May i be free from mental suffering!!!

Tuesday, April 13, 2010

ပြည်သူ့ဂုဏ်ရည်

မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း ၊လူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို ပြည်သူ့ဂုဏ်ရည်ဆု ( Citizen of Burma Award )ချီးမြှင့်ရန် အွန်လိုင်း နှင့် အီးမေးများမှ တင်သွင်းပေးရန် မတ်လ(၂၄)ရက်နေ့ကစတင်၍ ဖိတ်ခေါ်ခဲ့ပါသည်။

မတ်လ(၂၄)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အတွင်း ပြည်သူ့ဂုဏ်ရည်အမည်စာရင်းတင်သွင်းသူ (၂၄)ယောက် အနက် ထပ်မံ၍ ဆန္ဒမဲပေးခဲ့ရာ ယခုအခါ အောက်ဖော်ပြပါအမည်ရှင် (၅)ဦးသာ ဇကာတင်ကျန်ရှိပါသည်။
  • ကိုကျော်သူ
  • ကိုဇာဂနာ
  • ရှင်ညာဏိဿရ(သီတဂူဆရာတော်)
  • မဖြူဖြူသင်း
  • ဦးအေးမြင့် တို့ဖြစ်ပါသည်။
ယခု ဧပြီလ(၁၂)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း မိမိတို့ဆန္ဒရှိသောသူ တစ်ဦးဦးကို ဤ  link  မှတဆင့် သွားရောက်၍ ဆန္ဒမဲပေးနိုင်ပါသည်။ ဆန္ဒမဲအများဆုံးရရှိသောသူကို ဧပြီလ(၂၄)ရက်နေ့တွင် ကြေငြာပြီး ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

P.s - ပြည်သူ့ဂုဏ်ရည် website မှ ကိုးကားဝေမျှပါသည်။

No comments: