
(၆၂)ကြိမ်မြောက်အာဇာနည်နေ့
မနက်ဖြန်ဟာ ကျွန်တော်တို့ မြန်မာပြည်သူ၊ပြည်သားတွေအတွက် ဘယ်တော့မှမမေ့အပ်တဲ့၊ အလွန်ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ အဲဒီ့နေ့ကတော့ (၁၉.ရ.၂၀၀၉)မှာ (၆၂)ကြိမ်ပြည့်မြောက်မယ့် အာဇာနည်နေ့ဖြစ်ပါတယ်။
ဒီနေ့မှာ ကျွန်တော်တို့တစ်တွေ ချစ်ခင်လေးစားရတဲ့၊ ယုံကြည်အားထားရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို
မသမာသူ လူအချို့က လုပ်ကြံသတ်ဖြတ်သွားပါတယ်။ ဘယ်လိုမှ တန်ဖိုးဖြတ်မရတဲ့၊ ကြီးမားတဲ့ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပါတယ်။
အများသူငါအတွက် ကိုယ်ကျိုးမဖက် အသက်စွန့်ဝံ့သူ၊ ဖြောင့်မတ်သောသူ၊ ရဲရင့်သောသူ၊ မှန်ကန်သောလမ်းအား လမ်းပြပေးနိုင်သူ၊ လူအများရှေ့၌မားမားရပ်ခါ ခေါင်းဆောင်မှုပေးနိုင်သူ......
ဤသူအား အာဇာနည်လို့ခေါ်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါတယ်။ ။
No comments:
Post a Comment