May i be free from mental suffering!!!

Sunday, October 25, 2009

အဲဒီ့ညက မိုးတွေရွာနေတယ်။



အဲဒီ့ညက မိုးတွေရွာနေတယ်။

ခေါက်ရိုးကျိုးနေတဲ့ အဖြစ်အပျက်ထဲ
မောက်မှားရောက်လာခဲ့သူကို
သံစဉ်ပျက် ချစ်ခြင်းတွေနဲ့
တတ်သိမှတ်ရာ ပညာတွေလဲပေးဝေခဲ့တယ်။
အဲဒီ့ညက မိုးတွေရွာနေတယ်။

ကာရံမှားနေတဲ့ ဘဝက
လက်ပြမနှုတ်ဆက်ဘဲ
တိတ်တဆိတ်ထွက်ခွာတော့မယ့်
ဒါဏ်ရာရ နှလုံးသားကိုတောင်
ဝိုင်သောက်ပြီး မြီးချင်နေသေးသတဲ့။
အဲဒီ့ညက မိုးတွေရွာနေတယ်။

မျှော်လင့်ခြင်းကွင်းပြင်တွေ နောက်ကျန်ရစ်
ဝေးကွာခြင်းတွေ အသားကျ
ခြောက်ခမ်းသွားတဲ့ အိမ်မက်မြစ်ထဲမှာ
ဗလာမဲ့ ရင်ခွင်ကို ပိုက်ထွေး
သိခြင်းမဲ့ စိတ်အစဉ်တွေနဲ့
လှမ်းလျှောက်လာခဲ့မိတယ်။
အဲဒီ့ညက မိုးတွေရွာနေတယ်။

ဇာနည် (၀၉၁၀၂၄)

မျှော်လင့်ခြင်းကွင်းပြင် - အငဲသီချင်း
ခြောက်ခမ်းသွားသော အိမ်မက်မြစ် - ဇော်ဝင်းထွဋ်သီချင်း

1 comment:

ပန်းခရမ်းပြာ said...

လက်သံပြောင်လှချည်လား ရွာစားရဲ့... အဲ... ဇာနည်ရဲ့..
မိုးရေထဲမှာ အအေးမိနေဦးမယ်။
ံH1N1 ဒီမှာ ရျိနေတုန်းပဲ ...
ကဗျာလေး ကောင်းတယ်။
ခံစားချက်ရင့်လေ... ကာရန်ရှာတွေ့လေပဲနော.... ကိုယ်တွေ့...