May i be free from mental suffering!!!

Monday, July 27, 2009

ကဗျာများ

‘ ငါ...အနုလောမ...ပဋိလောမ ‘

ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမဲ့
ငါ့စိတ်ကို
ငါ့...အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကို ဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ...ငါ့မိတ်ဆွေတို့ရေ...
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ...သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါ့သိက္ခာအပြည့်အဝနဲ့။ ။

ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း၊ဇန်နဝါရီလ၊၁၉၉၃။

No comments: