May i be free from mental suffering!!!

Tuesday, April 6, 2010

တိမ်ပြာပြာနေ့တစ်နေ့ Friday မှာကွယ်.....

Good friday နေ့က Khatib MRT station နားမှာရှိတဲ့ Lower seletar reservior park မှာ ကျွန်တော်တို့ရဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ မောင်ဘုန်းနဲ့မျိုးမျိုးတို့က မင်္ဂလာပွဲအထိမ်းအမှတ်ဧည့်ခံကျွေးမွေးပါတယ်။ (မောင်ဘုန်းဆိုတာ ကျွန်တော့်ရဲ့ Blog ဆရာပါ။) ရုံးပိတ်ရက်လဲဖြစ်နေတာမို့ အပေါင်းအသင်းတွေ တော်တော် စုံပါတယ်။ နေရာထိုင်ခင်းလေးကလဲ အရမ်းစိတ်ကြည်နူးဖို့ကောင်းပါတယ်။


မောင်ဘုန်းနဲ့မျိုးမျိုး

မင်္ဂလာမောင်နှံ စတော်ဘယ်ရီစားနေကြစဉ်


ကင်မရာယူဖို့ကြည့်မိတော့ ဘက်ထရီက အားကုန်နေပါတယ်။ ဒီပုံလေးတွေတောင် မချိုနွယ်သောင်း ပို့ပေး လို့ ရလိုက်တာပါ။ ကျွန်တော်ကတော့ စားလိုက်၊သောက်လိုက်၊တီးလိုက်ပေါ့။


သူငယ်ချင်းများပျော်ပျော်ပါးပါး

“ တိမ်ပြာပြာ နေ့တစ်နေ့ Friday မှာကွယ်.....မင်္ဂလာဆောင်ပွဲလေးကျင်းပနေတယ် ....ပျော်ရွှင်စရာ လေးပေါ့ချစ်တဲ့သူရယ်.....သူများကိုအားကျမိတယ်....အချစ်ကလေးရယ်....ဘယ်လိုလဲပြော....” ဆိုတဲ့ သီချင်းလေးကို ဝိုင်းပြီးဆိုကြတဲ့ အသံတွေက Khatib ရေကန်ကြီးတဝိုက် ပျံ့လွင့်နေပါတော့တယ်။

သူငယ်ချင်းတို့နှစ်ယောက် အိုအောင်မင်းအောင်ပေါင်းကြရပါစေလို့ ဆုတောင်းပေးပါတယ်။

2 comments:

ပန်းခရမ်းပြာ said...

အယ် ... ပုံတွေ လှလိုက်တာ ... ကင်မရာ သမား တယ်တော် ပါလား ..

လေပြေသွေး said...

ရိုက်ချင်ရင်ပြောလေ.....ခေါ်ပေးမယ်။