May i be free from mental suffering!!!

Monday, April 12, 2010

Water festival 2010 @ Hillview

နှစ်သစ်ကူးတဲ့ သင်္ကြန်ပွဲလေးကို သူငယ်ချင်းတွေနဲ့အတူ Hillview မှာ ပျော်ရွှင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ပါတော့မယ်။ တစ်နှစ်နဲ့တစ်နှစ် အချိန်တွေကုန်မြန်လိုက်တာ။ စုမိ၊ ဆောင်းမိတာဆိုလို့ အသက်တွေပဲရှိပါတယ်။ အသက်တွေ ပြန်ရောင်းလို့ရရင် သိပ်ကောင်းမှာပဲ။ “ ယူကြ အုံးမလား....တစ်ရာဖိုး ဆယ်နှစ် ” လို့သာ အော်ရောင်းချင်နေမိတယ်။

သင်္ကြန်မှာ ရေပက်ကြတယ်ဆိုတာ နှစ်ဟောင်းကအညစ်အကျေးတွေ နှစ်သစ်ကိုမပါလာစေဖို့ ရေနဲ့ ဆေး ကြောပစ်ကြတာလို့ ဆိုကြတယ်မဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ အားလုံး ထက်ပိုပြီး သန့်စင်သွားတယ်လို့ ဆိုရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေက ရေနဲ့ပက်တယ်။ လောင်းတယ်။ ဟုတ်တယ်ဟုတ်။ ဒါပေမဲ့ ကျွန်တော်တို့တတွေကတော့ ရောက်လာတဲ့သူတိုင်း ရေကူးကန်ထဲ ဝိုင်းပြီးတွန်းချကြတယ်။ ဒါကြောင့် ပိုသန့်သွားတယ်လို့ ပြောရတာပါ။


အတွေ့အကြုံရှိတဲ့သူများကတော့ အဝတ်အစားအပိုတွေ ထည့်လာပါတယ်။ ပြီးတော့ ဝိုင်းပြီး ရေထဲ တွန်းချ တာကို မခံဘဲနဲ့ အလိုက်သိသိ ရေကန်ထဲ ခုန်ဆင်းကြလေရဲ့။ အတွေ့အကြုံမရှိတဲ့သူတွေကတော့ ခံရတာပေါ့ဗျာ။ နာရီတွေ ရေစို၊ ဖုန်းတွေ ရေစိုကုန်တာပေါ့။ ၂၀၀၈ သင်္ကြန်တုန်းက ကျွန်တော်တို့ လင်မယားနှစ်ယောက် ခံလိုက်ရတယ်။ Passport ရော၊ ဖုန်းရော ရေတွေစိုကုန်တာပေါ့။ ဘာပဲဖြစ်ဖြစ်ပါ။ တကယ်ပျော်စရာကောင်းပါတယ်။

ပန်းခရမ်းပြာလဲ ရေတွေစိုနေလေရဲ့။
မုန့်လုံးရေပေါ်လဲ ပါတယ်။
ဟော့ဒီလို သင်္ကြန်ထမင်းလဲ ကျွေးပါသေးတယ်။ သောက်စရာတွေကတော့ တစ်ပုံတလင်ပေါ့။
သရက်သီးသုတ်နဲ့ရွှေကြည်ဆနွင်းမကင်းပါ။

အားလုံးပဲ နှစ်သစ်မှာ ပြုံးပျော်၊ရွှင်မြူးနိုင်ကြပါစေ..........

P.s(ကျွန်တော်ကတော့ မပျော်နိုင်ပါဘူး။ ဖုန်းပျောက်သွားလို့ပါ။)

3 comments:

စိုင်းစိုင်း said...

အင်း ၂၀၀၈ မှာ စိုင်းစိုင်းလဲ ရေထဲ ၀ိုင်း တွန်းချတာ ကို အသာတကြည် မလိုက်နာ လို့  ကျောပိုးအိပ်ရော လူရော ရေထဲ ရောက်သွား တာ ကင်မရာ နဲ့ ဖုန်း အသစ် ၀ယ်လိုက်ရတာ အမှတ်တရပေါ့...ဘာပဲဖြစ်ဖြစ် ပျော်ရွှင် ခဲ့ရတဲ့ နေ့ လေး တနေ့ပါပဲ...

ပန်းခရမ်းပြာ said...

အသက် $50 ဘိုးလောက် ၀ယ်ချင်လို့ ..

မဗေဒါ said...

အော်ဖုန်းပျောက်တာများ
လှမ်းမှာပေါ့.. စိတ်မညစ်နဲ့ ဘာဖြစ်ဖြစ်
စိတ်မညစ်နဲ့... ။ သီချင်းဆိုလည်းဝါသနာပါလို့ပါ..။

ပျော်နိုင်ပါစေ..

မဗေဒါ