက်မည်ဟု စိတ်ကူး၏။
   အိမ်ထောင်သည်ဘဝ ။     ။ စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းသားဟုတွေး၏။

(၄) ချစ်သူဘဝ               ။     ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏။
အိမ်ထောင်သည်ဘဝ ။     ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေး ထားလို၏။

(၅) ချစ်သူဘဝ                  ။     ။ မွှန်နေသော်လည်း ကိစ္စမရှိဟုဆို၏။
     အိမ်ထောင်သည်ဘဝ    ။     ။ ကိစ္စရှိမှ မွှန်၏။

(၆) ချစ်သူဘဝ    ။      ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါကတိုးတိုးလေးပြော၏။
     အိမ်ထောင်သည်ဘဝ ။     ။ ဖုန်းထဲမှ အော်လိုက်ရသည်ကိုပင် အားမရ။

(၇) ချစ်သူဘဝ                  ။     ။ သူငိုလျှင် ကိုယ်လိုက်ငို၏။
     အိမ်ထောင်သည်ဘဝ    ။     ။ သူငိုလျှင် TV အစီအစဉ်တွေကောင်း၏။

(၈) ချစ်သူဘဝ                  ။     ။ သူမွေးနေ့ကို အလွတ်ရ၏။
     အိမ်ထောင်သည်ဘဝ    ။     ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။

(၉) ချစ်သူဘဝ                  ။     ။ လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏။
     အိမ်ထောင်သည်ဘဝ    ။     ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏။

(၁၀) ချစ်သူဘဝ                  ။     ။ အစားစားလျှင် ခွံ့ကျွေးမှကြိုက်၏။
       အိမ်ထောင်သည်ဘဝ    ။     ။ အစားစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏။

(၁၁) ချစ်သူဘဝ                  ။     ။ ချစ်သူအကြောင်းသာတွေး၏။
       အိမ်ထောင်သည်ဘဝ    ။     ။ သံသရာမှလွတ်မြောက်ရာအကြောင်း တွေး၏။

(၁၂) ချစ်သူဘဝ                  ။     ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
       အိမ်ထောင်သည်ဘဝ    ။     ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏။

Friday, October 8, 2010

ပြည်သူချစ်သော မေရှင် (၁၂)

ပါရမီတော်

ရေး- မြို့မငြိမ်း    ဆို- မေရှင်

ရင်၌ဖြစ်သောသားလို မဟာကရုဏာပွား သနားတော်မူသည်၊ သြဃ ဝဲသံသရာ ကျင်လည်ရရှာ၊ ဝေနေယျ ဘဝစုံညီ။

အမြိုက်ရေအေးတိုက်ကာ၊ လူနတ်ဗြဟ္မာအား တရားပြကယ်မည်၊ ဗောဓိသလောင်းလျာပါရမီ၊ သင်္ချေများစွာ ကမ္ဘာက ကျင့်ရှာသည်၊ အလွန်တမင်း စွန့်ခြင်းငါးလီ၊ ပဉ္စနဟာ ပရိစာဂီ၊ လောကတ္ထဉာတတ္ထံ ဗုဒ္ဓတ္ထစရိယာ ကျင့်ခဲ့ရှာသည်၊ လောကသုံးပါးတို့၏ စီးပွားကိုများအောင်ဆောင်သည်၊ မျိုးတော်၊ ဆွေတော်၊ ရွှေတော် အပေါင်း၏ ကောင်းကျိုးသာမျှော်ကိုးရည်၊ သဗ္ဗညုတဉာဏ်ကို ရှေ့ရှုသံမ္ဗောဓိ ဆုပန်သည်၊ ဆည်းပူး ရှာခဲ့သည်၊ သုံးဆယ်အပြား ဘုရားပါရမီ။

သဒ္ဓါသန်သည်၊ ဘုံနန်းဗိမာန်အိုးအိမ်၊ စည်းစိမ်နယား ရင်ဝယ်သားလည်း မခင်သည်၊ မဟာပထဝီ နှစ်သိန်းလေးသောင်းထုလို၊ အသားတော်စု ဘယ်သူပြုပြုလှူမည်၊ အသွေးထုတ်ဝေ သမုဒ်ရေ အမျှညီ၊ ဘိသိက်တော်ခံ မကိုဋ်ဆောင်း၊ ခေါင်းဖြတ်ဒါနအလှူ ဘယ်သူမမီ၊ ဇာမဏီသားမျိုး ကျင့်ရိုးမှန်သည်၊ အဓိဋ္ဌာန်တော်အတွက် မပျက်ပေသည်၊ ဆိုထုံးနှလုံးပြုကာ ကျင့်ရှာသည် ဒါနပါရမီ။

စွန့်ခွာလေသည်၊ စကြာဝဠာ စည်းစိမ်မခံလိုပြီ၊ ဆိတ်ငြိမ်ရာမှီခို တောမြိုင်ရပ်ဆီ၊ ညွှန်ပြပေသည်၊ တစ်ကမ္ဘာလုံး လင်းအောင် ကြံဆောင်သည်၊ ထွန်းလင်းဆီမီးရောင်ခြည်၊ လင်းစေတော့သည်၊ ယောင်္ကျားပီပီ လက်ရုံးရည်၊ ဘယ်ဆီသောင်ကမ်း လှမ်းမမြင်နိုင်သည်၊ သမုဒ္ဒရာကို ခုနှစ်ရက်တောင် ကူးလျက် အောင်နိုင် သည်၊ ဝီရိယာစွမ်းထုတ် ကြိုးကုတ်ပါရမီ၊ လောင်းမြတ်အာဇာနည်။

အလျှံပြောင်ပြောင် လှံဓားထက်စွာများနဲ့ လက်ခြေအသား သူဖြတ်ငြားလည်း မဖြုန်သည်၊ ရန်သူသည် ကိုယ့်ထီးနန်းကိုလုတောင်၊ မေတ္တာပွား ကိုယ်ကျင့်တရားမြတ်ခန္တီ၊ တောသုဉ်းအောင် မီးလောင်ပတ်လည်၊ မိန့်တော်မူသည်၊ မှန်သောစကားဖြင့် ထိုမီးကိုရှောင်စေပြီ၊ ကိုယ်တော်စိုးနှောင့် ရွှေစိတ်မတုန်သည်၊ သိက္ခာတော်မပျက်တည်ကြည်၊ ချစ်မုန်းကင်းတဲ့ ဥပေက္ခာတရားပါရမီ။


နန်းကေသီ

ရေး- ရွှေပြည်အေး    ဆို- မေရှင်

မ။   ။ ပင်တိုင်တော်ဦး ကျော့မှူးရယ်တဲ့ကေသီ၊ ရွှေညီလာက မျှော်မှန်းကာ၊ အဆောင်တော်ထဲ သန်းခေါင်ကျော်ဆဲမယ့်၊ တစ်ကိုယ်တော်တည်း ပျော်ပါပဲ ရွှေသည်းဘဝင်မှာ၊ မရွှင်နိုင်ပါ၊ မျှော်ဆဲမျှော်ကာ၊ မပေါ်လာ မောင်ဘုရားအတွက်သာ၊ သက်ညှာသနားသင့်တော့တာ။

ကျား။    ။ တစ်ပါးခင်နှမ ပျိုသူဇာ၊ သနားချင့်စရာ ရွှေမျက်နှာ၊ မောင့်ကြင်ရာ နန်းသူခင်မှာ၊ လှမ်းယူချင်စရာ၊ ဘိသိက်သွန်းကာ အောင်ပွဲ (ဆင်သ)2၊ တောင်ညာစံထားမယ် ယုံပါ၊ နှစ်ပါးမြတ်စုံလာ၊ သိကြားနတ် နှင်းအပ်ကာ၊ စုလျားဆင်မယ် မောင့်ဖုရားပါ။

မ။   ။ ဝေလန်းချွေသန်း ရေဖြန်းခံ နန်းမြင့်သီတာ၊ စက်ပါတော်ငြား မပျော်အားပါ၊ နန်းဦးတင် ရွှေပလ္လင်ဖွား ကြွတော်မူပါ မောင်တော်ဖုရား။

ကျား။    ။ ထိပ်ခေါင်တင်တစ်ပါးရဲ့ ဆပွားတဲ့မေတ္တာ၊ မဟာဂရုဏာ၊ ( တဿကီဘုန်းရဲ့ တာရှည်မမုန်း သကွယ့်၊ ပါရမီသုံးမယ့်စကား )။

မ။   ။ အလိုဝပ်တွား၊ ချစ်စမ်းပါဘုရား၊ ခင်နှမနန်းညွှန့်လျာ အပါးတော်က ခစားမှာ။

ကျား။    ။ နန်းကေသီကျော့မှူးခင်ရဲ့ အမရာကိန္နရီ မယ်မဒ္ဒီပုံပမာ။

မ။   ။ (သနားဂရုဏာ မေတ္တာ)2 ချစ်ကြိုးနှောင်ကာ ကြင်နာပါဘုရား။

ကျား။    ။ ကောင်းခြင်းငါးဖြာ ကင်းခြောက်ပစ်ကွာ၊ အဂ္ဂမဟေသီ ဒေဝီတစ်ပါးရဲ့ လက်ယာတော်ထား စံစားချင်တာ။

ကျား+မ။    ။ နိဗ္ဗူအမတပြည်ခေမာ၊ လှမ်းကြပါစို့ တို့နှစ်ပါး၊ ရာထူးကိုပန်ရွယ်ထား၊ ကြည်လင်စွာ ဒီပင်္ကရာ၊ မြတ်စွာဘုရား မှာသစ္စာထား။

 မ။   ။ အလိုဝပ်တွား၊ ချစ်စမ်းပါဘုရား၊ ခင်နှမနန်းညွှန့်လျာ အပါးတော်က ခစားမှာ။


ကိုကို့မျက်နှာ 

ရေး- တက္ကသိုလ်လှ    ဆို- မေရှင် 

သော်တာငွေရောင်ဖြာစဉ်လည်း မပေါ်လာနိုင်ပါ၊ ပျို့သက်ညှာ၊ စောင့်ရတာ ခွေယိုင်းနွမ်းပန်းရှာ၊ ဖော်ကွာသူ ခင်အစဉ်ပဲမျှော်ရှာ၊ သော်တာမင်းနဲ့သာ၊ ပျို့အချစ်ကို ဆောင်ယူနှင်းပါ။

တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ဘဲ ပျို့မျက်စိအောက်ရှေ့ပါ၊ ( ကိုကို့မျက်နှာ၊ မောင်မောင့် မျက်နှာ၊ ကြည်ကြည်လင်လင် ရွှင်ပြုံးကာ၊ တွေ့ရတာ လမင်းရဲ့ပမာ၊ ပဝင်းခဲ့တာ၊ ဖော်ကွာသူပန်းညှာ၊ မြန်းဖို့လန်းဆန်းလို့သာ၊ တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ပဲ ပျို့မျက်စိအောက်ရှေ့မှာ၊ ကိုကို့မျက်နှာ ရွှေပါးအပ်ကာ၊ သော်တာတိမ်ဖုံးစဉ်မှာ။)2

ကြည်ပြာပွင့်ဖူးညှာ၊ လန်းစင်တစ်ပြင်လုံးမှာ၊ ပျို့မောင်မလာလို့ စောင့်ရတာ၊ ခိုက်ခိုက်တုန်နေရှာ၊ သာယာချိုအေးစွာ၊ တေးသံကိုပေးကာ၊ ထွေးပိုက်ဦးမယ့် သက်လျာ၊ ဘာကြောင့်ပျို့ဆီမလာ။ 

တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ဘဲ ပျို့မျက်စိအောက်ရှေ့ပါ၊ ( ကိုကို့မျက်နှာ၊ မောင်မောင့် မျက်နှာ၊ ကြည်ကြည်လင်လင် ရွှင်ပြုံးကာ၊ တွေ့ရတာ လမင်းရဲ့ပမာ၊ ပဝင်းခဲ့တာ၊ ဖော်ကွာသူပန်းညှာ၊ မြန်းဖို့လန်းဆန်းလို့သာ၊ တစ်ကိုယ်ရည်တည်း လွမ်းစဖော်နေရာ၊ မကြာခင်ပဲ ပျို့မျက်စိအောက်ရှေ့မှာ၊ ကိုကို့မျက်နှာ ရွှေပါးအပ်ကာ၊ သော်တာတိမ်ဖုံးစဉ်မှာ။)2


Monday, October 4, 2010

လေနေတဲ့ စိတ်

အခုချိန်မှာ ဘာဖြစ်ချင်သလဲလို့ မေးလာခဲ့ရင် ရွာကို အမြန်ဆုံးပြန်ချင်တယ်လို့ ဖြေမိမှာပါ။ နေချင်စိတ်ကို လုံးဝမရှိတော့ပါဘူး။ ကဲ...ဒီလောက်တောင် ပြန်ချင်နေတာ ပြန်လေကွာ...ဆိုတော့လဲ ပြန်လို့မရပြန်ဘူး။ စိတ်တွေရှုပ်၊ စိတ်တွေညစ်ပြီး စိတ်ဓါတ်တွေကျနေပါတယ်။ တစ်ခါတလေတော့ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ ဂစ်တာတီးပြီး ကိုမွန်းအောင်ရဲ့သီချင်း တစ်ပုဒ်ကို ညည်းညူနေချင်မိတယ်။

“ ညရဲ့သန်းခေါင်ယံ အိပ်မပျော်သေးချိန်၊ ဂစ်တာလေးကို အဖော်ပြုရင်း တီးခတ်စဉ်၊ တိမ်ညိုတွေရယ် အုံကာမှိုင်းတော့၊ ကိုယ်လေ ရင်မှာပူပင်လာတယ် သောကပွေ...... ”

အဲဒီလို သီချင်းဆိုလိုက်ရရင်ပဲ ရင်ထဲမှာ တစ်ပိုင်းတစ်စတော့ အေးငြိမ်းသွားသလို ခံစားလိုက်ရမှာ ကျိမ်းသေပါတယ်။ ဒါပေမဲ့ ကျနေတဲ့စိတ်ကို သီချင်းအေးအေးလေးတွေဆိုနေရင် ဖြစ်ပါ့မလားလို့တွေးမိပြီး Rock သီချင်း ခပ်ပြင်းပြင်းလေးတွေ ဆိုချင်မိပြန်ရော....။ ကြည့်လေ...ဘယ်လောက်တောင် အပြောင်းအလဲ မြန်နေတဲ့စိတ်လဲဆိုတာ....။

ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဟယ်ရီလင်း၊ အာဇာနည်တို့ရဲ့သီချင်းတွေဆိုပြီး ပေါက်ကွဲ ပစ်လိုက်တယ်။ ရင်ထဲမှာ ဘာမှ မကျန်အောင် ဖွင့်ချပစ်လိုက်တယ်။ လက်ချောင်းလေးတွေ နာကျင် နေတဲ့အထိ.....အသံတွေ ကုန်ဝင်သွားတဲ့အထိ......ညစ်နေတာတွေ လန်းသွားတဲ့အထိပေါ့။ ပြီးမှ ကျားအေးအေးလေး မော့သောက်ချလိုက်မယ်။ မကောင်းဘူးလားဗျာ။ အင်း....ပြီးတော့မှ....

“ကမ္ဘာမြေအတွက် လာခြင်းကောင်းပါစေ၊ မွေးဖွားသန့်စင်လာ အဖေ၊အမေတို့သားလေး၊ ကြိုဆိုတယ် ဂြိုလ်တွေ၊နက္ခတ်တွေရယ်...............အဖေ၊အမေမျှော်လင့်ချက်၊ အဆုံးအဆမဲ့ သားငယ်ရေ၊ ကောင်းသော မနက်ဖြန်တွေ၊ယူလာနိုင်မလားဟေ့ ”




ဇော်ဝင်းထွဋ်ရဲ့သီချင်းလေးညည်း၊ ဂစ်တာကိုထမ်းပြီး ပြန်တော့မယ်။ သားလေးကြောင့် နွမ်းညစ်နေတဲ့ စိတ်တွေကို စိတ်ထဲမှာတင်ပဲ လျှော့ချလိုက်မိတယ်။ အားတင်းပြီး ဆက်နေရပါအုံးမယ်။ သားနဲ့အတူ ကစားခွင့်ရမယ့်နေ့တွေ ရောက်လာတော့မှာပါ။