May i be free from mental suffering!!!

Thursday, October 29, 2009

ဆိပ်ကမ်း

ဆိပ်ကမ်း

ပင်လယ်တစ်ခုလုံး
လှိုင်းတွေမရှိ
စပယ်ပန်းတွေအပြည့်။

သက်တံလှေက
ကမ္ဘာ့ရေမြေတောတောင်မကျန်
ချစ်ခြင်းမေတ္တာကိုတင်ဆောင်။

ဆိပ်ကမ်းမှာတော့
အမုန်းမရှိ
စစ်ပွဲမရှိ
တရားရပြီးမှ
ထပ်မံငြင်းခုန်စရာတရားမရှိ။ ။

သုခမိန်လှိုင်

No comments: