May i be free from mental suffering!!!

Saturday, July 25, 2009

ကဗျာများ

“ ချစ်ဇနီးသို့”


စိတ်ကြောင့် စိတ်ဆင်းရဲခဲ့ရသည်မို့
စိတ်နဲ့သာ စိတ်ကိုဖြေရတော့တယ်။

ဘဝများ
ဝေးကွာနေကြရ
ကလေးတွေနဲ့ဇနီးမယား
ထားခဲ့ရ တစ်နယ်တစ်ကျေးဆီ။

ဝေးလွန်းလှတဲ့ မိုင်ပေါင်းများစွာမှာ
စိတ်ကို စိတ်နဲ့သာ ခေါ်ရ၊ထူးရ
ဝရုန်းသုံးကား ဆူညံသံတွေကြား
တယ်လီဖုန်းတွေ အသုံးမကျ။

လူတွေရှုပ်ထွေး
ကားတွေ ကြပ်ညပ်
လမ်းဖြတ်ကူးတိုင်းမှာ ရတနာသုံးပါးကို ရွတ်ဆိုမိရ
(ကျေးဇူးတင်စရာ)

ငွေပေါ့ကွယ်
သင်းကြောင့်ပေါ့
ငါတို့ဝေးကွာနေရတာ သင်းကြောင့်ပေါ့။

ဆူးလေဘုရားလမ်းကြီးကို ဖြတ်ကူးတိုင်း
ပြေးနေတဲ့ စိတ်ဟာ
ပြေးနေတဲ့ငွေနောက်
ပြေးပြီးတော့လိုက်နေရဲ့။ ။

ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း၊ဇန်နဝါရီလ၊၂၀၀၅

No comments: