
“ သိရခက်တဲ့စိတ် ”
ဘဝမှာ
ခဏတာတွေ့ရပေမဲ့
ပျော်ရွှင်စရာတွေ နည်းပါး
ငြိုညင်စရာတွေသာ များနေခဲ့တယ်။
သိပ်ချစ်တော့
စိတ်ညစ်ရတယ်။
အနေမတတ်တော့
တွေရတတ်တယ်။
သဘောမသိပြန်တော့
ကျောထိခံရတယ်။
မရှောင်တိမ်းနိုင်ပြန်တော့
ဘောင်ဘင်ယိမ်းရတယ်။
ဒါတွေကို မေ့ပစ်
စိတ်သစ်လောင်းကာနေပြန်တော့
ငိုတစ်လှည့်၊ ရီတစ်လှည့်
ပြုံးတလှည့်၊ မဲ့တလှည့်နဲ့၊
ဆုံးဖြတ်ရလည်း ခက်စေခဲ့တယ်
…………ကွယ်………….
ဒီလိုနဲ့ပဲ သံသရာတွေလည်နေခဲ့တယ်။
ဇာနည် (၀၉၀၉၂၉)
1 comment:
မိုက်တယ်ဗျို့ ကဗျာလေးက
ဒါပဲဗျာ လူဘဝဆိုတာ ရေပွက်ပမာပဲ
အဲဒီခဏလေးမှာ ဘာလို့များ ပူပင်မှု့တွေ များပြားနေကြမှာလဲ
အဲဒီစိတ်ကို ထိန်းချုပ်နိုင်ရင် အကောင်းဆုံးပဲပေါ့ဗျာ
Post a Comment