
ဒီနှစ်က နည်းနည်းထူးပါတယ်။ ထူးတယ်ဆိုလို့ ကျွန်တော်တို့အဖွဲ့ သွားမကြည့်ကြဘူးလို့တော့ မထင်ပါနဲ့။ ဟဲ..ဟဲ..။ အကုန်လုံးနီးပါး သွားပြီးအားပေးကြပါတယ်။ လေးဖြူရဲ့ ပထမဆုံးပြန်ဆိုတဲ့ပွဲ ဖြစ်တာကြောင့်လည်း ထူးတယ် လို့ပြောရတာပါ။ အဲ..အဲ..လေးဖြူမပါရင်ကောလို့မေးလာခဲ့ရင်လည်း.......အင်း....သွားကြမှာပဲဗျ။
နောက်တစ်မျိုး ထူးတာကတော့ ဒီနှစ်ပွဲမှာ Ladies တွေ တော်တော်ပါလာကြတယ်ဗျ။ Lady ခေမာ၊ lady မျိုးအောင်၊ Lady မောင်ဘုန်း၊Lady ဝဏ္က နဲ့Lady ဥက္ကာ အကုန်ပါလာကြတယ်။ ပျက်ကွက်သူများကတော့ ကျွန်တော့် lady နဲ့ lady ချစ်တီးတို့ပါပဲ။ ကျွန်တော့် lady ကတော့ မီးဖွားခွင့်တင်ထားပြီး ချစ်တီးနဲ့ lady ချစ်တီး ကတော့ အားလပ်ရက် ရွာပြန်နေပါတယ်။
မီးပေါင်တွေကျနေလို့ မီးပေါင်ထပ်တင်နေတုံး ရိုက်လိုက်ရလို့ တခြားသူတွေမပါလိုက်ကြဘူး.....။
No comments:
Post a Comment