May i be free from mental suffering!!!

Sunday, May 30, 2010

သားတော်မောင် တစ်နှစ်ပြည့်ပြီ....


မျှော်လင့်ထားတဲ့ မေသုံးဆယ့်တစ်မှာ မင်းရောက်လာခဲ့တယ်။
ကောင်းကင်တခွင်လုံး လင်းလက်တောက်ပလို့ပေါ့။
သေးငယ်တဲ့အိမ်ကလေးထဲ ခြေကွေး၊လက်ကွေး
ကိုးလကြာနေခဲ့ရတော့ ပင်ပန်းနေရှာမှာပေါ့။
………..မင်းရောက်လာခဲ့ပြီပဲကွာ……….
မင်းရဲ့နေ့သစ်တွေကို အစွမ်းကုန်ထုဆစ်လိုက်ပါ။
မင်းရဲ့အတောင်ပံတွေကို ဖြန့်ကားပျံသန်းလိုက်ပါ။
မင်းအနားမှာ ငါတို့ဝိုင်းရံနေမှာပေါ့။

ဇာနည်(၁၀၀၅၃၀)

4 comments:

သိင်္ဂါကျော် said...

ချစ်စရာလေး.. မျက်လုံးဝိုင်းကြီးနဲ့
ကြီးရင်လည်း ချောမယ့် ပုံပဲ.. :)

လေပြေသွေး said...

ကျေးဇူးတင်ပါတယ်...သိင်္ဂါကျော်။

အိအိခိုင်လေး said...

ကလေးလေးက တအားကို ချစ်ဖို့ ကောင်းတာဘဲ

လေပြေသွေး said...

ကျေးဇူးတင်ပါတယ်....မအိအိခိုင်လေး ခင်ဗျား။