May i be free from mental suffering!!!

Thursday, January 21, 2010

ဒုက္ခပေးတဲ့ Read more....


Blog စရေးကတည်းက Read More....ကို လိုက်လုပ်ကြည့်နေတာ အခုမှပဲ ရသွားပါတော့တယ်။ ကိုရန်အောင့် နည်းနဲ့စမ်းတယ်။ မရဘူး။ ကိုညီလင်းဆက်တို့၊ ကိုSatongodတို့ ရေးထားတဲ့ ဘလောဂ့် လမ်းညွှန်အတိုင်း လိုက် လုပ်ကြည့်တယ်။ ဒါလည်း မရပြန်ဘူး။ သိသမျှ နည်းပညာဘလောဂ့်တွေ လိုက်ဖတ်ပြီး လုပ်ကြည့်တော့လဲ မျက်စိတွေပြာလာပြီး လူကသာ မူးနောက်သွားတယ်။ Read More က တင်းခံနေတယ်။ ဒါနဲ့ ဆရာဘုန်းကို အကူအညီတောင်းပြန်တော့ သူလဲ လက်မှိုင်ချသွားပါတယ်။ ကျွန်တော့်ရဲ့ blog setting ကိုက တစ်ခုခုမှားနေတယ် ထင်ပါရဲ့။ ကျွန်တော်ကလည်း ရေးချင်တာပဲသိတာ။ နည်းပညာတွေ မသိပါဘူး။


အခုတော့ ရှာဖွေလေ၊ တွေ့ရှိလေပေါ့။ Blogger help ထဲ ဝင်ကြည့်တော့ သွားတွေ့တာပါပဲ။ အရမ်းလဲ လွယ်ပါတယ်။ HTML ကိုလည်း လုံးဝသွားပြင်စရာ မလိုပါဘူး။ နဂိုကတည်းက blogger.com က ပေးထား တာပါ။ " After the jump " လို့ခေါ်သလို " Jump breaks " လို့လဲ ခေါ်ပါတယ်။  Post အသစ်တွေကို Jump breaks လုပ်လို့ရသလို အဟောင်းတွေကိုလဲ လုပ်လို့ရပါတယ်။ မကြိုက်တော့လို့ ပြန်ဖျက်ချင်ရင်လဲ ရပါတယ်။

  1. Settings ထဲက Basic ကိုသွားပါ။ 
  2. Select post editor ကိုရှာပါ။ Updated editor ကို ရွေးပါ။
  3. ပြီးရင် Save လုပ်လိုက်ပါ။ ဒါဆိုရင် Posting ထဲမှာ Tool bar အသစ်ပြောင်းသွားပါလိမ့်မယ်။ (ကျွန်တော်က အရင်တုန်းက Old editor ကို ရွေးထားမိတော့ Latest features တွေ မရဘူး ဖြစ်နေ တာပေါ့။)
  4. ပြီးရင် Posting ထဲက New post မှာ စာဝင်ရိုက်လို့ ရပါပြီ။ စာရိုက်ပြီးရင် ကိုယ် Jump break ထားချင်တဲ့ နေရာမှာ Cursor ချလိုက်ပါ။
 


   5. အဲဒီ့နောက် အောက်မှာပြထားတဲ့ Jump break icon လေးကိုသာ Click လုပ်လိုက်ပါတော့။



       Read more... ရသွားပါပြီ။  မကြိုက်လို့ Edit လုပ်ချင်ရင်လဲ Jump break icon ကို Drag ဆွဲလို့ပြီး
       ကိုယ်ထားချင်တဲ့ နေရာမှာထားလို့ရပါတယ်။ Read more ကို ဖြုတ်ချင်ရင်တော့ Edit HTML ထဲက
       ကိုရှာပြီး Delete လုပ်လိုက်ပါ။
   6. Read more ဆိုတာကို မြန်မာလို “ဆက်လက်ဖတ်ရှုရန်” လို့ ပြောင်းချင်ရင်တော့ Layout ထဲ ဝင်ပြီး
       Page elements၊ ပြီးတော့ Body posts edit ကို နှိပ်ပါ။
   7. Configure blog posts ဆိုတဲ့ Box တစ်ခု ကျလာပါလိမ့်မယ်။
   8. Post page link text ကို ရှာပြီး မြန်မာလို ကိုယ်ကြိုက်ရာရေးထည့်ပြီး Save လုပ်လိုက်ပါ။

No comments: