စင်္ကာပူအရှေ့ဖျားမှာရှိတဲ့ Pulau Ubin ကျွန်းကလေးကို အလုပ်သမားနေ့(၁.၅.၂၀၁၀)မှာ သူငယ်ချင်းတွေ စုပြီးသွားခဲ့ပါတယ်။ ပထမတော့ သွားဖို့ အစီအစဉ်မရှိပါဘူး။ ကောက်ခါငင်ကာ စီစဉ်လိုက်ရတာပါ။ အော်.... ဖြစ်ပုံများပြောပါတယ်။ အလုပ်ကလေး နှစ်ရက်ပိတ်လို့ အေးအေးဆေးဆေးနှပ်မလို့ ကြံပါတယ်။ မအေးဆေး လိုက်ရပါဘူး။ ကျွန်တော်တို့တစ်တွေများ အလုပ်ပိတ်တော့မှ ကိုယ့်ဒုက္ခကိုယ်ရှာပြီးတော့ ပိုပြီး ပင်ပန်းနေသ လိုပဲ။ (တကယ်လဲ ပင်ပန်းပါတယ်။ အလုပ်ဖွင့်ရက်တွေကမှ သက်သာသေးတယ်။)
Departure @ Changi Village
ကဲ..ကဲ..သွားကြမယ်လဲဆိုရော ကိုမျိုးအောင်က ဂစ်တာယူလာခဲ့ပါဆိုပြီး အမှာတော်ဆက်သမို့ ကျွန်တော် ကလဲ သိပ်ပြီးမယူချင်ရှာပါဘူး။ ဂစ်တာအိတ်ကို တမ်းဆွဲပါတယ်။ တစ်ခါမှလဲ မရောက်ဘူးတော့ ကျွန်း အကြောင်းလဲ မသိပါဘူး။ စက်ဘီးနင်းရမှာကိုတော့ သိတယ်။ ဒါပေမဲ့ စက်ဘီးစီးသွားပြီး အရိပ်ကောင်း တဲ့နေရာလေးရောက်ရင် နားပြီး အရင်ကလို စားကြ၊ သောက်ကြ၊ ဂစ်တာတီးပြီး သီချင်း ဆိုကြမယ်ထင်တာ ပေါ့။ ဘယ်ဟုတ်ပါ့မလဲ။ တစ်နေကုန် ဂစ်တာကြီးလွယ်ပြီး စက်ဘီးစီးလိုက်ရတာပဲ အဖတ်တင်ပါတယ်။ အခုထက်ထိ တင်ပါးတွေ ကြိမ်းနေတုန်းပဲ။
ီ
" Pulau Ubin အဝေးမှ လှမ်းမြင်ရစဉ် "
" မာလိန်မှူးကြီး "
" သူငယ်ချင်းတွေ "
ကျွန်းပေါ်ရောက်တော့ နေ့လည်(၁)ချက်တီးတော့မယ်။ လူစုပြီဟေ့ ဆိုတာနဲ့ ဘယ်သူ့လှမ်းမေးမေး " on the way " ပဲ။ နာရီဝက်ကြာလို့ လှမ်းမေးရင်လဲ on the way " ပဲ။ " on the way " ကနေ မတက်တော့ ဘူး။ ဟိုလူ့စောင်ရ၊ ဒီလူ့စောင့်ရနဲ့။ လူစုနေရတာနဲ့ အချိန်တွေကုန်နေတာပါပဲ။ Departure ရောက်တော့ မှ သူငယ်ချင်းဇနီးမောင်နှံက Praking ရှာမရလို့ လှည့်ပြန်သွားရတယ်။ ပိတ်ရက်ဆိုတော့ ကျွန်းကို လာကြ တဲ့ သူတွေ အတော်များတယ်။
“ ဂီယာပါတာလေး ရှာငှားမှပဲ။ ”
" မသွားခင် နည်းနည်းချထားလိုက်အုံးမှ....."
အမှန်တကယ်တော့ Riding bicycle in Jungle ပါပဲ။ တောလမ်းကြမ်းကြမ်းတွေရှိသလို ကတ္တရာခင်းထား တဲ့လမ်းတွေလဲ ရှိပါတယ်။ Ferry ဆိပ်မှာ စက်ဘီးငှားဆိုင်တွေနဲ့စားသောက်ဆိုင်တွေ ရှိပါတယ်။ တစ်ကျွန်း လုံးမှာမှ လူနေအိမ်ဆိုလို့ လေး၊ငါးအိမ်လောက်ပဲရှိပြီး soft drink လေးတွေ ရောင်းပါတယ်။ ကျွန်တော်တို့ တစ်တွေကတော့ တွေ့တဲ့ဆိုင်မှာ ဘီယာဝယ်သောက်လိုက်၊ စက်ဘီးနင်းလိုက်ပေါ့။ ကုန်းမြင့်မြင့်လေးတွေ တွေ့တော့လည်း တွန်းကြရတာပေါ့။ တစ်နေ့လုံး ဘယ်စီးနိုင်ပါ့မလဲ။ အသက်တွေက စကားပြောလာပြီ မဟုတ်လား။
“ ဒီလောက်တော့ အပျော့ပေါ့ ”
“ အဆင်းကတော့ ခပ်လန်းလန်းပါပဲ။ ”
“ အင်း...သိပ်မရချင်တော့ဘူး။ သူတို့ရှေ့မှာတော့ မာန်တင်းပြီးနင်းမှပဲ....”
“ မတတ်နိုင်တော့ဘူး။ အသက်တွေက စကားပြောတယ်လေ ”
“ ကိုယ့်ဒုက္ခကိုယ်ရှာနေကြပါလား။ ငါတို့ပဲအေးတယ်။ ”
“ ဟယ်တော်....သူများတွေမိသွားပြီ ”
“ ဟယ်တော်....သူများတွေမိသွားပြီ ”
သူငယ်ချင်းတချို့လဲ စက်ဘီးစီးပြီး ဝိတ်လာချကြတာ တွေ့လိုက်ရတယ်။ တနေကုန် စက်ဘီးနင်းလိုက်ကြ တာ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲတော့မှ ပြန်ဖို့သတိရလာကြတယ်။ နာရီကြည့်လိုက်တော့ (၆)နာရီ ထိုးတော့မယ်။ ဒါတောင် ရေတွေ့ရင် မနေနိုင်တဲ့သူတွေက ရေဆင်းကူးကြ သေးတယ်။ ကျွန်တော်ကတော့ အပူရှပ်မှာစိုးလို့ ရေထဲမဆင်းတော့ဘူး။ ဘာပဲဖြစ်ဖြစ် ပျော်စရာကောင်းပါတယ်။ တစ်ပါတ်လုံးလုံး အလုပ် တွေထဲမှာ Pressure တွေ၊ stress တွေနဲ့သာ ကြုံတွေ့နေကြရတာမို့ အခုလိုသွားလိုက်ရတော့ ခန္ဓာကိုယ် ပင်ပန်းပေမယ့် စိတ်ရွှင်လန်းသွားပါတယ်။ စိတ်သာ အဓိကပါ။ စိတ်ပျို ကိုယ်နုလို့ဆိုကြတယ် မဟုတ်လား။
မှတ်ချက်။ ။ Oliver တော့ အပူရှပ်ပြီး ဖျားနေလေရဲ့။
5 comments:
ပင်ပန်းလိုက်တာ။ မလိုက်ဖြစ်တာ ကံကောင်း သွားတယ်။ ဓာတ်ပုံတွေထံမှာတော့ ပျော်စရာကြီး။ မလေးရှား သွားဘို့ အမြန် စီစဉ်ပါ။
အင်း ပျော်စရာကောင်း တဲ့ ပိတ်ရက် လေး အကြောင်းလာဖတ်သွားပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အတိတ်ကအဟောင်းတွေတောင်အသစ်ဖြစ်သွားတယ်.း)
ကျမ ကတော့ စက်ဘီးမစီးတတ်တော့မျက်နှာငယ်လိုက်တား(
မချို,မရွှေစင်ဦးနဲ့မလင်းပြာတို့ အားလုံး မင်္ဂလာပါခင်ဗျား။ လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း.......
Visited. It's kind of fun looking at the photos.
Post a Comment