May i be free from mental suffering!!!

Monday, January 4, 2010

Yatanarpon Web Portal

ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ National Web Portal ဖြစ် သော Yatanapon Portal အား ယခုနှစ် ဒီဇင်ဘာလ၊ ပထမပတ်မှ စတင် အကောင်အထည်ဖော်ခဲ့ပြီး သုံးပတ်အတွင်း ဖြစ်ပေါ်လာသော အဆိုပါ ဝက်ဘ် ပေါ်တယ်၏ဝက်ဘ်ဆိုက်လိပ်စာမှာ www.yatanarpon.com.mm ဖြစ်ပြီး ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် စတင် သုံးပြုနိုင်ကြပါပြီ။ နည်းပညာဆိုင်ရာကဏ္ဍများအတွက် ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုက တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။ ၄င်းပေါ်တယ်ကို အသုံးပြုလိုသောသူများအနေဖြင့် မှတ်ပုံတင်ပြုလုပ် ရမည်ဖြစ်သည်။ အမျိုးသားအဆင့်ဝက်ဘ်ပေါ်တယ်တွင် ဖတ်ရှုနိုင်သောသတင်းအချက်အလက်နှင့် ကဏ္ဍများမှာ မြန်မာနှင့်ကမ္ဘာ့သတင်းများ၊ အားကစားသတင်းများ၊ နည်းပညာသတင်းများ၊ စီးပွားေးရး၊ ရုပ်ရှင်ပညာ၊ ကျန်းမာရေးအစရှိသည့် သတင်းများအပါအဝင် စာအုပ်စင်ကဏ္ဍ၊ ဈေးဝယ်ကဏ္ဍ၊ အလုပ်အကိုင်ကဏ္ဍ၊ အခမဲ့ ကြော်ငြာ၊ တခြားသောကဏ္ဍပေါင်းစုံနှင့် သတင်း အချက်အလက်များ၊ နေ့စဉ် ရာသီဥတုခန့်မှန်းချက်များ၊ ဂိမ်း သုံးသပ်ချက်များ၊ ရန်ကုန်လမ်းညွှန်ကဲ့သို့ Yellow Pages များကိုလည်း စုံလင်စွာ လေ့လာအသုံးပြု ဖတ်ရှုနိုင်မည်ဖြစ်သည်။ သတင်းအချက်အလက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များနှင့် တေးသီချင်း များကိုလည်း ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့မြေပုံကိုလည်း အနီးကပ်ဆုံးလေ့လာ ကြည့်ရှုနိုင်မည့် google map နှင့် ပြည်တွင်းလမ်းညွှန်မြေပုံများ၊ ဒေသတစ်ခုချင်းစီ၏နာမည် ကြီးနေရာများကို လမ်းညွှန်ပေးထားသော city guide ကဏ္ဍကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။ ပြည်တွင်း ၏လူနေမှုကွန်ရက် social networking တစ်ခုဖြစ်လာသော အဆိုပါ ဝက်ဘ်ပေါ်တယ်ပေါ်တွင် ပါဝင်ထည့်သွင်း ထားသော သတင်းအချက်အလက်များ၊ ကဏ္ဍများအားလုံးကို ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပါဝင်ဆောင် ရွက်နေသော နည်းပညာကုမ္ပဏီတို့က နေ့စဉ်နှင့်အမျှ update များပြုလုပ်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။ yatanarpon Portal အား ယခုအချိန်တွင် Beta Version ဖြင့် ထုတ်လွှင့်ထားပြီး နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော version ဖြင့်အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

7 Day News မှ ကိုးကားမျှဝေပါသည်။

No comments: